အခန်း ၃၉

194 24 0
                                    

ယွမ်ကျန်း၏အမူအရာမှာလည်း ဆိုးရွားနေသည်။ သူစီစဥ်ထားသမျှအားလုံးမှာ အလဟဿဖြစ်သွားခဲ့မည်ဟု  မထင်ထားခဲ့ပေ။ ယခု၌ လျောင်ထင်ယန့်သည် သူ့အား အမှန်တကယ်ပင် သစ္စာဖောက်သွားပြီဖြစ်ကြောင်း သံသယမရှိ ယုံကြည်သွားခဲ့လေပြီ။

"သူက တကယ့်ကို သတ္တိရှိလွန်းတာပဲ။ အရင်က ငါအခေါ်ကို သူမလာခဲ့သလို သတင်းတွေကိုတောင်မပို့တော့ဘူး။ အခု သူက ငါ့စာကိုတောင်ဂရုမစိုက်ဘဲနေတယ်။ ငါသူ့ကိုသင်ခန်းစာပေးမှ ရတော့မယ်"

မီးခိုးရောင်ဝတ်ရုံကို ဝတ်ထားသော ယောက်ျားမှာ ဒေါသထွက်နေ၏။

ယွမ်ကျန်းသည် တည်ငြိမ်သောမျက်နှာထားဖြင့်နေပြီး သူ၏လက်ထဲ ခေါင်းလောင်းသုံးခု ရှိနေသည်။ သူသည် ခေါင်းလောင်းကြိုးများကို အချိန်အကြာကြီး လှုပ်ခါခဲ့သော်လည်း မည်သူမှ ရောက်လာသည်ကို မတွေ့ခဲ့ရ။ ထို့ကြောင့် သူသည် နှာမှုတ်ကာ ခေါင်းလောင်းတစ်လုံးအား တိုက်ရိုက်ဖျက်ဆီးပစ်လိုက်သည်။

ခေါင်းလောင်းကြိုးများမှာ လျောင်ထင်ယန့်၏အဖော်ဖြစ်သည်။ သူ့ကိုယ်ထဲရှိ အရိုးဆွေးအဆိပ်သည် မိစ္ဆာအတတ်တစ်မျိုးပင်။ မိစ္ဆာနယ်မြေထဲ၌ လူအများအပြားမရှိကြ၍ မကြာခဏပင် သူတို့သည် ဤလောကမှကလေးငယ်များကို မှောင်ခိုထုတ်ကာ သူတို့အား ကလေးဘဝမှစတင်၍ ကျင့်ကြံစေသည်။ ထိုလူများသည် ကျင့်ကြံရေးလောက၌ ကျောင်းတော်များစွာ၏သူလျှိုများအနေဖြင့် စီစဥ်ခံကြရသည်။ အရေးကြီးဆုံးအရာမှာ သစ္စာရှိမှုပင်။ ထို့ကြောင့် သူတို့သည် ငယ်စဥ်ကတည်းက ကလေးများ၏ခန္ဓာကိုယ်ထဲတွင် မိစ္ဆာအတတ်တစ်မျိုးကို အခိုင်အမာတည်ထားခဲ့ကြပြီး ခေါင်းလောင်းမှာ သယ်ဆောင်ပေးသောအရာပင်ဖြစ်သည်။ နှစ်ပေါင်းများစွာကြာပြီးနောက် ထိုခေါင်းလောင်းမှာ သူတို့အတွက် အဖော်များဖြစ်လာကြသည်။ ဤခေါင်းလောင်းဖြင့် သေခြင်းရှင်ခြင်းမှာ တခြားသူ၏လက်ထဲရောက်သွားပြီး ဤအတတ်အားလုံးလုံးဖယ်ထုတ်ပစ်ရန်လည်း လွန်စွာခက်ခဲလှသည်။ အမြဲလိုလို အရိုးဆွေးအဆိပ်နှင့်စိုက်ခြင်းဖြင့် ထိုသူသည် မိစ္ဆာနယ်မြေနှင့် သခင်ကို ဘယ်သောအခါမှ သစ္စာဖောက်နိုင်မည်မဟုတ်တော့ပေ။

အရှင်သခင်အား ငါးဆားနယ်တစ်ကောင် ဆက်သခြင်း (မြန်မာဘာသာပြန်)Where stories live. Discover now