part-9 (🔞)

2K 118 19
                                    

"ဒါကိုသောက်လိုက်"

ခုံထက်္မှာ ဆံနွယ်တွေ ဖားလျားကျနေလျက်
နှင်းဆီပွင့်ဖက်တို့က သူမခြေရင်းနဲ့ ရင်ညွန့်ပေါ်မှာ အလွှာလိုက် ပြန့်ကျဲနေသည်။
ဖြူနှစ်သောအသားရည်က မှောင်နက်နေသော အခန်းထဲမှာ ထင်းကျနေ၏။

ပိတ်ထားသောမျက်၀န်းလွှာတို့က မပွင့်
သို့ပေမယ့် အမိန့်ပေးသံသဲ့သဲ့မှာ သူမနှုတ်ခမ်းလွှာတို့ ပွင့်အံလာသည်။

တစ်ခုခုကိုအားယူပြောဖို့ကြုးိစားပေမယ့်မရ
လုံး၀အိပ်ငွေ့ချခံရသူပမာ အနည်းငယ်သာကိုယ်ကိုလှုပ်ရှားနိုင်သည်။

နှုတ်ခမ်းနားထိ အေးစက်သော အထိတွေ့နှင့် စိမ်းရွှင်သောအနံ့ကို စူးကနဲ၀င်ရောက် လာသည်။

"ဟင့်အင်း"

သူမအားယူကာ ခေါင်းကိုရမ်းတော့ ရယ်သံသဲ့သဲ့ကြားလိုက်ရသည်။
စားပဲွထက် ခွက်ကို စောင့်ချလိုက်ဟန် ပစ္စည်းအချို့လဲပြိုသံကိုပါ ဆက်တိုက် ထပ်ကြားလိုက် ရသည်။

"အဟင့် "

ညည်းညူရုန်းကန်နေသော သူမကို လွင်ပြင် အရသာခံကြည့်နေမိသည်။
စိတ်ဓာတ်မာ တဲ့ မိန်းကလေး ဒီလို အနေထားမှာ သူမ သတိကပ်နေနိူင်သေး၏။

ကြေးနီရောင်ပျပျရှိသော ခွက် ထဲက သွေးတွေကို ကြည့်ရင်း လွင်ပြင် ပြုံးလိုက်သည်။
ထို့နောက် သွေးတွေကို ပါးစပ်ထဲငုံလိုက်ရင်း
ပွင့်အာလျက်ရှိသောသူမနှုတ်ခမ်းတွင်းသို့ ၀င်ရောက်စေလိုက်သည်။

"အွန့်!!!"

ဘုံ့ရဲ့ နှုတ်ခမ်းထက်ကနေ သွေးတချို့တ၀က်
ဒီအတိုင်း ကျဆင်းလာသည်။
သူမနှုတ်ခမ်းတို့ဟာ အေးစက်သောအရာနှင့် မဟုတ်တော့ပဲ ပူနွေးစိူစွတ်သောအထိတွေ့မှာ ကျရောက်နေပြီဖြစ်တာကို
သိလိုက်ပေမယ့် အော်ဂလီဆန်စရာအရသာကြီး ၀င်လာတာကြောင့် လူးလွန့် ရုန်းကန်မိသည်။

သိူ့ပေမယ့် သူမရဲ့ ခေါင်းကို လက်နှစ်ဖက်
ဖြင့် ထိန်းချုပ်ကာ နှုတ်ခမ်းလွှာနှစ်ခု ထိကပ်နေဆဲပင်

ပူနွေးစိုစွတ်သော အရည်တချို့ ကုန်စင်သွားပေမယ့်သူမ နှုတ်ခမ်းဟာ မလွတ်မြောက်နိုင်သေး

မာယာကျော့ရှင် (1930)Where stories live. Discover now