အပိုင်း ၂၆

462 54 14
                                    


ယနေ့မနက်ခင်း တက်လာသည့်သတင်းကြောင့် တစ်နိုင်ငံလုံး အုတ်အော်သောင်းနင်း ဖြစ်နေလေသည်။

အချစ်ရေးနှင့်ပတ်သပ်၍ မည်သည့်အခါမျှ သတင်းမထွက်ခဲ့သူ နိုင်ငံကျော် Dominant Alpha ကြီးက တရားဝင်လက်ထပ်လိုက်ပါပြီတဲ့။ကောလဟာလမဟုတ်သော ထိုသတင်းက သူ့ကိုယ်ပိုင်Accမှာ လက်ထပ်စာချုပ်အား ကိုယ်တိုင်တင်ထားလေသည်။

လခြမ်းငယ်ငယ် ဆိုသောထိုနံမည်က စိမ်းသက်လွန်းလှ၍ မသိသူမရှိသလောက်ပင်။မြင်ဖူးသူမရှိသည့်ထိုကံကောင်းသူလေးက Omegaလေးများ၏ အားကျခြင်းရော မနာလိုခြင်းပါခံနေရလေသည်။

ထင်မြင်ချက်အမျိုးမျိုးဖြင့် ထိုသတင်းက သုံးရက်ကြာသည်အထိ အရှိန်မသေသေး။ပေါ်တင်ဆွေးနွေးကြသူများရှိသလို Alphaကြီးကိုကြောက်၍ တိုးတိုးတိတ်တိတ်ဆွေးနွေးသူများလည်းရှိသည်။

လက်မခံနိုင်သူတစ်ချို့က သူတို့ Alphaကြီး တစ်ခုခုနှင့် အကြပ်ကိုင်ခံရ၍သာ ယခုကဲ့သို့ လူသိထင်ရှား ထုတ်ဖော်ကြေငြာရကြောင်း သူ့ဘက်ကစိတ်ပါဝင်စားမှုမရှိ၍သာ လူသူမသိသည့် ထိုOmegaလေးအား အားလုံးနှင့်မိတ်ဆက်မပေးလာတာဖြစ်ကြောင်း လက်ထပ်စာချုပ်သာထုတ်ပြလာပြီး မဂ်လာပွဲအခြေအနေမမြင်ရသောကြောင့် ပြီးစလွယ်အခြေနေနှင့်သာလက်ခံထားရသော တန်ဖိုးထားမခံရသည့် သာမာန်Omegaလေးသာဖြစ်ကြောင်း ထင်မြင်ချက်များထုတ်နေလေသည်။

တစ်ချို့ထင်မြင်ချက်များက လက်သင့်ခံစရာကောင်းသောကြောင့် လူတစ်ချို့၏ သို့လောသို့လော အတွေးများက အမှန်တရားတစ်ခုပင်ဖြစ်လာနေလေသည်။

တစ်ချို့ကြတော့လည်း သူတို့ Alphaကြီးကို ဘယ်လိုလူမျိုးကမှ ခြိမ်းခြောက်နိုင်စွမ်းမရှိခြင်းကြောင့် ယခုကိစ္စမှာ Alphaကြီး၏သဘောထားအမှန်ပင်ဖြစ်နိုင်ပြီး ထုတ်ဖော်ပြသလာခြင်းမရှိသေးသည်မှာ အကြောင်းရင်းရှိနိုင်ကြောင်း ထင်မြင်ကြလေသည်။

Horizon ဆေးရုံ၌လည်း စူးစမ်းသူများနှင့်ပြည့်နေပြီး အရင်လတွေအတွင်း ထိုAlphaကြီးနေ့တိုင်းရောက်လာတတ်သောကြောင့် ယခုလက်ထပ်လိုက်သူမှာ ဆေးရုံမှတစ်ယောက်ယောက်ဟုထင်မြင်နေကြ၍ဖြစ်သည်။သို့သော်ထိုဆေးရုံ၌ ယခုကဲ့သို့နံမည်မရှိ။

OCEAN (or)သမုဒ္ဒရာပိုင်တဲ့လခြမ်းငယ်ငယ် OCEAN (or)သမုဒ္ဒရာပိုင်တဲ့လခြမ်းငယ်ငယ်Where stories live. Discover now