တစ္ဆေသတို့သားအပိုင်း (8)
Zawgyi>>>>>>
"ဘယ်.....ဘယ်သူလဲဟင် ခင်ဗျားက ဘယ်သူလဲ"
"ဘယ်သူရှိရမှာလဲ မင်းရဲ့Ryoလေဟာ အပေါ်ထပ်မှာအသံဗလံဆူညံနေတော့မင်းကိုစိုးရိမ်လို့တက်ကြည့်တာ ငါ့ကိုတောင်မမှတ်မိတော့အောင် မင်းတကယ်ဘဲ ဘာဖြစ်နေတာလဲ မင်း အဆင်ရောပြေရဲ့လား"
Ryoကစိုးရိမ်တကြီးဖြင့်သူ့ပခုံးအားဆွဲလှုပ်လိုက်မှဘဲ ကြောင်တောင်တောင်ဖြစ်နေသည့် သူလဲသတိပြန်ဝင်လာကာ လှုပ်လှုပ်ရှားရှားဖြစ်လာတော့သည်
လက်ထဲတွင်ကိုင်ထားသည့် ဖုန်းမီးအလင်းအားကို ဖွင့်လိုက်ပြီး Kakeruဖက်ပင့်မြှောက်လိုက်လျှင် သွေးစုတ်နေသည့်မျက်နှာငယ်ပေါ် ဝင်း ခနဲရောင်ပြန်ဟပ်သွားလေသည်
"မင်းဝင်လာမယ်ဆိုလဲအသံလေးဘာလေးပေးလိုက်ပါလား အရူးကြီးရဲ့အရမ်းမှောင်နေမှတော့လူကောင်းလားလူဆိုးလား ဆိုတာငါဘယ်လိုလုပ်ခွဲတတ်မှာလဲ"
သေစမ်း ငါလက်ထဲ မှာဓားကိုင်ထားတာ Ryoတယောက် တွေ့တော့မှာဘဲ....
ဓာတ်မီးအလင်းအားက သူ့ကိုယ်ပေါ်မရောက်မိခင်လေး လက်တဖက်ကိုနောက်ပြန်ပစ်လျက် ဓားကိုခါးထက်တွင်ဖွက်ထားလိုက်သည်
အလွန်လျင်မြန်လှသောအကြည့်တချက်က Kakeruတခုခုဖွက်ထားလိုက်သည်က်ု မြင်ဖြစ်အောင်မြင်လိုက်လေသည်
"မင်းနောက်ကို ဘာကြီးဖွက်ထားလိုက်တာလဲငါ့ကိုလဲ ပြပါအုံး"
"ဟင်....ဘာမှမဟုတ်ပါဘူး မင်းမြင်တဲ့တိုင်း လက်ဖဝါးတွေထုံနေလို့သွေးပူအောင်လေ့ကျင့်ခန်းလုပ်နေတာ"
မည်မျှပင်မှင်သေအောင်ထိန်းထားနိုင်ပေမဲ့လဲ အတွေ့အကြုံရှိတဲ့လူရှေ့တွင်တော့ ဖုံးထားလို့မရ....
စူးရှသောမျက်ဝန်းနက်တွေနဲ့ ရှေ့ကိုတလှမ်းချင်းတိုးကပ်လာသော Ryo မတွေ့အောင်ရှောင်ဖယ်ရင်းနှင့်တဖြည်းဖြည်း အခန်းထဲသို့ ပြန်ရောက်မှန်းမသိရောက်လာခဲ့သည်
"ငါမြင်လိုက်မှာစိုးလို့ မင်းတခုခုကိုဖွက်လိုက်တာ ငါသေချာကိုတွေ့လိုက်တာနော် အချင်းချင်းတွေကို ပြန်ပြရမှာ ကြောက်နေရအောင် မင်းလက်ထဲကဟာက ရွှေထွက်နေတာလား ဟမ်း"
YOU ARE READING
တစ္ဆေသတို့သား(တစ္ဆေသတို့သား)
Horrorအချိန်တွေသာ နောက်ပြန်ရစ်လို့ရရင် ကာဂိုရှီမားကို သူ ဘယ်တော့မှ ပြောင်းခဲ့မှာမဟုတ်ဘူး!!!!ကြေကွဲဆို့နင့်ဖွယ်ပုံပြင်တပုဒ်ကတော့ ပြင်ဆင်ချိန်မရလိုက်နိုင်ဘဲ စတင်ခဲ့လေပြီ!!! အချိန်တွေသာ နောက်ပြန်ရစ်လို့ရရင် ကာဂိုရှီမားကို သူ ဘယ်တော့မှ ပြောင်းခဲ့မှာမဟုတ်ဘူး...