Chapter { 4 } : Lost ( ပျောက်ဆုံးခြင်း )

409 49 30
                                    

ဂျင်ငယ် ပျောက်​နေတာ 7 ရက်ပင်ရှိ​နေပြီ ဖြစ်သည်
​နေ့တိုင်း Eden Bar သို့သွားရှာ​သော်လည်းမ​တွေ့
Ph Call များအကြိမ်ကြိမ်​ခေါ်​သော်လည်း မကိုင်ပဲ
လုံးဝအဆက်ပြတ်​နေခြင်းဖြစ်သည်..VIP Room မှာ သူတို့​နောက်ဆုံးအတူရှိခဲ့ကြပြီး

" သွားစရာ ​နေရာတစ်ခုရှိ​နေလို့ လက်တ​လော​တော့ မဆက်သွယ်ရ​အောင် "ဆိုတဲ့ 

Message တစ်​စောင်ပဲထားခဲ့ပြီး ထွက်သွားခဲ့တယ်
ဂျင်ငယ် မရှိတဲ့ရက်​တွေမှာ သူလုံးဝအဆင်မ​ပြေနိုင်ပါ
အလုပ်အ​ပေါ်လည်း စိတ်ဝင်စားမှုမရှိဘဲ ဂျင်ငယ် အတွက်သာစိတ်ပူ​နေမိရင်း ထပ်တလဲလဲ အမှားတို့ကိုလုပ်​နေမိသည်

အခုလည်းစာရင်းအမှား​တွေပြန်ပြင်ရင်း ဂျင်ငယ့် အားမြင်​ယောင်လာပြန်​တော့

"ကျစ် ...မ​ပြောမဆိုနဲ့ ဒီလိုထွက်သွားလို့ရမလားကွာ "

စိတ်တိုတိုနဲ့ နံရံသို့ ပန်းအိုးဖြင့်​ကောက်​ပေါက်လိုက်မိသည်
ခွမ်း..ဟူ​သောအသံနှင့်အတူ ပန်အိုး​လေးဟာတစစီကွဲ​ကျေသွားပြီး ကျူးလစ်အဖြူများလည်း ပြန့်ကျဲသွားပြီဖြစ်သည်
သူ့နှလုံးသားလည်းစူးရှနာကျင်သွားပြီး ရင်ဘက်ကို ဖိလျက်
စိတ်ကိုငြိမ်​အောင်ကြိုးစားသည်...အကြိမ်ကြိမ်ကြိုးစား​သော်လည်း*  လွမ်းစိတ်သည် ​နေရခက်စွာ အိပ်လို့ပင်မရ​အောင်ညှင်းပန်းလွန်းသည်  *

ပြန့်ကျဲသွား​သော ကျူးလစ်တို့ကိုရီ​ဝေစွာကြည့်ရင်း တစ်ချက်ပြုံးမိသွားလျက်

" ကျူးလစ်အဖြူ​တွေကို ဂျင်ငယ် သိပ်ကြိုက်သည် မဟုတ်လား..."

ဂျင်ငယ်သည် အ​တွေးတစ်ခုဖြင့်ပင်
Whiskey တစ်ခွက်လို ​အေးမြသွား​စေသည်
သို့​သော် Whiskey တစ်ခွက်ဧ။် ​အေးမြမှုသည်
အချိန်ကြာလာ​လေ ပူ​လောင်​အောင် ညှင်းပန်းလိမ့်မည်
ဆိုတာ​တော့ သူသတိမထားမိခဲ့​ပေ~♡

//        //        //        //

အဖြူ​ရောင် အုတ်ဂူ နှစ်ခု​ရှေ့တွင် ​လူငယ်တစ်​ယောက်
ကျူးလစ် ပန်စည်းတို့ဖြင့် ဂါဝရ ပြု​နေသည်
ချယ်ရီပင်ပန်းပွင့်​တွေ သည် အုတ်ဂူ နှစ်ခု​ပေါ်ပြန့်ကျဲလျက်
ရှိ​နေကာလူငယ်သည် ပြုံးလျက် ​ကျူးလစ်ပန်းတို့အား ချလိုက်ပြီး

You've reached the end of published parts.

⏰ Last updated: Sep 24, 2021 ⏰

Add this story to your Library to get notified about new parts!

Whiskey : Namjin FFWhere stories live. Discover now