Part 1💔

1.2K 103 1
                                    

"Daddy"

"ဗျာ!"

"ပါးပါးကသားကိုမချစ်ဘူးနဲ့တူပါတယ် ဒယ်ဒီရာ"

"အဲ့လိုမပြောရဘူးလေ သား ပါးပါးကြားရင်စိတ်မကောင်းဖြစ်နေတော့မှာပဲ သား ပါးပါးကသားကိုအရမ်းချစ်ခဲ့တာ"

"ဒါဆို သားကို ဘာလို့လာမတွေ့တာလဲ ပါးပါးက ချစ်တယ်ဆိုလာတွေ့ရမှာပေါ့"

"ဒယ်ဒီတို့ဆီမလာနိုင်တဲ့နေရာတစ်ခုကိုရောက်နေလို့ပေါ့ သားငယ်ရယ်"

"ပါးပါးမလာနိုင်ရင် သားတို့ သွားတွေ့ကြမယ်လေ ဒယ်ဒီ"

___________________

တောင်ပေါ်အိမ်လေးတစ်အိမ်ရဲ့ပြတင်းပေါက်နားလေးမှာ ထိုင်ပီး အဝေးကို လွမ်းလွမ်းဆွေးဆွေး ငေးကြည့်နေတဲ့အဘိုးအိုတစ်ဦး.....

အမှတ်တမဲ့ကြည့်မယ်ဆိုရင် ဒီအဘိုးဟာ ပုံမှန်အတိုင်း ခုံပေါ်ထိုင်ပီး ရေဒီယိုလေးဖွင့်သီချင်းနားထောင်ကာ ပထမဦးဆုံး နှင်းတွေကိုကြည့်နေတာပါပဲ...

အဘိုးအိုရဲ့ မျက်နှာလေးကို သေချာလေးကြည့်လိုက်မယ်ဆိုရင်တော့ အဘိုးရဲ့မျက်လုံး ဝိုင်းဝိုင်းလေးတွေထဲမှာ မျက်ရည်စလေးတွေ ဝေ့သီနေပီး ပြန်မလာတော့တဲ့တစ်စုံတစ်ယောက်ကို လွမ်းဆွတ်သတိရနေတာမျိုးလေး....

အဘိုးအိုဟာ ဒီနေ့မှထူးဆန်းစွာ အမြဲမဝတ်ရက်ပဲနှစ်‌ေတွအကြာကြီးသိမ်းထားတဲ့ အကျီဆွယ်တာအနီရောင်လေးနဲ့ မာဖလာလေးကို ဝတ်ဆင်ကာ အဝေးတစ်နေရာကို လွမ်းလွမ်းဆွေးဆွေးလေးကြည့်နေလေရဲ့....

အသက်တွေကြီးလာရင် တောင်ပေါ်မှာအိမ်လေးဆောက်ပီး နှစ်ယောက်ထဲအေးချမ်းစွာနေချင်တယ်တဲ့လေ.....

"Jeon ငါတို့အသက်ကြီးလာရင် ဘယ်သူမှမရှိတဲ့နေရာမှာ ငါတို့သွားနေရအောင် တောင်ပေါ်မြို့လေး ဆိုလဲ မဆိုးဘူး တိတ်တိတ်ဆိတ်ဆိတ်လေးရှိတယ် "

"ဘယ်သူမှ မရှိတဲ့နေရာမှာ‌ေတာ့ မနေချင်ပါဘူးကွာ ပျင်းစရာကြီး"လို့ပြောလိုက်တော့

"ငါတစ်ယောက်လုံးရှိနေတာပဲ မင်းကငါနဲ့နှစ်ယောက်တည်းမနေချင်ဘူးလား"တဲ့

ရှင်သန်ခွင့်လေး💔(U+Z) CompleteWhere stories live. Discover now