14☘️

1.7K 159 1
                                    

(Unicode version ☘️)

နောက်တနေ့မနက်တခုမှာတူကြီးတွေအိမ်ရှေ့ကွပ်ပစ်မှာထိုင်ပီးအကြမ်းရည်နဲ့လက်ဖက်နဲ့စားလျက်လေးလေးက

"ဟိုကောင်...လရောင်..!"

"ဗျာ...လေးလေး!"

"မင်းဒီရွာမှာချစ်သူရနေပီမလားး?"

လရောင်ရယ်အကြမ်းရည်အားသောက်ဖို့ပြင်နေချိန်လေးလေးကမေးတော့မျက်နာကြီးရဲတတ်လာကာပြန်ဖြေပေးလိုက်သည်

"မ...မရှိပါဘူး"

ပြောတော့လေးလေးကမယုံသလိုအကြည့်နဲ့လရောက်အားးစိုက်ကြည့်လာလေသည်

"အိမ်းးရှိရင်လည်းပြောပေးစားမလို့"

"မရှိ...ပါဘူးဆို"

"အေးပါအေးပါ"

ဒီလိုနဲ့ဒေါ်လေးကြည်ကရောက်လာပီ‌လေးလေးနဲ့စကားဖောင်ဖွဲ့နေကြချိန်

"လေးလေးတို့ပဲပြောကြတော့နော်ကျနော်ရေအိမ်သွားမို့"

"အေးအေး"

အိမ်ရှေ့၌ရှိင်းနောင်ရောက်လာပီးဒေါ်လေးကြည်တို့အိမ့်အနောက်နားကကောက်ရိုးပုံတွင်စောင့်နေမယ်လို့ဆိုပီပါးစပ်လေးလှုပ်လက်လေးနဲ့ဟန်ပြနေတာကြောင့်လရောင်လူကြီးတွေမသိအောင်ထွက်လာသည်

လရောင်ကောက်ရိုးပုံ‌နားရောက်တော့ကုတ်ကုတ်‌ေးနဲ့ထိုင်‌စောင့်နေသောမောင်

"မောင်..!"

"ဟီး'လာလေ့"

"မောင့်ကိုဘယ်လိုပြောရမလည်းဒီရက်ပိုင်းခနခနမတွေ့ပါနဲ့ဆို"

ပြောပီးရှိင်းနောင်ဘေးဝင်ထိုင်လေရဲ့

"လွမ်းလို့ပါရယ်စိတ်ဆိုးသွားသလားဗျာ"

ဘေးမှာထိုင်နေတဲ့လရောင်ရဲ့လက်လေးကိုကိုင်ကာမေးတော့

"စိတ်မဆိုးပါဘူးဒါပေမဲ့စကားနားမထောင်လို့စိတ်ပျက်တယ်"

စိတ်ပျက်တယ်?ကျုပ်ကအဲ့လောက်တောင်ဆိုးလားဗျာလရောင့်ပေါ်ကျုပ်ဆိုးမိတယ်ထင်ပါ့ရဲ့လေ

"စိတ်တော့မပျက်ပါနဲ့ဗျာ..‌
မောင်ကလရောင်ကိုမမြင်ရရင်မနေနိုင်လို့ပါဗျာ"

ယော်...ခက်ပြီ (Complete)Where stories live. Discover now