Story Prologue

1.8K 166 28
                                    

(Unicode)

Anime ကြည့်ရသည်ကို သဘောကျသည့် Otaku‌လေး ကင်မ်ထယ်ယောင်းသည် တစ်ပတ်တိတိ မစားမသောက် အခန်းအောင်းကာ anime ကြည့်ပြီးနောက် အစာအိမ်နာ၍ မရဏလမ်းသို့မြန်းရလေသည် ။

သူပြန်လည်နိုးထလာသည့်အခါတွင် စိတ်ကူးတောင်မယဉ်ခဲ့ဖူးသည့် ဝိဉာဏ်ကူးပြောင်းခြင်းကိုကြုံတွေ့လိုက်ရသည် ။ သို့သော် သူကူးပြောင်းလာရသည့်ကိုယ်က တစ်မိသားစုလုံး၏ ဆန်ကုန်မြေလေး ငါးဆာနူတစ်ယောက်ဖြစ်နေတာကြောင့် အဖိုးဖြစ်သူရှိရာ ‌စပါးစိုက်ပျိုးသည့် ရွာသို့အပို့ခံရသည် ။

ထို့နောက် ပို၍ထိတ်လန့်ဖွယ်ကောင်းသည်က သူ့တွင် ခပ်ချောချောနှင့်အားကောင်းမောင်းသန် ယောင်္ကျားရှိနေသည့်အပြင် လမ်းပေါ်က သူဖုန်းစားကလေးငယ်တစ်ယောက်ကိုလည်း မွေးစားထားသည်တဲ့ ။

ကင်မ်ထယ်ယောင်းတစ်ယောက် ကောင်းကင်ကြီးကို လက်ညှိုးထိုး၍ မိုးနတ်မင်းကြီးအားအပစ်တင်လိုက်သည် ။

“ ငါသေတဲ့အခါကျမှ ဒင်းကိုလည်ပင်းလာညစ်မယ် ”

သို့သော် သူမေ့ထားမိသည်က သူသည် မိုးနတ်မင်းကြီး၏ ကျီစားမှုကြောင့် ဝိဉာဏ်ကူးပြောင်းလာရခြင်းဖြစ်သည်ကိုပင် ။ မိုးနတ်မင်းကြီးကတော့ စပါးစိုက်သည့်ဗွက်အိုင်ထဲတွင် ရွံ့များပေလူးနေသည့် လူငယ်လေးအားကြည့်၍ ပြုံးလိုက်သည် ။

“ နောက်မှ ကျေးဇူးတင်တယ်လာမပြောနဲ့...မိုးနှင်တံနဲ့ထိုးလွှတ်မှာ ”




----------------------------

ဟေး‌ ဟေး! ကိုယ်ဒီလို ဝိဉာဏ်ကူးပြောင်းပြီးတော့ အပင်စိုက်တာဘာညာလေးကို try ကြည့်ချင်လို့ ။ အေးအေးချမ်းချမ်း married life လေးပေါ့ ။ နိဒါန်းကိုဖတ်ပြီးဘယ်လိုလဲ ? စိတ်ဝင်စားကြလား ?

စိတ်ဝင်စားကြတယ်ဆိုရင်တော့...

Plz! Vote, Feedback and follow me 🎐










(Zawgyi)

Anime ၾကည့္ရသည္ကို သေဘာက်သည့္ Otaku‌ေလး ကင္မ္ထယ္ေယာင္းသည္ တစ္ပတ္တိတိ မစားမေသာက္ အခန္းေအာင္းကာ anime ၾကည့္ၿပီးေနာက္ အစာအိမ္နာ၍ မရဏလမ္းသို႔ျမန္းရေလသည္ ။

သူျပန္လည္ႏိုးထလာသည့္အခါတြင္ စိတ္ကူးေတာင္မယဥ္ခဲ့ဖူးသည့္ ဝိဉာဏ္ကူးေျပာင္းျခင္းကိုၾကဳံေတြ႕လိုက္ရသည္ ။ သို႔ေသာ္ သူကူးေျပာင္းလာရသည့္ကိုယ္က တစ္မိသားစုလုံး၏ ဆန္ကုန္ေျမေလး ငါးဆာႏူတစ္ေယာက္ျဖစ္ေနတာေၾကာင့္ အဖိုးျဖစ္သူ႐ွိရာ ‌စပါးစိုက္ပ်ိဳးသည့္ ႐ြာသို႔အပို႔ခံရသည္ ။

ထို႔ေနာက္ ပို၍ထိတ္လန္႔ဖြယ္ေကာင္းသည္က သူ႕တြင္ ခပ္ေခ်ာေခ်ာႏွင့္အားေကာင္းေမာင္းသန္ ေယာက်ၤား႐ွိေနသည့္အျပင္ လမ္းေပၚက သူဖုန္းစားကေလးငယ္တစ္ေယာက္ကိုလည္း ေမြးစားထားသည္တဲ့ ။

ကင္မ္ထယ္ေယာင္းတစ္ေယာက္ ေကာင္းကင္ႀကီးကို လက္ညိႇဳးထိုး၍ မိုးနတ္မင္းႀကီးအားအပစ္တင္လိုက္သည္ ။

“ ငါေသတဲ့အခါက်မွ ဒင္းကိုလည္ပင္းလာညစ္မယ္ ”

သို႔ေသာ္ သူေမ့ထားမိသည္က သူသည္ မိုးနတ္မင္းႀကီး၏ က်ီစားမႈေၾကာင့္ ဝိဉာဏ္ကူးေျပာင္းလာရျခင္းျဖစ္သည္ကိုပင္ ။ မိုးနတ္မင္းႀကီးကေတာ့ စပါးစိုက္သည့္ဗြက္အိုင္ထဲတြင္ ႐ြံ႕မ်ားေပလူးေနသည့္ လူငယ္ေလးအားၾကည့္၍ ျပဳံးလိုက္သည္ ။

“ ေနာက္မွ ေက်းဇူးတင္တယ္လာမေျပာနဲ႔...မိုးႏွင္တံနဲ႔ထိုးလႊတ္မွာ ”




----------------------------

ေဟး‌ ေဟး! ကိုယ္ဒီလို ဝိဉာဏ္ကူးေျပာင္းၿပီးေတာ့ အပင္စိုက္တာဘာညာေလးကို try ၾကည့္ခ်င္လို႔ ။ ေအးေအးခ်မ္းခ်မ္း married life ေလးေပါ့ ။ နိဒါန္းကိုဖတ္ၿပီးဘယ္လိုလဲ ? စိတ္ဝင္စားၾကလား ?

စိတ္ဝင္စားၾကတယ္ဆိုရင္ေတာ့...

Plz! Vote, Feedback and follow me 🎐

Till The Death >ရိုးမြေကျ< |TK|Where stories live. Discover now