Part 4

648 136 36
                                    

(Unicode)

နောက်တစ်ရက်မနက်ထယ်ယောင်းနိုးလာချိန်တွင် နေပင်အတော်မြင့်နေပြီဖြစ်သည် ။ ဂျောင်ကုရော ၊ မန်ချိုပါအိပ်ခန်းထဲတွင် မရှိတော့တာကြောင့် အိပ်ရာထသွားကြပြီထင်၏ ။ ထို့ကြောင့် ထယ်ယောင်းလည်း အကျောဆန့်၍ အိပ်ရာမှထလာသည် ။

" သားလေး...အဲ့မြက်ထုံးယူခဲ့ "

" ဟုတ် ဖေဖေကြီး "

ဂျောင်ကုက မန်ချိုလေးအား မြက်ထုံးသေးသေးလေးယူခိုင်းကာ သူကိုယ်တိုင်ကတော့ ဝက်စာပင်ထည့်ထားသည့် တောင်းကြီးကိုပခုံးပေါ်တွင် ကြိုးနှင့်လွယ်ထမ်းလိုက်ပြီး လက်ထဲတွင်လည်း မြက်ထုံးကြီးကိုကောက်ကိုင်လိုက်သည် ။

" ဘယ်သွားကြမလို့တုန်း "

အပြင်သို့သွားရန်အဆင်သင့်ဖြစ်နေသည့် သားအဖနှစ်ယောက်ကိုကြည့်ကာ ထယ်ယောင်းမေးလိုက်သည် ။

" နိုးပြီလား ? ကိုယ်တို့ နွားစာနဲ့ဝက်စာတွေ ဟိုဘက်ခြံသွားပို့မလို့...သူတို့ကိုအစာကျွေးရမယ်လေ "

" ခင်ဗျားမွေးထားတာလား ? "

" ဟုတ်တယ်...ကိုယ်တို့မကြာခင်ပြန်လာခဲ့မယ်...ဒါတွေသွားပို့ရုံပါပဲ...ဟိုမှာ ခြံစောင့်ရှိတယ်လေ...ကျန်တာသူလုပ်လိမ့်မယ် "

" အွန်း အွန်း...အဲ့ဆိုပို့ပြီးရင် ပြန်လာခဲ့ "

ထယ်ယောင်းက မွေးမြူရေးခြံတို့၏ အနံ့သက်ကိုသဘောမကျတာကြောင့် လိုက်မသွားတော့ပဲ အိမ်တွင်သာနေခဲ့လိုက်သည် ။ ဂျောင်ကုနှင့်မန်ချိုတို့ထွက်သွားသည်နှင့် ‌ထယ်ယောင်းလည်း အိမ်ထဲသို့ပြန်ဝင်လာကာ အိပ်ရာသိမ်းရန်ပြင်သည် ။ ယခင်က otaku ဖြစ်ခဲ့သည့် ထယ်ယောင်းသည် ငါးဆာနူတစ်ယောက်နှင့်ပင်မခြားတာကြောင့် စောင်ကိုပင် သေသပ်စွာမခေါက်နိုင်ပေ ။ သို့သော်လည်း သူတတ်နိုင်သလောက်တော့ ခေါက်ချိုးညီညီခေါက်ခဲ့ပါသည် ။

အိပ်ရာသိမ်းပြီးသွားသည်နှင့် အိမ်ရှေ့တွင်ရှိသည့် ရေအင်တုံဆီသို့သွားကာ မျက်နှာသစ်လိုက်သည် ။ သေချာမဖြီးသင်ထားသည့်ဆံပင်က ဖွာလန်ကြဲနေကာ မျက်နှာငုံ့သစ်လိုက်သည့်အခါ ပါးပြင်ပေါ်သို့လာလာကပ်နေသည် ။ ထယ်ယောင်းက စိတ်မရှည်စွာဆွဲဖယ်သော်လည်း ခေါင်းလေးနည်းနည်းငုံ့လိုက်သည်နှင့် လာကပ်နေဆဲပင် ။

Till The Death >ရိုးမြေကျ< |TK|Where stories live. Discover now