အပိုင်း - ၆

6.1K 609 97
                                    

Unicode

သုညအလုံးရေ လေးလုံးမကအထိထိုးတက်သွားတဲ့ ဘဏ်စာအုပ်ကိုထိုင်ကြည့်ပြီး ထယ်ယောင်းရင်ထဲဟာတာတာ။

"ဟေ့ မငိုနဲ့နော်။ မင်းပဲရောင်းမယ်ပြောလို့ ငါ၀ယ်လက်ခေါ်လာခဲ့တာကို"

ထယ်ယောင်းရဲ့မျက်နှာလေးမဲ့သွားတယ်။

"ငါမင်းကို အပြစ်တင်နေတာမဟုတ်ပါဘူး။ ငါက ဒီအတိုင်း .... ငါ့သမီးလေးကို နှမြောလို့ပါ။ ငါနဲ့ နှစ်အတော်ကြာ အတူရှိခဲ့တာမို့ စိတ်ဖြတ်ဖို့က နည်းနည်းခက်တယ်လေ"

ဂျောင်ကုဆီက သက်ပြင်းချသံသဲ့သဲ့ကို ကြားလိုက်ရတယ်။ ထယ်ယောင်းရဲ့သမီးလေး .... Ferrari လေးဟာ ရောင်းထွက်သွားခဲ့ပြီ။ ထယ်ယောင်းကိုယ်တိုင်က မထိန်းသိမ်းနိုင်တော့သလို၊ ပိုက်ဆံကလည်းလိုနေတာမို့ ဂျောင်ကုကို ရောင်းဖို့အတွက်ပြောခဲ့ပေမဲ့ တစ်ကယ်လည်း ရောင်းထွက်သွားတဲ့အခါ သမီးလေးကို သူများလက်ထဲမအပ်ချင်တော့။

"သက်မဲ့ဆိုပေမဲ့ ငါ့မေမေပေးခဲ့တာ။ ငါက .... ငါက သေချာမစောင့်ရှောက်နိုင်ခဲ့ဘူး"

"ထယ်ယောင်း ငါ့ကိုကြည့်စမ်း"

ဆိုဖာပေါ် ဒူးနှစ်ဖက်ထောင်ကာခေါင်းငုံ့ထားတဲ့ထယ်ယောင်းရဲ့မေးဖျားကို ဆိုဖာအောက်ကကြမ်းပြင်မှာထိုင်နေတဲ့ဂျောင်ကုဟာ လက်နဲ့ဆွဲပြီး အတင်းမော့ခိုင်းတယ်။ ဆုံစည်းမိသွားတဲ့ ဂျောင်ကုရဲ့မျက်၀န်းတွေဟာ အတောက်ပဆုံးလို့ပြောနိုင်တဲ့ Sirius ကြယ်ထက်တောင် ပိုပြီးကြည်လင်ကာတောက်ပနေတယ်။

"တန်ဖိုးရှိမှန်းသိရင် အစောကတည်းက သေချာစဉ်းစားရောပေါ့။ ရောင်းပြီးမှ နှမြောနေတော့ ဘာမှလုပ်လို့မရတော့ဘူးလေ။ မင်းဟာ စိတ်နှစ်ခွသိပ်ဖြစ်လွန်းတယ်။ အလုပ်တစ်ခုကိုလုပ်မယ်ဆို မလုပ်ခင်မှာ စဉ်းစားပြီး သေချာပြီဆိုမှ ဆက်ဆုံးဖြတ်ရမှာမဟုတ်လား။ မပြတ်မသားလုပ်ရင် နောက်ပိုင်းမှာ ဘာမှမဆင်ပြေမှာမဟုတ်ဘူး သိရဲ့လား။ ဒီစကားတွေပြောရတာ ငါ့အတွက် ပါးစပ်အရမ်းယားပေမဲ့ ငါက မင်းအတွက်ပြောတာပါ။ မင်းက စိတ်မကောင်းဖြစ်နေတော့ ကြားထဲကငါလည်း အဆင်မပြေဘူးလေကွာ"

Homeless And Warm (Completed)Where stories live. Discover now