Part-5(End)

727 60 4
                                    

Unicode***

အစည်းအဝေးကပြီးဆုံးသွားတော့ ချိတ်ထားသည့်ကုတ်အင်္ကျီကိုဆွဲယူရင်း ပြန်ထွက်ရန်ပြင်ပြီးမှ

" အစ်ကိုလေး ရုံးတစ်ခါတည်းဆင်းတော့ဖို့လား?? "

အခုမှအခန်းထဲဝင်လာဟန်ရှိသည့်မန်နေဂျာ ဂူကလက်ထဲဖိုင်တစ်ချို့ကိုကိုင်ကာ  မေးလေသည်။

"အင်း ဟုတ်တယ် တကယ့်လို့ပေးစရာရှိသေးရင်အိမ်ကိုပဲတစ်ခါတည်းပို့ပေးထားလိုက်နော်ပြီးမှရုံးဆင်းလိုက်ပေါ့ ကျွန်တော်ကတော့ဝင်စရာရှိသေးတော့လေ  တာဝန်ကျေလိုက်ပါအုံး "

အနက်ရောင်တီရှပ်အင်္ကျီကိုဆွဲတင်လိုက်သည်နှင့်ပေါ်လာသည့် နက်ပြာရောင် TAG Heuer carrera ဒိုင်ခွက်နာရီအားကြည့်လေတော့
ညွှန်ပြနေသည့်အချိန်ကြောင့် ပြုံးလိုက်ပြီး
ကျောင်းသို့ပြေးရန်သာ...

ကျောင်းရှေ့ရောက်တော့ကားကိုအရှိန်သပ်လိုက်ပြီး တစ်ဖက်မှထွက်လာမဲ့သူကိုမျှော်ရသည် သူ့ပုံစံကအခုမှကောင်မလေးကိုလိုက်နေသည့်ဆယ်ကျော်သက်ကောင်လေးလိုပင်

တစ်ယောက်စတစ်ယောက်စထွက်လာတဲ့သူတွေကြားထဲမှာတော့ သူမျှော်နေသည့်သူတော့ပါမလာသေးချေ...
ထွက်သွားပြီဖြစ်တဲ့သူတွေထဲမှာသူ့ညီမဖြစ်သူလဲပါသွားချေပြီ

ကျောင်းသားတွေကုန်ကာနီးမှထွက်လာသည့်သူ့အသက်ကမနက်ကသူတွေ့ခဲ့တဲ့ကောင်ရဲ့ဘေးမှာရှိနေပြန်သည်

စိတ်ရှိလက်ရှိဆို အဲ့ဒါငါ့လူကွလိုပြောပြီးပြေးထိုးပြန်ရင်လဲ ဝိုင်းကြည့်နေကြမည့်ကျောင်းသူများရှိသည်မို့ သူသာသည်းခံထားလိုက်ပြီး သူ့ကိုမြင်တော့ပြေးလာသည့်သူကြောင့် အမြန်ပြန်ပြုံးရသည်
ဟိုမလောက်လေးမလောက်စားကောင်ကတော့သူတို့ကိုကြည့်ရင်းအနောက်မှာပင်ကျန်နေခဲ့သည်....

"ထပ်လာပြန်ပြီလား?? "

"မောင်က မောင့်အသက်ကိုလိုက်နေတဲ့သူလေ ဒါကြောင့် အခုလိုအသေးအဖွဲ့လေးတွေနဲ့အမှတ်ယူရမှာပေါ့! "

"မင်းကိုဘယ်သူစဥ်းစားပေးမယ်ပြောလို့လဲ "

"ဪ..မပြောလိုက်ဘူးလား?သေချာတာကတော့မငြင်းလိုက်ဘူးလေ"

I Want Is To Be Yours(Z+U)Where stories live. Discover now