~part-22~

1.4K 112 45
                                    

ဖိဘက်ကပေးဖို့ကျ အခုချိန်ကတော်တော်များများမအားကြတာမလို့ ပြာယာနားလည်ပါတယ် စိတ်လည်းမကွက်ဘူး စိတ်လည်းမခုဘူး အားတဲ့အခါကျမှအများကြီးပြန်ပေးပေါ့နော့

Love you All Readers

_________________________________

မနက်ခင်းရဲ့နေရောင်ခြည်နွေးနွေးကအိပ်ခင်းပြတင်းဝကိုဖြတ်ကျော်လို့ကုတင်ပေါ်ရှိလူသားနှစ်ယောက်ဆီကျရောက်နေပြီဖြစ်သည်

ညကအတော်လေးပင်ခရီးသွားခဲ့ကြတာမလို့ မနက်လင်းထိတိုင်မထချင်ကြသေး တစ်ယောက်ကိုတစ်ယောက်တင်းတင်းကြပ်ကြပ်ဖက်ကာ အိပ်စက်နေတုန်းပင်

အကြင်လူသားနှစ်ယောက်နှင့်ကွဲပြားစွာအိမ်တော်ထိန်းနှင့်အလုပ်သမားတချို့ကပြာယာခတ်လို့ အမိန့်မရပဲနှင့်အိမ်ထဲသို့ဝင်လို့လည်းမရ အခြေနေဘယ်လိုရှိသည်လည်းမသိ မတော်လို့bossကထယ်ယောင်းကိုအဆုံးသတ်ပစ်လိုက်ရင်လည်းမကောင်းပြန် 

"အိမ်တော်ထိန်း အထဲမှာသေနေပြီလားမသိဘူး ဝင်သွားရမလား"

"မင်းမနက်ဖြန်နေထွက်တာမြင်ချင်သေးရင်ဝင်ကြည့်လေ"

"ဒါပေမယ့်"

"သခင်လေးကငါတို့ထင်ထားတာထက်ပိုသွေးအေးပြီးရက်စက်တာမင်းတို့အသိပဲ့ ကိုယ့်အလုပ်ကိုယ်လုပ်ပြီး ကိုယ့်အသက်ပဲ့ကိုယ်နှမြောစမ်းပါ"

"ဟုတ်ကဲ့ပါအိမ်တော်ထိန်း"

အလုပ်သမားကလေးလည်းသူ့တာဝန်သူထမ်းဆောင်ကာ အိမ်တော်ထိန်းနှင့်တချို့ တချို့သောအိမ်အကူများကတော့စိတ်ပူလျက်ပင် အပြင်ဘက်မှာဘယ်လိုပင်စိတ်ပူသော်ငြားအိမ်ထဲကချစ်ရည်လူးထားတဲ့လူနှစ်ယောက်ကအခုထိမထနိုင်ကြသေးပဲအတူပူးကပ်ကာအိပ်စက်နေသည်ကိုတွေ့သွားရင်ဖြင့်

At Taekook side💜💜

"အိပ်နေတဲ့မောင်ကအရမ်းဆွဲဆောင်မှုရှိတာပဲ့ ခစ်ခစ် မွ"

".........."

"မသိလောက်ပါဘူး နောက်တစ်ချက်ထပ်နမ်းကြည့်ရမယ် ဟီး! မွ"

".........."

"ခစ်ခစ် နိုးလည်းနိုးသေးဘူး ညတုန်းကအလုပ်ခံထားရတာသူကျနေတာပဲ့ ဟွန့်"

~Bodyguard~ (Z+U)[COMPLETED]Donde viven las historias. Descúbrelo ahora