အပိုင်း - ၁၆

52 8 9
                                    

                          《Unicode》

         ရက်ပိုင်းခန့်အတွင်းမှာတင် အ​ရေး​တော်ပုံဒီ​ရေက တဖြည်းဖြည်း တိုးလာသည်။ လူတန်းစား​ပေါင်းစုံပါဝင်လာကြ၏။ မြို့များမှစကာ နယ်အနှံ့သို့ ပျံ့နှံ့လာကြသည်။ အင်္ဂလိပ်အစိုးရသည်လည်း အနည်းငယ်​သောလိုက်​လျောမှုတို့ကို ပြသလာရ၏။ မန္တ​လေးတွင် ပုဒ်မ ၂၃ (၇)ကို ဖျက်သိမ်း​ပေးလိုက်သဖြင့် ရဟန်းရှင်လူတို့ ​​ဈေးချိုသို့လှည့်လည်ကာ အောင်ပွဲခံကြသည်။ ဖမ်းဆီးသွား​သော​ကျောင်းသားအချို့ကိုလည်း ပြန်လွှတ်​ပေးရ၏။ လူထုက ဝိုင်းဆူကြသဖြင့် ဖမ်းထားသူကိုချက်ချင်းပြန်လွှတ်​ပေးရခြင်းမျိုးလည်း ရှိလာသည်။

           ရန်ကုန်တက္ကသိုလ်​ကျောင်းသားများသည်လည်း  ၁၅ရက်​နေ့ကအာဏာဖီဆန်​ရေးလှုပ်ရှားမှု​အောင်မြင်သဖြင့် သမဂ္ဂအစည်းအ​ဝေးခန်း၌ ​အောင်ပွဲခံအစည်းအ​ဝေးပွဲကြီး ကျင်းပခဲ့​သေး၏။ ထိုအစည်းအ​ဝေးတွင် ကိုလှ​ရွှေ၊ တက်ဘုန်းကြီးကိုသိန်း​ဖေနှင့် ကိုကြီးနုဟု​ခေါ်​သော သခင်နုတို့ ​ဟော​ပြောကြ​လေသည်။ ထိုအစည်းအ​ဝေးအဆုံး၌ ကိုလှ​ရွှေက အင်္ဂလိပ်အစိုးရအား ရာဇသံ​ပေး၏။ ထိုရာဇသံမှာ အင်္ဂလိပ်အစိုးရအ​နေဖြင့် ​ကျောင်းသားတို့၏​တောင်းဆိုချက်များကို ဒီဇင်ဘာလ ၁၉ရက်​နေ့ ည​နေ၄နာရီ​နောက်ဆုံးထား လိုက်​လျောရန်နှင့် မလိုက်​လျောပါက ၁၅ရက်​နေ့က အာဏာဖီဆန်မှုမျိုးထက် ပိုမိုပြင်းထန်​သောအာဏာဖီဆန်ခြင်းမျိုးကို ပြုလုပ်မည်ဆိုသည့် ​ကြေညာချက်ပင်။

             ယင်း​ကြေညာချက်ပါ ပိုမိုပြင်းထန်​သောအာဏာဖီဆန်ခြင်းမျိုးမှာ အင်္ဂလိပ်အစိုးရတင်မက တစ်နိုင်ငံလုံးအပါအဝင် ပြုံးချိုတို့လို သာမန်​ကျောင်းသားများပင် သိခွင့်မရခဲ့သည့် အာဏာဖီဆန်ခြင်းမျိုးပင်။ သို့​ပေသိ သမဂ္ဂထိပ်ပိုင်း​ခေါင်း​ဆောင်များ၊ အပြင်လူတချို့တို့နှင့်အတူ ​မောင်က​တော့ သိခဲ့ရသည်။ ထိုအာဏာဖီဆန်ခြင်းမှာ အခြားမဟုတ်။ ​ကျောင်းသားများအ​နေဖြင့် အတွင်းဝန်ကြီးများရုံးကို ဝိုင်းထားကာ အင်္ဂလိပ်အစိုးရအား အာဏာဖီဆန်ရန်ပင်ဖြစ်၏။ ပြုံးချိုကား ထိုကိစ္စကို မပြုလုပ်ခင်တစ်ည​နေအလိုမှသာ သိခဲ့ရခြင်းဖြစ်၏။

"Be me with you" (ရပ်နား)Nơi câu chuyện tồn tại. Hãy khám phá bây giờ