အပိုင်း ( 1802 )ငါလား... ငါက ပထမအဖြတ်ပါပဲ

115 14 0
                                    

အပိုင်း ( 1802 )

ရှန်ကျိုးအမိုးခုံးမှာ နောက်တစ်ကြိမ် စုရုံးခြင်း။

နဂါးစီးသူက ထိပ်ဆုံးမှာ ထိုင်နေခဲ့ပါတယ်။ ရသေ့၊ သွေးနတ်ဆိုး၊ ပညာရှင်၊ အရက်မူးဓားအင်မော်တယ်၊ သားရဲသခင်၊ ဝိညာဉ်ခရီးသည်တို့က ‌အရှေ့စားပွဲတန်းရဲ့ ဘေးတစ်ဖက်စီမှာ ထိုင်နေခဲ့ကြတာပါ။

ဒီတစ်ကြိမ်မှာ လူပိုစံပြီး ကျွမ်းကျင်သူအများအပြား လာရောက်ခဲ့ကြပါတယ်။

နဂါးစီးသူက မျက်မှောင်ကြုတ်ပြီး ပြောလိုက်တယ်။
"ငါတို့ အဆုံးမဲ့ကြယ်ကောင်းကင်မှာ နှစ်ပေါင်းများစွာ အိပ်စက်နေခဲ့တဲ့ နတ်ဆိုးအိုကြီး ယောက်ကျူး ပြန်နိုးထလာခဲ့ပြီ။ သူက နတ်ဆိုးမျိုးနွယ်ကို ထိပ်ဆုံးရောက်အောင် ပို့ဆောင်နိုင်ခဲ့တယ်။ ငါ့အထင်တော့ အဆုံးမဲ့ကြယ်ကောင်းကင်ကို သိမ်းပိုက်ရုံနဲ့ သူ့ရည်မှန်းချက်တွေ ရပ်တန့်သွားလိမ့်မယ်လို့ မထင်ဘူး။ အဆုံးမဲ့ကြယ်ကောင်းကင်ကြီး ပြိုကျတဲ့အခါ တခြားနေရာတွေကို လက်ညိုးထိုးလာမယ်ဆိုတာ သေချာတယ်..."

"နတ်ဆိုးမျိုးနွယ်က အတိတ်မှာ ကြီးမားတဲ့ဂုဏ်သိက္ခာ ရှိခဲ့တယ်ဆိုတာ မှန်ပါတယ်။ ဒါပေမဲ့ အခုတော့ သွေးကြောလေးလောက်ပဲ ရှိတော့တယ်။ မင်းတို့ အဆုံးမဲ့ကြယ်ကောင်းကင်က သူတို့ကို ရှင်းထုတ်ဖို့တောင် ခက်ခဲပြီး အကူအညီမဲ့နေပြီလို့တော့ မပြောနဲ့"
သွေးနတ်ဆိုးက အထင်မြင်သေးဟန်နဲ့ပြောပြီး နှုတ်ခမ်းကို မဲ့လိုက်ပါတယ်။

ဒါကိုကြားတော့ ချူးယွန်က အနည်းငယ် ရယ်ချင်သလို ခံစားလိုက်ရတယ်။

နတ်ဆိုးလေးယောက်ကျူးရဲ့ ခွန်အားကို မမြင်ဖူးသေးလို့ သူတို့ ဒီလိုပြောနေကြတာပါ။

"ငါတို့က မင်းတို့ကို အကူအညီတောင်းချင်တယ်ဆိုတာ မှန်ပါတယ်။ ဒါပေမဲ့ ဒါက ငါတို့ အကျိုးအတွက်ပဲ လုပ်နေတာလို့ မထင်နဲ့။ ငါတို့ အဆုံးမဲ့ကြယ်ကောင်းကင်က သူ့ကို မတားနိုင်ဘူး‌ဆိုရင် မင်းတို့ကကော တားဆီးနိုင်မယ်ထင်လို့လား။ အနှေးနဲ့အမြန်ပဲ ကွာလိမ့်မယ်"
ချူးယွန်က လှောင်ပြောင်လိုက်ပါတယ်။

ကောင်းကင်စစ်ဝိညာဉ်(ချူးယွန်)အတွဲ-၅ Uni & Zawgyi ကောင်းကင်စစ်ဝိညာဉ် အတွဲ-၅Where stories live. Discover now