Part 2

7.4K 99 2
                                    

Coral Island 2

ကျွန်​တော့နာမည်က​တော့ ဂိုဂီပဲဖြစ်ပါတယ်။ ကျွန်​တော်က ရူပ​ဗေဒသတ္ကသိုလ် ​နောက်ဆုံးနှစ် ​ကျောင်းသားပဲ ဖြစ်ပါတယ်။ ကျွန်တော်က စကား​ပြောရင်
ကိုယ့်နာမည် ကိုယ်ထည့်ပြောတဲ့ အကျင့်ရှိတယ်။ ဥပမာ ​ပေးရရင်ဗျာ

ဂိုဂီက​လေ  "ရုပ်​ချော၊ညဏ်​ကောင်း ၊ အရပ်မြင့်ပြီး ဆစ်ပတ်ရှိတဲ့ သူတွေဆို အရမ်းကြိုက်တယ်"အဲတာက ဂိုဂီအတွက်​တော့ အ​ကောင်းဆုံး​သော ဥပမာ​လေး​ပေါ့ဗျာ။ ဂိုဂီက အကောင်ခပ်​သေး​သေး​လေးနဲ့ ​ဖြောင့်စဥ်း​
ကော့ညွှတ်​နေတဲ့ မျက်​တောင်နဲ့ ဆံပင်​ရွှေ​ရောင်ရှိတာ​လေ။ တကယ့်ကို ချစ်စရာ အ​ကောင်​ပေါက်​လေး​ပဲပေါ့ ။ သတ္ကသိုလ် ပြီးသွားတဲ့ စီနီယာ​တွေက ​ရေ​ပေါ် ပါတီ ကျင်းပဖို့ ဖိတ်ထားလို့ ​အိမ်​ဘေးကပ်ရပ်က ဂျူနီယာ တ​ယောက်နဲ့ အတူတူ သွားခဲ့ကြတာ​ပေါ့။

ဒါ​ပေမဲ့​​လေ ​ပြောပြရဦးမယ် အိမ်​ဘေးက ​ကောင်က​လေးကို ဂျူနီယာလို့သာ
​ပြောရတာ သူ့အရပ်က ဂိုဂီ အကြိုက် ၆​ပေ ၂လက်မ​ရှိတယ်။ ​ကျောင်းမှာလည်း ဘက်စုံထူးချွန်သလို အားကစားဘက်ကလည်း လို​လေ​သေးမရှိ​အောင် ​တော်လွန်းတယ်။ ဒါ​​ပေမဲ့ ခန္တာကိုယ်က အရမ်းကြီး ကြီး​နေတာလည်း မဟုတ်ပဲ ​
မော်ဒယ်ဘွိုင်း ပုံစံ ပျိုတိုင်းကြိုက်တဲ့ ​ကောင်​လေး ပုံစံ​ပေါ့ဗျာ။

အဲလိုလူ​တွေထဲမှာလည်း ဂိုဂီလည်း ပါတာ​ပေါ့။ ဒါ​ပေမဲ့  ဂိုဂီက သူများ​တွေလို ​
​ပေါ်​ပေါ်ထင်ထင် မထုတ်ပြပဲ၊ ရင်ထဲ အသဲထဲက အရူးအမူး စွဲလမ်း​နေတဲ့ သူတ​ယောက်​ပေါ့။
​တော်ပါပြီ အဲဒီအ​ကြောင်း​တွေ ​ပြောတာကို ရပ်လိုက်​တော့မယ်ဗျာ။ ခုလက်ရှိ
အ​​ခြေနေကို ပြန်သွားကြည့်ရ​အောင်။

ဂိုဂီတို့က အခုဆိုရင် ဦး​နှောက်ကို ​ကောင်း​ကောင်းအလုပ်​ပေးနိုင်တဲ့ အ​ခြေ​နေကို ပြန်လည် ရရှိသွားပြီ။ ​နောက်ဆုံး​တော့ ဒီဖြစ်စဥ် တခုလုံးကို လက်မခံနိုင်​ပေမဲ့ လက်ခံလိုက်ကြရ​တော့တယ်။ ဂိုဂီအတွက်​တော့ တ​ယောက်တည်း
ဒီကျွန်း​ပေါ်မှာ ​သောင်တင်ရမဲ့ အစား ဘက်ဒီနဲ့ အတူတူ ​သောင်တင်ရ​တော့
ဝမ်းပဲ ဝမ်းသာရမလို ဝမ်းပဲ ဝမ်းနည်း ရမလို ခံစားချက်​တွေက ရှုပ်​ထွေး​နေပြီ။

အဲဒီအချိန်မှာ ဘက်ဒီက
"ကိုကို ကျွန်​တော်တို့ အရင်ဆုံး တခြားလူ​တွေနဲ့ ​
တွေ့လို​တွေ့ငှား ကျွန်းတပတ် ပတ်ကြည့်ရ​အောင်" လို့​ပြောတယ်။

ဂိုဂီကလည်း "​အေကွာ အဲလိုပဲ လုပ်ကြတာ​ပေါ့"

ဒါ​ပေမဲ့ အံ့သြစရာ​ကောင်းတာက ကျွန်းတကျွန်းလုံးမှာ လူနဲ့တူတာ ဆိုလို့
ဂိုဂီနဲ့ ဘက်ဒီပဲရှိတယ်။ နည်းနည်း​တော့ ဝမ်းနည်းသလို့ ခံစားရ​ပေမဲ့ အနားမှာ ဘက်ဒီ ရှိလို့ ​အများကြီး ​ပျော်​နေမိတယ်။ တိတ်တခိုး ချစ်ရသူနဲ့ နှစ်ကိုယ်တူ
ရှိနိုင်ဖို့ဆိုတာ ရခဲလှတဲ့ ကံ​ကောင်းမှုကြီး​လို့ပဲ ​ဖြေသိပ်ရတာပေါ့ဗျာ။

Coral IslandWhere stories live. Discover now