ဖူး တစ်ယောက် ခုံမှာထိုင်နေတာ စိတ်တွေဟာ လွင့်ပျယ်နေသည်.....
"Boss အဆင်ပြေရဲ့လား.... "
ရွှန်းလဲ့မာန်က သူ့Bossကိုကြည့်ပြီး မေးတော့ Bossက ခေါင်းခါသည်....
"ရွှန်း ဘာလုပ်ပေးရမလည်း Boss"
"ရွှန်း....ငါလေ...လူတစ်ယောက်အကြောင်းကို ခေါင်းထဲကနေ ထုတ်လို့မရဘူး ဖြစ်နေတယ်ဟာ....အဲ့တာ ဘာကြောင့်လဲ နင်သိလား.... "
Bossဖြစ်သူရဲ့ အမေးကြောင့် ရွှန်းလဲ့မာန်တစ်ယောက် ခဏတာ တွေဝေသွားသည်....
"ရွှန်းလဲ သိပ်ပြီးတော့မသေချာဘူးရယ်....ဒါပေမယ့် ရွှန်း သိထားသလောက်..... အဲ့လိုဖြစ်နေတယ်ဆိုရင် အဲ့လူက Bossရဲ့ အရေးကြီးဆုံးလို့လည်း သတ်မှတ်လို့ရသလို....အဲ့လူကို ချစ်မြတ်နိုးတဲ့ စိတ်ရှိနေလို့ဆိုပြီး သတ်မှတ်လို့ရတယ်တဲ့....."
ရွှန်းလဲ့မာန်၏ အပြောကို ဖူး အနည်းငယ်စဉ်းစားလိုက်သည်....
အမှန်လည်း မထည်ရဲ့ အကြောင်းဘဲ ခေါင်းထဲတွေးနေမိသည်....
"သြော်... ဒါနဲ့ Bossအဲ့လူနဲ့ရှိရင် ဘယ်လိုခံစားရလဲ...."
ရွှန်းလဲ့မာန်၏ အမေးကို ခဏတာစဉ်းစားလိုက်ပြီး....
"အင်း....သူနဲ့ရှိရင် ပျော်တယ်.... အမ် နွေးထွေးတယ်လို့လဲ ခံစားရတယ်...."
"ဒါဘဲလား...."
ရွှန်းလဲ့မာန်ရဲ့ ပြုံးစစအမေးကြောင့် ဖူး အနည်းငယ် နေရခက်သွားသလို မျက်နှာလေးဟာလည်း ရှက်ရိပ်သန်းသွားသည်....
"ဟို....သူနဲ့ဆို....နည်း နည်းရင်ခုန်တယ်...."
"ဟာ....ဒါဆိုအသိသာကြီးလေ....Bossသူ့ကို ချစ်နေတာလေ...."
ရွှန်းလဲ့မာန်က ကျယ်လောင်သည့် အသံကြောင့် တစ်ခန်းလုံး ဟိန်းထွက်သွားသည်......
"ရွှန်း ရွှန်းလဲ့မာန်.... ဘာတွေရှောက်ပြောနေတာလဲ....."
"ဟယ်....Boss....နေဉီးလေ....Meetingရှိသေးတယ်လေ....အဟိ....ရှက်သွားတာ ကြည့်စမ်း....ပြောတော့များ....အချစ်မလိုပါဘူး...ဘာမလိုပါဘူးနဲ့....အခုလိုကျတော့လည်း ရှက်ပြေးသွားတာ...ဟိ"
ရုံးခန်းထဲက ထွက်သွားတဲ့ Bossဖြစ်သူကို ကြည့်ပြီး ရွှန်းလဲ့မာန်တစ်ယောက် တခွီခွီနဲ့ ရယ်လို့မပြီးနိုင်တော့ချေ.....
YOU ARE READING
𝐁𝐥𝐨𝐨𝐝𝐲 𝐋𝐨𝐯𝐞(သွေးစွန်းနေတဲ့အချစ်)🔞
Horror(ကြမ်းတမ်းသည့် စကားလုံးများ ပါသည့်အတွက် စာဖတ်သူ၏ သဘောထားအပေါ် မူတည်ပါသည်🔞) ဖခင်ကို မုန်းတီးနေကြတဲ့ အမွှာမောင်နှမ နှစ်ယောက် လောကကြီးထဲမှာ အကြမ်းတမ်းဆုံး လူသားတွေဖြစ်လာခဲ့သည် " Demonတွေက ဘယ်တုန်းက သူ့သားကောင်တွေကို လွှတ်ပေးခဲ့လို့လဲ့" သူတို့ဟာ ဘယ်သူတ...