Part-(13)(Unicode)

157 10 2
                                    

တိတ်ဆိတ်နေသောအခန်းတစ်ခန်းတွင်
ဝါကျင့်ကျင့်အရောင်ရှိသော မီးတစ်လုံးသာထွန်းထားသည်။ထိတ်လန့်ဖွယ်ကျယ်လောင်စွာထွက်အန်လာသည့်ဖုန်းသံကြောင့် နောက်ပြန်ကြိုးတုတ်ခံထားရသည့်လူမှာလည်း ကုန်းပေါ်ရောက်လာသည့် ငါးကဲ့သို့အသက်လုရှူနေရသည်။

သြရှရှနဲ့အေးစက်လှသည့်အသံသည် အာဏာစက်ပြင်းလှသည်။ထိုလူကစီးပွားရေးလောကတွင် လူငယ်စီးပွားရေးလုပ်ငန်းရှင်များထဲမှ အအောင်မြင်ဆုံးဖြစ်သည့် သူရိန်ထက်မြတ်ပင်ဖြစ်သည်။တစ်နည်းအားဖြင့် မြေအောက်လောကရဲ့အရှင်ဘုရင် Leoပင်ဖြစ်သည်။

"အင်း Van"

📞Boss စုံစမ်းခိုင်းထားတဲ့ ကောင်လေးအကြောင်းသိရပါပြီ Boss

"အင်း ဆက်ပြော''

📞ကောင်လေးနာမည်က နွေဦးကြွေတဲ့ အသက်က19ပါ ဆေးကျောင်းဒုတိယနှစ်လို့သိရပါတယ် အရင်ကပဲခူးမှာနေပါတယ် အခုတော့ဦးမြင့်မောင်မောင်တို့မိသားစုနဲ့အတူနေပါတယ်

"အင်း ဦးမြင့်မောင်မောင်ဆိုတာ Sunshine Group ကဦးမြင့်မောင်မောင်ကိုပြောတာလား"

📞ဟုတ်ပါတယ် Boss

"ကောင်လေးနဲ့ ဦးမြင့်မောင်မောင်မိသားစုနဲ့ဘယ်လိုပတ်သတ်လဲဆိုတာရယ် ကောင်လေးမိသားစုနောက်ကြောင်းရယ်ပါ စုံစမ်းလာခဲ့ Van''

📞ဟုတ်ကဲ့ပါ Boss

ထိုလူကဖုန်းပြောပြီးတာနဲ့ ဖုန်းကိုအနီးနားရှိခုန်ပေါ်တင်၍ သူ့ရဲ့စူးရှလှသည့် အကြည့်များက လက်ပြန်ကြိုးတုတ်ခံထားရတဲ့လူရှိတွင်ရှိနေသည်။

"မျိုးမြင့် မင်းကို စဥ်းစားဖို့အချိန်တစ်နာရီပေးပြီးပြီ ငါဘာကြားချင်လဲမင်းသိတယ် မဟုတ်လား"

"ကျွန်...ကျွန်တော် မဟုတ်ပါဘူး Boss အဲ့ပစ္စည်းတွေခိုးထုတ်တာ ကျွန်တော်မဟုတ်ပါဘူး"

အကြောက်အကန်ငြင်းနေတဲ့မျိုးမြင့်ကို ထိုလူက သူ၏စူးရှလှသော မျက်လုံးများကိုမှေးကျဥ်းကာစိုက်ကြည့်ပြီး

"ဪ ဟုတ်လား မင်း မဟုတ်ဘူးလား ငါကငါ့ရဲ့ဂိုဒေါင်တွေကို CCTVမတက်ပဲဒီတိုင်းထားလိမ့်မယ်လို့မင်းထင်ရင် မင်းစိတ်ထဲမှာ ငါဆိုတဲ့ Leoကို တော်တော်လေးလျှော့တွက်ထားတာပဲ''

ဤနွေမှစ၍နွေဦးကိုချစ်ခဲ့ရသည်(ဤနွမှေစနွဦေးကိုချစ်ခဲ့ရသည်)Wo Geschichten leben. Entdecke jetzt