9

2.8K 187 28
                                    

ဒီနေ့ကကျောင်းပိတ်ရက်ဖြစ်တာကြောင့် ကျောင်းတော့မသွားရပေမယ့် အဖေဖြစ်သူကိုကတိပေးထားတဲ့အတိုင်းအလုပ်တော့ဆင်းရသည်..

သို့သော် တလဆိုတဲ့အချိန်ကာလလေးကိုသတိရသွားကာ အဖေဖြစ်သူကို Taehyung နဲ့အပြင်သွားစရာရှိလို့ဆိုကာ အလုပ်မလာနိုင်ကြောင်းပြောလိုက်သည်..

# အဖေကလည်းတရက်ထဲပါ #

# နောက်မရဘူး #

# နောက်ဆို သားအလုပ်ပဲအာရုံစိုက်တော့မှာပါ#

# သား #

# ဟုတ် #

# အဆင်ပြေရဲ့လား #

Jungkook ကလိုချင်တာကိုမရမကယူတက်တဲ့အကျင့်လေးတခုကလွဲ၍ အလွန်မှစိတ်သဘောထားနူးညံ့တဲ့ Green flag လေး..

နိုင်ငံခြားမှာပညာသင်လာတဲ့ကာလ ဒီအသက် အရွယ်ထိ မိန်းမလိုက်စားခြင်းတစက်ကလေးတောင်မရှိခဲ့ပဲ သူငယ်ချင်း အရင်းကြီးတွေနဲ့တွေ့မှသာလေ အရက်သောက်တက်သည်..အပျော် အပါးမမက်သလိုအနေအေးတဲ့ထဲမှာပါတဲ့သူမျိုးဖြစ်သည်..

# ပြေပါတယ် အပါး #

# အေးအေး ပြီးရောပြီးရော #

အဖေဖြစ်သူနဲ့ဖုန်းပြောပြီး မျက်နာသစ်ပြီး အိမ်ပေါ်ကနေဆင်းလာခဲ့သည်..လှေကားကနေလှမ်းမြင်လိုက်တာက နောက်ခန်းထဲ တယောက်ထဲမနက်စာစားဖို့လုပ်နေတဲ့ Taehyung.အနောက် ကနေသွားကာ Taehyung ရဲ့ခါးလေးကိုသိုင်းဖတ်လိုက်ပြီး ပခုံးပေါ်မေးလေးတင်လို့..

" ကလေး "

" ခင်များ အလုပ်မသွားဘူးလား "

" ကိုယ့်မှာကလေးနားနေဖို့ အချိန်တလပဲရှိတာလေ အလုပ်တွေလုပ်နေရင်အချ်ိန်တွေကုန်သွားမှာပေါ့ ဖယ် မနက်စာကိုယ်လုပ်ပေးမယ် သွားထိုင်နေ "

သူ့ခါးလေးကိုဖတ်ထားရာကနေဖယ်ကာ သူကိုယ်မှာဝတ်လို့ထားတဲ့ အေပရွန်ချွတ်ယူပြီး ဝတ်လို့ သူလုပ်လက်စပေါင်မုန့်ကိုသိမ်းလိုက်ကာ ရေခဲသေတ္တာထဲကနေအခြားအစားအသောက်တွေထုတ်ကာ ချက် ပြုတ်ဖို့ပြင်နေတဲ့ Jungkook ကို ဘေးမှာရပ်ကြည့်နေလိုက်သည်..

" ဘာလို့လည်းကလေး ပေါင်မုန့်ပဲစားချင်လို့လား "

" မဟုတ်ပါဘူး ခင်များချက်ပါ ခင်များချက်တာစားမှာပါ "

My Possession (complete) Where stories live. Discover now