အပိုင်း - ၈

414 79 9
                                    

Unicode

ကုယန်ရှန်း နှင့် ယီဝေ ညစာ စားပီးနောက် သူတို့နှစ်ယောက် လေးနက်စွာ မျက်နှာချင်းဆိုင်ထိုင်လိုက်ကြတယ်။

" မင်းကိုဖမ်းတဲ့ သူနာမည်က မစ္စ မီလာ ဖမ်းတဲ့ရည်ရွယ်ချက်က မင်းရဲ့ မွေးစားအ‌မေ သူမကိုခြိမ်းခြောက်ဖို့ အတွက် ဖမ်းတာ ..." ကုယန်ရှန်းကပြော၏။" မနက်ဖြန် တရုတ်ပြည်ကိုပြန်မယ် ...မင်းပါကိုယ်နဲ့ တခါထဲလိုက်ခဲ့"

ယီဝေ က ဒီမှာနေပီးကလေးမွေးမယ်လို့ ကုယန်ရှန်းကိုစည်းရုံးပေမယ့်လည်း ဒီမှာနေတာကပိုပီးအန္တရယ် ရှိတယ်ဆိုရင်တော့ သူမနေနိုင်တော့တာ သေချာပါတယ်။

" ကျွန်တော် တရုတ်ပြည်ကို ပြန်သွားခဲ့ရင် အမေကဘယ်လိုလုပ်မလဲ " ယီဝေ အခုအလွန်စိုးရိမ်နေပီး " သူမ ကျွန်တော်နဲ့ တရုတ်ကို ပြန်လာဖို့ မပြောနဲ့...သူမ က သူမနေတဲ့ နေရာကနေ ထွက်ခွာသွားချင်မှာ မဟုတ်ဘူး "

" ကိုယ်တို့ နဲ့ အတူတရုတ်ပြည် ပြန်ဖို့ ရအောင်ပြောမယ် " ကုယန်ရှန်းက ပြောလိုက်၏။

ယီဝေ က သက်ပြင်းချလိုက်တယ်။ သူ့မွေးစားအမေ ကိုပြောဖို့ကလွယ်မှာမဟုတ်ဘူး .... သူမ ကိုနားချဖို့ ပြောတဲ့သူတေတောင် အဆုံးမှာ သူမကြောင့် လက်လျော့သွားကြတာချည်းပဲ....သူမရဲ့စိတ်ပိုင်းဆိုင်ရာရောဂါ မတည်ငြိမ် ဖြစ်တဲ့အခါ အခြားသောစိတ်ပိုင်းဆိုင်ရာပညာရှင်များကလည်း ထိုအရာကို လွှမ်းဆွေးမှုကြောင့်လို့ သတ်မှတ်လိုက်သည်။

" သူမ သွားချင်သည်ဖြစ်စေ မသွားချင်သည်ဖြစ်စေ မင်းကတော့ ကိုယ်နဲ့ ပြန်လိုက်ခဲ့ရမယ် " ‌ကုယန်ရှန်းက ပြောလိုက်၏။ တရုတ်ကို ပြန်ရောက်တာနဲ့ လက်ထပ်စာချုပ်နဲ့ စာရင်းသွင်းဖို့ အရင်လုပ်မယ် "

ယီဝေ သူကလေး မမွေးခင် တရုတ်ကို မပြန်ချင်သေးရာကုယန်ရှန်း နဲ့ ထွက်သွားမယ်ဆိုရင် သူ့မွေးစားအမေ တယောက်ထဲ ဖြစ်နေရင်အန္တရာယ်ဖြစ်မှာဆိုးတာ‌ ကြောင့် သူ စိတ်မသက်မသာ ဖြစ်ရသည်။ ဒါပေမဲ့လည်းသူကကိုယ်ဝန်ရှိနေလို့ ကိုယ်တိုင်စွန့်စားလို့လည်းမရပေ ၊ သူဒီမှာနေခဲ့ရင် အရှုတ်အထွေး များ သူ့ဆီလာမှာဖြစ်သည်။

You've reached the end of published parts.

⏰ Last updated: Apr 17 ⏰

Add this story to your Library to get notified about new parts!

အဆင့်အတန်းမြင့်သောလူချမ်းသာကြီးရဲ့ဆက်ခံသူကိုမွေးဖွားပီးနောက်(ဘာသာပြန်)Where stories live. Discover now