အပိုင်း(10)

2K 129 7
                                    

"မိုရာ..ဘာလို့သူပြောတာကို လက်ခံရတာလဲဘယ်လောက် အန္တာရယ် များလဲ''

ခါရူး မိုရာ့အတွက်အရမ်းစိူးရိမ်နေရသည်။ အကိုကြီး ပြောတာကို လက်ခံလိူ့ပင်ဖြစ်သည်။.တခြားသူတွေအတွက်ဆိုရင် သာမာန်ရေလေးသောက်ရုံလို့ထင်ပေမဲ့ မျိုးနွယ်စုတွေထဲက တစ်ချိူ့သာသိတဲ့ ဓလေ့တစ်ခုပင်ဖြစ်သည်။ မျိုးနွယ်စု က နတ်ဘုရားကိုပဲကိုးကွယ်ကြတာများသည်။.အခု မိုရာ လက်ခံလိုက်တဲ့အရာက အရမ်းကို အန္တာရယ် များလွန်းသည်။

" အရမ်းကြီး မစိုးရိမ်ပါနဲ့ မိုရာ့ ကို မယုံဘူးလားဟင်''

ရင်ပြင် ကနေ အဆောင်ကိုပြန်ရောက်တာနဲ့ ခါရူးက မိုရာ့ကို ထိုင်ခုံမှာထိုင်ခိုင်းပြီး သူပါဝင်ထိုင်ကာ မနားတမ်းပြောနေခြင်းပင်။ မိုရာ့ ကတော့ ကိုယ့်ရဲ့ ဖြူစင်မှုကို ကိုယ်သိတဲ့အတွက်သိပ်မစိုးရိမ်ပါ။.အခုတော့ ဒီလူကြီး စိတ်အေးဖို့အတွက် ပြန်ဖြောင်းဖျနေရသည်

" မိုရာ့ကို ယုံပါတယ် ဒါပေမဲ့ ''

"ရပြီ  မိုရာ့ကိုယုံရင်ရပြီလေ စိတ်မပူပါနဲ့ ဟုတ်ပြီလား ''

"အင်း ပါ.မနက်ဖန် တစ်ခါထဲ လက်ဆက်ပွဲ ကျင်းပမယ် အဲ့အတွက်အဆင်သင့်ပြင်ထားပါ ဝတ်ရုံလဲ ပို့လိုက်မယ်''

"ဟုတ် အရှင်လဲ နားတော့လေ ပြန်လာထဲက အေးဆေးမနားရသေးဘူးမလား''

"အင်း  တစ်ခုခု လိုရင်ချန့်ကိုပြောလိုက် သူအကုန်စီစဥ်ပေးလိမ့်မယ် ဒါမှ မဟုတ်လဲ ကိုယ့်ကိုပြော''

"အင်း ပါ...ဒါနဲ့ နေ့လည်စာကို ကျွန်တော့်ဆီလာစားပါလား ချက်ကျွေးချင်လိူ့''

"ဟုတ်ပါပြီ  ကဲ ကိုယ်သွားပြီ''

"နှုတ်ဆက်ပါတယ် အရှင်''

ခါရူး ထွက်သွားမှပဲ မိုရာလဲ စဥ်းစားခန်းဖွင့်ရသည်။ရင်ပြင်က အခြေအနေအရ အကြီးအကဲတစ်ချိူ့က မိုရာ့ကို လက်မခံချင်ကြတာ သိသည်။.ပြီးတော့ ခါရူးရဲ့ ပထမ ဇနီးကလဲ အမြင် မကြည်တာကျိန်းသေသည်။.ဒီတိုင်း နေလိူ့တော့ မရ အကြီးအကဲတွေနဲ့ခါရူးသာ မိုရာ့ဖက်ရှိနေရင် ကျန်တာက အရေးမကြီးပေ။.အဲ့တော့ တစ်ခုခုတော့ လုပ်ရမည်။.မိုရာ ကျွမ်းကျင်တာကလဲ ဝိုင်ချက်တာနဲ့ အကျီ ချုပ်တာပဲရှိတော့ အာ့နှစ်ခုနဲ့ပဲ အဆင်ပြေအောင်လုပ်ရမည်။

ချစ်ရပါသောကိုယ့်ရဲ့ 'မိုရာ'(Completed) Where stories live. Discover now