Part(22)Uni+Zaw

714 21 2
                                    

"ငါ....."

"ပြွတ်"

ဓန သဝဏ်၏ လက်လေးကို နမ်းလိုက်သည်။

သဝဏ်က ကျွန်တော်ပြောတဲ့စကားကို ဖြည်းဖြည်းချင်းလက်ခံလဲရပါတယ် ၊ အကယ်၍ ကျွန်တော်ရှင်းပြတာကို သဝဏ် မယုံဘူးဆိုရင် သူတို့နဲ့တွေ့ပေးပါမယ်"

"ငါ မင်းရှင်းပြတာကို မယုံတာမဟုတ်ပါဘူး ငါသိချင်တာက မင်းကဆက်ပြီး အဲ့မှာ သွားလုပ်အုံးမှာလား"

"ကျွန်တော် အဲ့ကိုမသွား‌တော့ပါဘူးသဝဏ် ၊ကျွန်တော်ပေးတဲ့ လက်စွပ်လေးကို လက်မခံတော့ဘူးလား သဝဏ် ၊ကျွန်တော်ကို ချက်ချင်းအဖြေပြန်ပေးစရာမလိုပေမယ့် ကျွန်တော် လက်စွပ်လေးကို လက်ခံပေးပါနော်"

"အင်း မင်းဝတ်ပေးလေ ၊မင်းဒူးထောက်မထိုင်နေနဲ့တော့ ‌အပေါ်မှာ လာထိုင်တော့"

ဓန သဝဏ်ဘေးတွင် ဝင်ထိုင်လိုက်ကာ ဓနပေးထားသည့် လက်စွပ်လေးအား သဝဏ်ဝတ်ထားသည့် အဖွားပေးလိုက်သည့် လက်စွပ်‌အပေါ်တွင် ဝတ်ပေးလိုက်သည်။

"သဝဏ် ကျွန်တော် ဘာလို့ ခရမ်းရောင် ကျောက်လေးနဲ့ပေးလဲသိလား"

"ဟင့်အင်း ‌မင်းပေးတာကို ငါက ဘယ်လိုလုပ်သိမှာလဲ"

"သဝဏ်က ကျွန်တော်ရဲ့ စိတ်နှလုံးလေးကို ကြိုးလေးတစ်ချောင်းချင်းစီနဲ့ နှောင်ဖွဲ့ခဲ့သလို၊ ကျွန်တော်ကလဲ သဝဏ်ကို နှောင်ဖွဲ့ချင်လို့၊ ပြီးတော့ ကျွန်တော်ကသဝဏ် အတွက် လုံခြုံနွေးထွေးမှု၊ ရဲရင့်မှုတွေနဲ့အတူ နက်ရှိုင်းတဲ့ချစ်ခြင်းတွေကို ပေးဖြင်းတာဖြစ်တဲ့အတွက် ခရမ်းရောင်ကျောက်လေးကိုထည့်ပေးထားတာ၊ အဲ့တော့ သဝဏ်က ကျွန်တော့်ကို ချစ်မေတ္တာ ကြိုးလေးတွေနဲ့ ဆက်ပြီးဆော့ ချည်နှောင်ပေးပါအုံးနော်"

သဝဏ် ဓန၏ စကားကို ကြားလိုက်ရသည့်အခါ ရင်ထဲတွင် ဝမ်းနည်းမှုနှင့် အတူ ရင်ခုန်ခြင်းတွေကိုပါ ခံစားလိုက်ရသည်။ ဓနက သူကို တစ်ရက်ထဲမှာ နှစ်ကြိမ်မြောက်ရည်းစားစကားပြောနေသလိုခံစားရလာသည်။ သဝဏ်ထိုသို့တွေးမိတော့ ပြုံးမိသွားသည်။

"ကျွန်တော်ပြောတာကို သဘောကျလို့ပြုံးတာလား သဝဏ်"

ဓန သဝဏ်ကို ကြည့်နေချိန်  ပြုံးသွားသည်ဖြစ်၍ မေးလိုက်ခြင်းဖြစ်သည်။

Making Purple Home (Complete)Tahanan ng mga kuwento. Tumuklas ngayon