Morning Mg 💛 - Part - 1

3.3K 12 1
                                    

(ဒီမှာတော့ ကိအစား ကိုယ့်ကိုယ်ကိုယ် ကျွန်မလို့ပဲသုံးပါရ‌စေ)

ဆရာမဂျူးရဲ့ မောင်တို့ မမရဲ့မောင်တို့တော့ ကျွန်မ မသိဘူး

ကျွန်မမြတ်နိုးခဲ့ရဆုံး ပိုင်ဆိုင်ချင်ခဲ့ရဆုံးနဲ့ အတွေ့အထိမပါပဲ စွဲလမ်းအောင် ကျွန်မမုန်းပါတယ်ဆိုတဲ့ Tattoo ကို ကျွန်မကိုယ်ပေါ်မှာ ပထမဆုံးနဲ့ နောက်ဆုံး သူ့နာမည် ရေးထိုးရလောက်တဲ့ထိ သူ့ကို ကျွန်မ စိတ်ထဲစွဲနေအောင် လုပ်နိုင်ခဲ့တဲ့သူတစ်ယောက်ကိုတော့ ကျွန်မ မြတ်မြတ်နိုးနိုးနဲ့ "မောင်" လို့ခေါ်ခဲ့ဖူးတယ်။

မခေါ်ရတာကြာပြီဖြစ်တဲ့နာမ်စားလေးကော သူ့အကြောင်းကိုကော ပြန်တွေးရင်း အခုရေးနေရင်းနဲ့ပဲ ရင်ဘတ်ထဲမှာ စို့တက်နေတုန်းပဲ ချစ်ခဲ့ရတာကိုး

မောင်နဲ့က
Wrong Time, Wrong Person, Wrong Place ဖြစ်ခဲ့တာလား
Wrong Time, Right Person, Wrong Place ဖြစ်ခဲ့တာလားလို့
ကျွန်မ ဝေခွဲမရပေမဲ့ ကျွန်မသိပ်ချစ်ခဲ့ရတဲ့အမျိုးသားလေးတစ်ယောက် ဖြစ်ခဲ့ဖူးတာ သေချာတယ်။

မောင့်အသက်က ကျွန်မနဲ့တွေ့ခဲ့တဲ့အချိန် ၁၉နှစ်ပဲရှိသေးတယ်။ မောင်နဲ့ကျွန်မ (၄)နှစ်ကွာတယ်။
စုံတွေ့ခဲ့တာ Telegram Dark Gp ကြီးတစ်ခုမှာတွေ့ခဲ့တာ
Daddies I Met Part - 1 ထဲက Daddy နဲ့ငြိပြီးနောက်ပိုင်း သူနဲ့ငြိခဲ့တဲ့အချိန်တွေကို ပြန်ပြောရအောင်

တကယ်တမ်းအဲ့အချိန်က
Shhh don't let my gf know မှာပြောခဲ့သလိုပဲ စိတ်ထွက်အနေနဲ့ Social Life ကို စိတ်ကြိုက်သောင်းကျန်းဖို့ telegram ကိုရောက်လာခဲ့တယ်။

ဘာအတွက် စိတ်ထွက်ပေါက်လဲဆို ၃နှစ် နီးပါးတည်ဆောက်ထားတဲ့ Relationship ကို ကိုယ်တိုင် Broke up လုပ်ခဲ့တဲ့အချိန်ဖြစ်နေလို့ပဲ

အရင်ကတွေးခဲ့မိတာ အချစ်ရေးမှာ ငါ "ကိုယ်ချစ်" ကိုရွေးခဲ့မိလို့ ငါပဲခံစားရတယ် "သူချစ်" ကိုရွေးရင် စိတ်ချမ်းသာရမယ်ထင်ခဲ့တာ စိတ်တော့ချမ်းသာရပါတယ် မချစ်တဲ့သူကို အောင့်အင်းနမ်းနေမိသလိုမျိုးဖြစ်နေလို့ broke up လုပ်ခဲ့တယ် "သူချစ်"ဆိုတဲ့လူဂရုစိုက်ခဲ့တဲ့ ကိရဲ့တနေ့တာ‌အချိန်တွေအကုန်လုံးကို အစားထိုးဖို့ Side chick တွေ ၆ယောက်‌ တပြိုင်နက်တွဲခဲ့တယ်။

my dark soulsWhere stories live. Discover now