အသံသွင်းstudio တစ်ခုတွင်
:"ပန်းလေးတွေနဲ့ ရနံ့နဲ့ အေးမြတဲ့ အငွေ့အသက်တွေကြောင့် လူကို လန်းဆန်းစေမယ့် **** ခေါင်းလျှော်ရည်"
(ကြေညာအသံသွင်းနေသံ):"ok ရပြီ အဆင်ပြေတယ် အလုပ်ဆင်းလို့ရပါပြီ"
"ဟုတ် ပြန်လိုက်ပါအုံးမယ်"
ခေါင်းလျှော်ရည်ကြေညာအတွက်အသံသွင်းပြီးနောက် ယူရီ သည် အိမ်ပြန်ရန်studio မှအထွက်တွင် ယူရီ့ ဖုန်းသို့ ယူရီ့သူငယ်ချင်းမီရန်းဆီမှ ဖုန်းဝင်လာသည်။
ယူရီသည် ဖုန်းကိုကိုင်လိုက်ချိန်တွက်တစ်ပြိုက်နက် မီရန်း၏အသံမှာစိတ်လှုပ်ရှားနေဟန်တွေ့ရသည်။"အင် မီရန်း ဘာလဲ"
"နင်အိမ်ကို အမြန်ပြန်လာတော့!!"
ဖုန်းကိုင်လိုက်သည့်အခါထွက်လာသည့် မီရန်းအသံကြောင့်ယူရီလန့်သွားသည်။
"နင်လုံးဝလန့်သွားမယ့်လူဆီကနေပစ္စည်းတစ်ခုရောက်လာတယ်"
ယူရီသည်အနည်းငယ် ကြောင်တောင်"ဖြစ်သွားသည်။
"ငါမြင်ရင် လန့်သွားမယ့်လူဆီကပစ္စည်းဘယ်သူမို့လို့လဲ"
"အိမ်ကိုသာအမြန်ပြန်လာစမ်းပါ! အိမ်ရောက်ရင်ပြောပြမယ်"
ယူရီ:"ဟဲ့! ဟဲ့! နေဦး"ယူရီပြန်ပြောချိန်မရလိုက်ခင်ပင် မီရန်းကဖုန်းကိုတစ်ဖက်သက်ဖုန်းချသွားသည်။
ယူရီနှင့် မီရန်းမှာ အလယ်တန်းကတည်းက အချစ်ဆုံးသူငယ်ချင်းဖြစ်လာရာ အခုအချိန်ထိ သူတို့၏ကြားမှ ဆက်ဆံရေးသည်ခိုင်မြဲစဲဖြစ်သည်။သူတို့သည် နှစ်ယောက်ပေါင်းကွန်ဒိုတစ်လုံး ဝယ်ကာအတူနေကြသည်။
ယခုအခါသည် ယူရီသည် မီရန်း၏ အရေးတစ်ကြီးခေါ်ယူမှုကြောင့်အိမ်ကိုပြန်လာနေပွီဖွဈသညျ။
ယူရီအိမ်နှင့် အလုပ်studio မွာ နီးသဖြင့် မိနစ်၂၀ လောက်သာကားမောင်းလိုက်ရသည်။သူတို့နေသော ကွန်ဒိုကိုရောက်ပြီဖြစ်သည်။အိမ်ပေါ်သို့ရောက်၍ ဖိနပ်ချွတ်ပြီး၍ အိမ်ထဲပင်မဝင်ရသေးမီရန်းသည် ယူရီကို ဆွဲခေါ်သွားသည်။ဧည့်ခန်းထဲအရောက်တွင် မီရန်းသည် ယူရီ့လက်ထဲပါဆယ် ထုပ်တစ်ထုပ်လှမ်းထည့်ကာ
သူမ၏ အေးစက်နေသောအသံများနှင့်
YOU ARE READING
Liar
Romanceဟေသာရဲ့ Debut fic မို့လို့ ဖတ်ပေးကြအုံးနော် Rom-Com လေးမို့ spoiler!! ယခုလည်း ကျောင်းအပြန်တွင် တွေ့သောကောင်လေးကို ကြိုက်မိသွားပြန်ပြီဖြစ်သည်။ မီရန်း:"ယူရီ! နင်ကူညီမှာလားမကူညီဘူးလား" ယူရီ:"ဒီတစ်ခါ နောက်ဆုံးလို့ကတိပဂန်ဟ မီရန်း:"ရတယ်လေ ကတိပေးတယ်" ယူ...