[၂၃၉] ရှုံးနိမ့်သွားသောမာရှယ်။

1.5K 311 3
                                    

Arc(10) ရှုံးနိမ့်သွားသောမာရှယ်(၁၇)။

ဇာ့ဂျ်ဘုရင်ကသူ့ကိုလှည့်စားသွားခဲ့မှန်းသိလိုက်ရပြီးနောက် ဟော့ရှီစစ်မကျေမနပ်မဖြစ်မိပေ။ ဆန့်ကျင်ဘက်အနေနှင့် သူ့ရင်ထဲမှာပျော်ရွှင်မှုတစ်စွန်းတစရှိနေပြီး သူ့မျက်ဝန်းထဲမှာအပြုံးတစ်ပွင့်ပင်ရှိနေသေးသည်။

အနည်းဆုံးတော့ဒါကဇာ့ဂျ်ဘုရင်မှာစစ်ပြေငြိမ်းရေးနှင့်ပူးပေါင်းရေးအတွက်ကြီးမားသောရည်ရွယ်ချက်များရှိကြောင်းပြသလို့နေသည်။ အရေးကြီးဆုံးအရာကတစ်ဖက်လူမှာဒီရက်ပိုင်းဟန်ဆောင်နေပြီး သူ့ကိုပိုးပန်းအောင်စစ်ပြေငြိမ်းရေးကိုငါးစာအဖြစ်တမင်သုံးလိုက်ပုံပင်။

လတ်စသတ်တော့တစ်ဖက်လူကသူထင်တာထက်ပိုပြီးသူ့ကိုသဘောကျနေလောက်တယ်။

ဒါပေမဲ့ရှောင်လုတွေးတာများသွားပြီး။ ဘာလို့သူ့ကိုအမိဖမ်းဖို့ငါးစာသုံးဖို့လိုမှာလဲ။

ဟုတ်တယ်၊ ရှောင်လု။

သူအခုပဲသတင်းကြည့်ပြီးတော့ဇာ့ဂျ်ဘုရင်၏နာမည်အရင်းကိုသိလိုက်ရသည်။ သူမနေနိုင်ဘဲရင်ထဲမှာရေရွတ်လိုက်မိပြီး သူ့နှုတ်ခမ်းထောင့်များအလိုလိုကော့တက်သွားသည်။

ဟဲ့ရှောင်းမတော်တဆအနောက်လှည့်ကြည့်မိတော့ဒါကိုမြင်သွားပြီး သူ့ဦးရေပြားအကြောင်းမဲ့ထုံကျင်သွားရသည်။ သူမနေနိုင်ဘဲသူ့ဘေးကဝမ်းဟောင်ယွိကိုစနောက်ကာခပ်တိုးတိုးပြောလိုက်သည်။
"အိမ်း၊ လောင်ဟော့ရဲ့အပြုံးကနည်းနည်း....ထူးဆန်းနေတယ်လို့မထင်ဘူးလား။"

ဝမ်းဟောင်ယွိကအနောက်တစ်ချက်လှည့်ကြည့်ပြီးနောက်အရှေ့ကိုပြန်လှည့်လာသည်။ ထို့နောက်သူအလေးအနက်ပြောလိုက်သည်။
"ဗိုလ်ချုပ်၊ ဗိုလ်ချုပ်လည်းလက်ထပ်တုန်းကဒီလိုမျိုးပြုံးနေခဲ့တာလေ။"

ဟဲ့ရှောင်း: "လစ်လိုက်တော့။"

စကားဝိုင်းကိုကြားပြီးနောက်ဟော့ရှီစစ်သူတို့ကိုတစ်ချက်ကြည့်ကာလှည့်ထွက်သွားလိုက်သည်။

ဇာ့ဂျ်ဂြိုဟ်မှာသာထုတ်လွှင့်ပြတတ်သည့်ယခင်သတင်းများကဲ့သို့မဟုတ်ဘဲ ဒီတစ်ခေါက်သတင်းကိုတော့အင်ပါယာဂြိုဟ်ဆီထုတ်လွှင့်ခဲ့သည်။

ငါလှည့်စားခဲ့တဲ့ဇာတ်လိုက်ပြန်မွေးဖွားလာပြီဟ || ဘာသာပြန် [ Book-2 ]Where stories live. Discover now