အပိုင်း ၆၇

7.6K 601 92
                                    

''ကိုယ်ဝန်...''

နားနှင့်ရှင်းလင်းစွာကြားလိုက်ရသည့် သူငယ်ချင်းဖြစ်သူရဲ့စကားသံကြောင့် မယုံနိုင်စွာနှင့် ခပ်ကျယ်ကျယ်မေးမိသည်။ကိုယ်လက်နှီးနှောခြင်းများရှိခဲ့ပါသော်လည်း မောင်ခတ္တာဟာယောကျာ်းသားတစ်ယောက်ဖြစ်ပြီး ဒီကိစ္စကဘယ်လိုများ။

''လာမကျီစယ်စမ်းနဲ့ဇော်ဇော်''

''ဒါကျီစယ်စရာကိစ္စလားကွ မျိုးဆက်ထင် ... ခတ္တာမှာ သန္ဓေတည်နိုင်တဲ့ အင်္ဂါရပ်တစ်ခုပါပါရဲ့ မင်းတို့အတူတူကိုယ်လက်နှီးနှောခဲ့ကြရင် ဒါကိုယ်ဝန်ဆိုတာအသေအချာပဲ''

''မောင်ခတ္တာကယောကျ်ားသားတစ်ယောက်ပါအားလုံးထပ်ငါပိုသိပါရဲ့ကွာ မ.. မဖြစ်နိုင်ဘူးဇော်ဇော်''

''ခက်တော့တာပဲမျိုးဆက်ထင် ငါအမှန်တကယ်မင်းကိုပြောနေတာကွ''

ဇော်ဇော်ရဲ့ လေးနက်နေသည့်မျက်နှာပုံစံကိုကြည့်ရင်းနားထင်မှချွေးများကျလာသည်။လက်ဖျားများ ခြေဖျားများဟာလည်းအေးစက်လာသည့်အသွင်ရှိပြီးဦးနှောက်ထဲဗလာဖြစ်သွား၏။

ထိုစဥ် အပြင်မှပြန်လာသော ဘထွန်းဟာစိုးရိမ်တကြီးနှင့်အိမ်ထဲသို့ဝင်လာ၍ အနောက်မှ ဒေါ်စုံနှင့် အိမ်တွင်ရှိသောကလေးမလေးများဟာလည်းပါလာကြပြီး ဆက်ထင်တို့အနားသို့ရောက်လာသည်။

''လူလေး...ဘာဖြစ်တာပါလဲခဗျာ''

ထိုအခါဇော်ဇော်က ဘထွန်းဘက်ကိုလှည့်ကြည့်၍။

''ခတ္တာမှာ ကိုယ်ဝန်ရှိနေရဲ့''

''အို...''

အားလုံးအံ့သြမင်သက်သွားကြသလို မောင်ဘထွန်းဟာလည်းအံ့သြသွားဟန်ရှိပေမယ့် ထိုတအံ့တသြဖြစိသွားသည့်မျက်နှာအမူအရာဟာစက္ကန့်ပိုင်းမျှသာမလို့ဆက်ထင်မျက်ခုံးများပင့်သွားရသည်။

''ခတ္တာနဲ့ပတ်သက်လို့တစ်ခုခုသိထားတာများရှိသလား ခတ္တာ မယ် မျိုးပွားနိုင်တဲ့အင်္ဂါရပ်ပါ​ပြီးကိုယ်ဝန်ရှိတဲ့ လက္ခဏာတွေဖြစ်နေရဲ့ဒါကြောင့်ဦးဘထွန်းသိထားတာများရှိရင်မဆိုင်းမတွပြောပါဦး''

ဇော်ဇော်ပြောလိုက်သည့်အခါ မောင်ဘထွန်းက သက်ပြင်းတချက်ချ၍ ခေါင်းတဆတ်ဆတ်ငြိမ့်လာသည်။ထို့နောက် မယုံကြည်နိုင်ခြင်းများစွာနှင့် ကြောင်အနေသောဆက်ထင်ဘက်သို့ကြည့်လာပြီး။

Rebirth As Khattar (ခတ္တာအဖြစ်ပြန်လည်မွေးဖွားခြင်း)Completed Waar verhalen tot leven komen. Ontdek het nu