Ep - 36

611 126 13
                                    


Unicode

ဘာဘီကျူး၏တည်နေရာကတော့ အဆောက်အဦးရဲ့အနောက်ဘက်ရှိ အရိပ်ရတဲ့နေရာတွင်ဖြစ်သည်။ ရာသီဥတုအပူချိန်ကအရမ်းမပူဘဲ လေတဝှီးဝှီးတိုက်ခတ်နေသောကြောင့်နေထိုင်လို့ကောင်းနေခဲ့၏။ ထိုကဲ့သို့အခြေနေက ဘာဘီကျူးအတွက် အမှန်တကယ်ကိုသင့်လျော်လှသည်။ ဥယျာဉ်သည် ကျယ်ဝန်းပြီး လျှပ်စစ်မီးဖိုတစ်ခုရှိကာ ပါဝင်ပစ္စည်းများကို စားပွဲပေါ်တွင် ခင်းကျင်းထားသည်။ သူ မနေ့ကစားခဲ့သော ဘူဖေးနှင့်တောင် တူသည်။

ဘူဖေးစားတာထက် ပိုကောင်းတာက အသားကင်ပေးဖို့  ကူညီပေးတဲ့လူတွေ ရှိနေတာပင်။

ယွီကျစ်ယွီ အသားကင်အနံ့ကို ရူသွင်းလိုက်ပြီး လောဘတကြီးဖြစ်လာသော်လည်း ဖူဟန်ဆီ အရင် ပြေးသွားနေတုန်းပင်။
"လောင်ကုန်း~"

ဖူဟန်သည် စာအုပ်တစ်အုပ်ကိုဖတ်နေပြီး သူ့အသံကိုကြားသောအခါ ရပ်တန့်သွားတယ်။ နောက်သို့လှည့်ကြည့်လာတဲ့ သူ့အမူအရာက နူးညံ့နေခဲ့၏။

ယွီကျစ်ယွီက မျက်နှာချိုသွေးပြီး သူစိတ်လှုပ်ရှားတဲ့အခါ သူ့ရဲ့ပျက်စီးနေတဲ့ပါးစပ်မုဒ်ကို ပြန်ဖွင့်လိုက်သည်။
"ခင်ဗျား ကျွန်တော့်ကို စောင့်နေတာလား? အခု လေးနာရီရှိနေပြီလေ၊ ခင်ဗျားနေ့လည်စာတော့မလွှတ်သွားဘူးမလား? ခင်ဗျား ဒီနေ့အစည်းအဝေးမရှိဘူးလား ဖျက်သိမ်းလိုက်တာလား? အိုး..စကားအများကြီးမပြောနဲ့၊ ခင်ဗျား ဘာစားချင်လဲ၊ ကျွန်တော် ခင်ဗျားအတွက် ကင်ပေးမယ်လေ၊ အမဲသားက ကောင်းလား? ဒါမှမဟုတ် ကြက်ကင်လား......"

ဖူဟန်က ပြုံးပြီး မျက်မှောင်ကြုတ်လိုက်တယ်။

ဒီပါးစပ်က စားပွဲပေါ်တင်ထားတဲ့ ​နုတ်နုတ်စင်းထားတဲ့ကြက်သွန်းစိမ်းထက်တောင် ပိုပြီးပျက်စီးနေသေးတယ်။  

ယွီကျစ်ယွီ တစ်တွတ်တွတ်ပြောနေစဥ်တွင် သူ အသားကိုကြည့်နေသည်။
"ဝိုး၊ ဒီကောင်းဘွိုင်က အရမ်းကြီးတာပဲ၊ မျက်နှာပြင်အနေအထားကလည်း ဘူဖေးမှာစားတာထက် အများကြီးပိုကောင်းတယ်"

"ကင်ထားပြီးပြီ"
အသားကင်ဆရာက ပြောလာတယ်။
"မင်းဗိုက်ပြည့်အောင် အရင်စားလို့ရပြီ"

ဇာတ်လိုက်နဲ့စေ့စပ်ပွဲပျက်ပြီးနောက် သူ့ဦးလေးနဲ့လက်ထပ်လိုက်တယ်Where stories live. Discover now