GOOD BYE..

19 1 0
                                    


GOOD BYE
......................

GOOD BYE ဆိုတဲ့ စကားလုံးလေးက တကယ်တော့ သာမန်လို့ထင်ရတယ်။ဒါပေမဲ့ ဝမ်းနည်းပူဆွေးမှု့တွေရှိနေတာကိုတော့ သတိမထားမိကြဘူးလေ။ လူတစ်ယောက်နဲ့တစ်ယောက် ခွဲခွာခါနီးရင် အမြဲပြောလေ့ရှ်ိတယ် 'Good Bye' လို့..တစ်ယောက်နဲ့တစ်ယောက် အကြောင်းမတိုက်ဆိုင်လို့ လမ်းခွဲကြတဲ့အခါလည်း သုံးကြတယ် 'Good Bye'လို့...ဧည့်သည့် တွေပြန်သွားတဲ့အခါမှာလည်း သုံးကြတယ် 'Good Bye'ဆိုပြီး...ခွဲခွာခြင်းအချိူ့မှာ ကောင်းသော ခွဲခွာခြင်းတွေရှိသလို ဆိုးသောခွဲခွာခြင်းတွေလည်းရှိတယ် ဒါပေမဲ့ ကျွန်မတို့ လွယ်လွယ်ကူကူပဲ ပြောလိုက်ကြတယ် 'GOOD BYE'ဆိုပြီး.......

လွန်ခဲ့တဲ့တစ်ပတ် မိုးလင်းကတည်းက မိုးရွာနေခဲ့သည်။ အိပ်ယာက နိူးနိုးချင်း ပြတင်းပေါက်မှန်ကနေ စီးကျနေတဲ့ မိုးရေစက်တို့ကြောင့် လွမ်းသလို ဆွေးသလိုလို ခံစားချက်လေး ဖြစ်ပေါ်လာမိသည်။သာမန်နေ့တွေလိုပဲ အိပ်ယာက ထ မျက်နှာသစ်ပြီး ကော်ဖီတစ်ခွက်ဖျော်လိုက်ကာ ပြတင်းပေါက်ရှေ့ရှိ စားပွဲပေါ်တွင်နေရာယူလိုက်သည်။ စာရေးဖို့အတွက် အဆင်သင့်ဖြစ်နေတဲ့ ကျွန်မရဲ့နှလုံးသားရယ် ခံစားချက်တွေပေါက်ဖွားအောင်ပြုလုပ်ပေးနေတဲ့ မိုးရေစက်တွေရယ် ရေဒီယိုက သီချင်းသံလေးတွေ ကြောင့် စာစရေးလိုက်သည်။ ကော်ဖီလေးသောက်လိုက် မောင်နဲ့တွေ့တုန်းက ကော်ဖီဆ်ိုင်က အကြောင်းလေးတွေခေါင်းထဲရောက်လာလိုက် စာရေးလိုက် အိမ်ပြင်ဘက်က မိုးရေစက်တွေကို ခံစားလိုက်နှင့် အတော်ခရီးပေါက်နေသည်။
ထို့အချိန်...
"🎼🎼🎼🎼🎼"
ငြိမ့်ငြိမ့်ညောင်းညောင်းသီချင်းလေးတွေကို ကြိုက်တဲ့ ကျွန်မ ဖုန်းကနေ သာသာယာယာ ဖုန်းသံလေးမြည်လာခဲ့သည်။

"ဟယ်လို..May..ပြောနေပါတယ် "

"...."

"May လာခဲ့မယ်နော် မောင်..စောင့်နေ.."

မောင့်ရဲ့ချိန်းဆိုမှူကြောင့် အဝတ်အစားအမြန်လဲပြီး ထွက်လာခဲ့လိုက်သည်။ ဆံပင်ကတော့ ထုံးစံအတ်ိုင်း ဖွာလန်ကြဲဆံပင်ကို စီးလျက်။ မောင်နဲ့ စတွေ့တဲ့နေ့က လမ်းထိုင်က ကော်ဖီဆိူင်လေးမှာ။ မောင်နဲ့ ရည်းစားဖြစ်ကတည်းက ထိုကော်ဖီဆိုင်သို့မသွားဖြစ်တော့ပေ။
မောင်ကတော့ အမြဲပြောပါတယ် အဲ့ဒီ ကော်ဖီဆိုင်လေးကိုလွမ်းတဲ့အကြောင်း။
ခု သူရဲ့ ချိန်းဆိုမှု့ကြောင့် မရောက်ဖြစ်တာကြာသွားပြီဖြစ်တဲ့ ထိုကော်ဖီဆိုင်လေးရှေ့သို့ ရောက်နေပေပြီ။
တံခါးပေါက်ဝနားရပ်နေချိန် ရုတ်တရက်ပွင့်လာတဲ့တံခါးလေးကြောင့် လန့်ပြီး နောက်ဆုတ်လိုက်မိသည်။

"May ကိုယ်ပါ.."

"အော်..မောင်ရယ် အသံမပေးဘာမပေးဆိူတော့ လန့်သွားတာပါ..ဟဲဟဲ.."

ကျွန်မရဲ့အကျင့်က ရှက်ရင် သွားပေါ်အောင်အထိပြုံးမိတာပဲ။
မောင်လက်ကိုဆွဲပြီးခေါ်သွားမှု့ကြောင့် အနည်းငယ် လန့်သွားသည်။

"မောင် ဖြည်းဖြည်းဆွဲပါ..May ထွက်မပြေးပါဘူး.."

မောင်ရဲ့ဖြူဖွေးနုဖတ်နေတဲ့ ပါးပြင်ပေါ်မှာရှိနေတဲ့ ပါးမွှေးလေးတွေကို တကယ်သဘောကျမိသည်။ကျွန်မထက်အသက်ငယ်ပေမဲ့ အရပ်ကတော့ ကျွန်မထက်ရှည်တာကြောင့်အမြဲမော့ကြည့်ရသည်။
မောင်အပြုံးလေးတစ်ခုက သံလိုက်လိုပဲ ဆွဲငင်နိုင်သည်။

သတ်မှတ်ထားတဲ့ စားပွဲခုံပေါ်ရောက်တော့မှ
"May ထိုင်လ်ိုက်ပါအုန်း "

ထိုင်ခုံဆွဲထုတ်ပေးတာကြောင့် ထိုင်လိုက်သည်။

"မောင် ဘာများလည်း အရေးတကြီး.."

"May မောင်တို့လမ်းခွဲရအောင်..ကိုယ်တို့ကိုယ့်လမ်းကိုလျှောက်ရအောင်...May ကအားလည်းမအားဘူးအမြဲပဲ ချိန်းဆိုတိုင်းလည်းပျက်ကွက်တယ်..မောင်တောင်းပန်ပါတယ် မောင်တို့ရပ်လိုက်ကြရအောင် Good Bye ''

ကျွန်မ အဖြေကိုတောင် နားမထောင်တော့ပဲ ထထွက်သွားသော မောင့်ရဲ့ကျောပြင်ကိုငေးကြည့်နေမိသည်။
အပြင်မှာ ထီးတစ်ချောင်းကိုင်ထားနဲ့ကောင်မလေးနဲ့လက်ချင်းတွဲရင်း ကျွန်မကို ပြန်လှည့်မကြည့်ခဲ့တဲ့မောင်..ချစ်လှပါချည်ရဲ့ဆိုတဲ့မောင် သက်ဆုံးတိုင်ထိ
ပေါင်းဖက်ကြမယ်ဆိုတဲ့မောင် ခုတော့ မအားဘူးဆိုတဲ့အကြောင်းပြချက်နဲ့ ထားပစ်ခဲ့တဲ့မောင်။

ကျွန်မ မျက်ရည်စီးကျမလာခဲ့ပါဘူး..မောင်မှာပေးထားတဲ့ ကော်ဖီလေးကိုသောက်ရင်း မိုးစက်တွေကိုငေးကြည့်နေလိုက်သည်။ စတွေ့ခဲ့တဲ့ ကော်ဖီဆိုင်လေးမှာပဲ အဆုံးသတ်သွားခဲ့တဲ့ ကျွန်မရဲ့ သံယောဇဥ်ကြိုးမျှင်လေး.......

အကယ်၍ အဲ့ဒီနေ့က  မောင်သာ လမ်းမခွဲခဲ့ဘူးဆိုရင် အခုဆိုရင် ကျွန်မလည်း  ကော်ဖီမရှ်ိတဲ့ ထောင်နန်းစံရမှာမဟုတ်သလို မောင်လည်း မြေကြီးအောက်မှာလဲလျောင်းနေရမှာ မဟုတ်ဘူးလေ..မောင့်ရဲ့ Good Bye ဆိုတဲ့အရာက ထာဝရအတွက်ဖြစ်သွားမယ်လို့ ဘယ်သူထင်မှာလဲ..........

................ကြိုးစားလျက်.........................
.....................................ကဗျာညိုညို.........

GOOD BYE....حيث تعيش القصص. اكتشف الآن