"ကြွေရုပ် မနက်စောစော ထကာ အန်တီစားဖို့ မုန့်ပြင်ဆင်ပေးရင်း "
"ဒေါ်ချို ......""အေးသမီးလေးပြောလေ .."
"ဒီမှာလေ လူဘယ်နှစ်ယောက်နေတာလဲဟင် တစ်ခြားသူတွေမမြင်လို့မေးကြည့်တာပါ ...."
"အော်...ဒီအိမ်မှာက မမလေး တစ်ယောက်ပဲနေတာလေ "
"မမလေးကမိဘတွေမရှိကြတော့ဘူးကွဲ့ တစ်ကိုယ်တည်းအပျိုကြီး ..""အော်.....အဲ့ဒါကြောင့်ကိုး.."
"ဒါနဲ့သမီးလေးကကော မမလေးဆီမှာ ဘယ်လိုအလုပ်လုပ်ဖြစ်သွားတာလဲဒေါ်ချို ကိုပြောပြပါအုံး..."
"အော်..ဒါလား "
"ကြွေရုပ် ကဥတစ်လုံးတစ်ကောင်ကြွက်ပါဒေါ်ချိုရယ်"
"ကြွေရုပ် မိဘတွေက ကြွေရုပ် ငယ်ငယ်လေးကတည်းကဆုံးပါးသွားကြတာ "
"ကြွေရုပ်ကဒီအရွယ်ရောက်တဲ့ထိအဘွားနဲ့ပဲနေလာခဲ့ရတာ "
"အဘွားကလည်းလွန်းခဲ့၁နှစ်လောက်ကပဲဆုံးပါးသွားတာပေါ့..ဒေါ်ချိုရယ်....."-
"မမ မေဇူးမောင် ကကြွေရုပ် သူငယ်ချင်း မေသူ့ ရဲ့ အမလေ သူကနေတဆင့် အလုပ်ရလာတာပေါ့ဒေါ်ချိုရဲ့....."
"ဒေါ်ချိုတစ်ယောက် ကြွေရုပ် ဘဝအကြောင်းကိုသိတော့သနားစိတ်ပိုနေတော့သည် ။"
"ဘာမှအားမငယ်နဲ့နော်သမီးလေး ဒေါ်ချိုကိုသမီးအမေလို သဘောထား.."
"ဒေါ်ချိုလည်းသမီးကို သမီးအရင်းလေးတစ်ယောက်လိုသဘောထားတယ် ..."
"သမီးလေးကိုစတွေ့ကတည်းက ဒေါ်ချိုက
သံယောဇဉ်ဖြစ်နေတာ..""ဟုတ်...အာ့ဆို မေချို လို့ ခေါ်မယ်လေ
ရလားဟင်....""သဘောကွယ် သမီးလေးအဆင်ပြေသလိုသာခေါ်ပါကွယ်....."
"ဟုတ်ကဲ့ မေချို ဟီး ......."
"ဟော ဟိုမှာ မမလေးဆင်းလာပြီ "
"ကြွေရုပ်အပေါ်ကဆင်းလာတဲ့ အန်တီ့ကိုကြည့်နေမိသည် ။"
"ကြွေရုပ်လာလေ သွားမယ်အဲ့မှာဘာရပ်လုပ်နေတာလဲ..."
"ရှင်..ဟို ဟိုလေအန်တီ ...မနက်စာမစားတော့ဘူးလားဟင်..."
"မစားတော့ဘူးအလုပ်နောက်ကျနေပြီ"
"လမ်းမှာအဆင်ပြေတာဝယ်စားလိုက်တော့မယ်။"
"ဟုတ် ..ဟုတ် ......"
"driver ဦးထွန်းနှင်းကြွေရုပ်ကရှေ့ခန်းတွင်ထိုင်သည် အန်တီကတော့နောက်ခန်းတွင်ထိုင်သည်။"
"ဦးထွန်း ........."
"ဗျာ မမလေး "
"ရုံးကိုသာတန်းမောင်းလိုက်ပါနော် အရေးကြီး Meeting ရှိလို့ ..."
"ဟုတ်ကဲ့ မမလေး...."
"Company ရောက်တော့ ကြွေရုပ်ဘာလုပ်ရမှန်းမသိယောင်လည်လည်ဖြစ်နေတုန်း......."
"ညီမလေး ညီမလေး "
"ရှင်.. အာ မမေဇူးမောင် "
"ညီမလေးအဆင်ပြေရဲ့လားMD အိမ်မှာအလုပ်လုပ်ရတာ"
"ပြေပါတယ်မမရဲ့ မမကိုတောင်ကြွေရုပ်ကကျေးဇူးတင်နေတာ ကြွေရုပ်ကိုအလုပ်ရှာပေးလို့လေ ..."
"အယ်....မဟုတ်တာညီမလေးရယ် အချင်းချင်းပဲကို မလိုပါဘူး...""ကြွေရုပ် မမေဇူးနဲ့ စကားပြောနေချိန် ကြွေရုပ်ရှေ့တွင်မြင်လိုက်ရသောမြင်ကွင်းကြောင့်
ကြွေရုပ် မှင်သပ်သွားသည် ""Company ထဲလို့ဝင်လာသော အမျိုးသမီးတစ်ယောက် ကြွေရုပ်စိတ်ထဲတွင်တော့ ကျက်သရေရှိလိုက်တာ လို့သာ အထပ်ထပ်အခါခါပြောနေမိတော့သည်။
"ကြွေရုပ် ကြွေရုပ် ဘာတွေအဲ့လောက်ငေးနေတာလဲ မမေဇူးမေးမှ ကြွေရုပ်စိတ်နဲ့လူနဲ့ပြန်ကပ်တော့တယ်..."
"ဘာမှမငေးပါဘူး မမေဇူးရဲ့"
"မငေးဘူးသာပြောတာ မျက်စိကဘယ်ရောက်နေတာလဲ...?"
"ကြွေရုပ်ငေးလည်းငေးလောက်တာပေါ့....
သူမ ဟာ တကယ့်ကိုကျက်သရေ ရှိတဲ့အမျိုးသမီး.."ကြည့်လိုက်သူတိုင်းရင်ထဲအေးချမ်းလောက်အောင်ထိကိုသူမ မျက်နှာဟာ စွဲဆောင်နိုင်သည်။
"အော် ...ကြွေရုပ်က အန်တီနန်း ကိုကြည့်နေတာကိုး...."
"မမေဇူး သူကဘယ်သူလဲဟင်.........."
"သူက MDရဲ့ သူငယ်ချင်းလေ ......."
"ဒေါက်တာကအရမ်းချောတယ်မလား
ကြွေရုပ်..........?""ဟမ် .......ဒေါက်တာ........" "ဟုတ်လား.....?"
"ဟုတ်တယ်လေ ကြွေရုပ်ရဲ့ ......."
"ဒေါက်တာ နာမည်က..........."
"ဒေါက်တာ ဒေါ်မေနန်းသခင် တဲ့.........."
🤍🤍🤍🤍🤍🤍🤍🤍🤍🤍🤍🤍🤍🤍
YOU ARE READING
ရင်ခွင်နန်းသခင်
Romanceမိုးမခနှင်းဆီ မိုးမခနှင်းဆီရဲ့ ဘဝမှာ လိုချင်တာ မှန်သမျှ ရခဲ့တာကြည့်ပဲ မရရအောင်လည်းယူတက်တယ် တို့သိပ်ချစ်တဲ့ မင်းကိုလည်း မရရအောင် ယူမှာ ကြွေရုပ်လွှာ ကြွေရုပ်လွှာ ...