အပိုင်း (၂၉) အရာရှိတစ်ယောက်ထပ်ဖြစ်မလာနိုင်တော့ဘူး

1K 100 0
                                    


" တကတည်း ဘာတွေဖြစ်နေတာလဲ"

ချန်းချင်သည် စိုးရိမ်စိတ်ကြောင့် ရူးတော့မတတ်ပင်။ သူသည် လူမိုက်များရှေ့သို့ အတင်းတိုးဝင်ကာ သတင်းတင်ပြနေကြသည့် သတင်းထောက်လူအုပ်ကြီးကို ကြည့်နေသော်လည်း သူလုပ်နိုင်သည်က ဘာမှမရှိချေ။

သည်နေ့တွင် ဒီဝရုန်းသုန်းကားအခြေအနေကို ဖြေရှင်းရန် သူ့အဆက်အသွယ်များကို သုံးခဲ့သော်လည်း တစ်ဖက်လူက သူ့အား စိတ်မပူရန်နှင့် လတ်တလော သူ့အထက်အရာရှိထံမှ ညွှန်ကြားချက်ကို စောင့်ဖို့ရန်သည် ပြောလာလေသည်။ သို့သော်ငြား ဒါသည် ပြဿနာကြီးတစ်ခု ဖြစ်လာတော့မည်ဖြစ်ရာ သူသည် မစိုးရိမ်ဘဲ မနေနိုင်တော့ချေ။

တစ်ချိန်ထဲတွင် လူများသည် အခင်းဖြစ်နေသည့်နေရာသို့ တောင်လိုပုံကာ ရောက်လာကြတော့သည်။ သိုသော် သူတို့အားလုံးက ထင်ထားကြသည့်က ချန်းချင်ကို ဖိနှိပ်လိုသည့် တစ်ချို့အရေးကြီး ပုဂ္ဂိုလ်များ၏လုပ်ရပ်ဟု ထင်နေကြရာ အခွင့်မရှိဘဲ မည်သူကမှ ထိုလူမိုက်များ မချပေးရဲကြချေ။

" ကြည့်ရတာ... အကြီးဆုံးသခင်မလေး မနေ့က တွေ့ခဲ့တဲ့ လူမိုက်တွေဆီမှာ တစ်ခုခု ဖြစ်သွားတဲ့ပုံပဲ၊ အကြီးဆုံးသခင်မလေးက မနေ့က သူ့ကတ်ထဲကို ယွမ် တစ်သိန်းခွဲ ပြောင်းထည့်သွားတယ်...."

ချန်းချင်၏အတွင်းရေးမှူးသည် တုန်တုန်ယင်ယင်ဖြင့် ပြောလိုက်လေသည်။

" ဘာကွ၊ နင် ဖြစ်နေတာလား"

ချန်းချင်သည် အသံမထွက်ရဲသည့်ချန်းမင်ကို ကြောက်စရာကောင်းလောက်အောင် ချက်ချင်းကြည့်လိုက်တော့သည်။ ချန်းချင်သည် သူအမြဲတမ်း ချစ်မြတ်နိုးရသည့် သူ့သမီးက သူ့အား ဤသို့ဒုက္ခပေးလိမ့်မည်ဟု လုံးဝထင်မထားခဲ့ချေ။

" အဖေ သ-သမီးလည်း မသိဘူး၊ သမီးက အဲဒီခွေးမကို ပညာပဲ ပေးချင်တာပါ"

ချန်းမင်သည် အရင်က ဤသို့သောမြင်ကွင်းကို မမြင်ခဲ့ဖူးချေ။ သူမသည် အလွန်ကြောက်လန့်နေရာ စကားပင် ပီသအောင် မပြောနိုင်တော့ချေ။

" အခုက မြို့တော်ဝန်ဖြစ်လာမယ့် ငါ့ရွေးကောက်ပွဲရဲ့ အရေးကြီးဆုံးအချိန်ကွ၊ နင် ငါ့ကို အလုပ် ပြုတ်အောင်လုပ်လို့ကတော့ နင့်ကို လုံးဝ အလွှတ်မပေးဘူး"

အထူးလုပ်ကြံရေးသမတစ်ယောက်ရဲ့ စာမျက်နှာသစ်Where stories live. Discover now