နေ့လည်ကဟိုကောင်လေးကိုလက်ဆွဲနှုတ်ဆက်လို့ပြောပြီးတဲ့အချိန်မှစလို့အခု
အမေတို့ကိုကန်တော့နေတဲ့အချိန်ထိမိမိအားဘာစကားမှမပြောဘဲခပ်တည်တည်သာလုပ်နေသည့်လင်းညို့ကိုသူ့ထက်သာနားမလည်နိုင်ပါသူဘဲစိတ်ဆိုးနေတယ်အသက်ကကြီးနေပြီစိတ်ဆိုးစိတ်ကောက်လာလုပ်နေတယ်
သူစိတ်ကြီးဘဲဒေါသကထွက်လာပြီ"သူ့ထက်သာ ငါပြောတာကြားလားမောင်လင်းညို့ကိုဘဲကြည့်မနေနဲ့အိမ်ရောက်မှအဝကြည့်ဘယ်နှယ့်မမြင်ဘူးတဲ့အတိုင်းဘဲ"
"မဟုတ်ပါဘူး အမေကလည်းသားကအမေကိုမခွဲနိုင်ပါဘူးသူ့မျက်နှာမှာပေနေလို့ကြည့်တာ"
"အေးပါ ပေတယ်ဆိုတော့လည်းပေတယ်ပေါ့
အမေပြောမယ်နော်ကိုယ်ကအိမ်ထောင်သည်ဖြစ်သွားပြီဆိုတော့အရင်လိုကလေးလိုနေလို့မရတော့ဘူးထမင်းချက်ရမယ် အဝတ်လျှော်ရမယ်မောင်လင်းညို့ကသားထက်အသက်အများကြီး ကြီးတယ်နော်ရိုသေရမယ်သူပြောတာကိုလည်းနားထောင်ရမယ် ပြီးတော့ကိုထွန်းကြည်ကတရားစခန်းဝင်မှာဆိုတော့အိမ်မှာကသားတိုနှစ်ယောက်ထဲတစ်ခုခုအဆင်မပြေရင်အမေရှိလာခဲ့ သူ့ထက်သာနောက်နေ့ကြရင်အမေဆီမှာထမင်းဟင်းချက်ဖို့လာသင်ကြားလား""သားကမိန်းကလေးမှမဟုတ်တာဘာလို့ဟင်းချက်ရမှာလည်းအမေကလည်းပြီးတော့မချက်တတ်ဘူးသင်လည်းမသင်ချင်ဘူးပျင်းစရာကြီး"
"ထားပါမစိန်ကြည်ရယ်လင်းညို့ကချက်တတ်ပါတယ်
သားသူ့ထက်သာကငယ်သေးတော့ဒါတွေဘယ်လုပ်ချင်မလည်း""မရပါဘူးသူ့ထက်သာနောက်နေ့ငါဆီလာသင်ရမယ်"
"မောင်လင်းညို့သားလေးကိုအပ်တယ်နော်
ဉီးလေးတိုသားကငယ်သေးတော့စကားပြောတာတွေမှားရင်ကြိုပြီးတောင်ပန်ထားချင်တယ် သားငယ်ကစိတ်ရင်းကောင်းပါတယ်""ဟုတ်ကဲ့ပါ ကျွန်တော်ကကိုယ်ဖိရင်ဖိစောင့်ရှောက်ပေးပါမယ်"
"ကျေးဇူးပါကွယ် ဒေါ်လေးလည်း
မောင်လင်းညို့နဲ့ဆိုစိတ်ချပါတယ် သားတိုသွားကြတော့လေသူ့ထက်သာအကျီင်တွေသွားယူလေ
ထည့်စရာရှိတာတွေထည့်သွား"
YOU ARE READING
သူကြီးကတော် မြို့ကြီးသား
Romance၁၉၈၀ခုနှစ်ပိုင်းကာလပိုင်းကရွာသူကြီးတစ်ယောက်မိမိထက်သက်၁၀ နှစ်ငယ်သောကောင်လေးတစ်ယောက်ကိုလက်ထက်ရန်အကြောင်းဖန်လာသောအခါ... "မင်းကိုချစ်ခင်မြတ်နိုးလွန်းလို့တော်ကောက်ရတာမဟုတ်ဘူးမတတ်သာလို့လုပ်လိုက်ရတာ ကလေး တွေကိုမကြိုက်ဘူးကွ" လင်းညို့မောင်မောင် "အောင်မာ ခင...