part (14)

2.9K 151 11
                                    

ကျွန်တော်နှင့် အိမ်ပိုင်ရှင် ဦးလေးကြီး
အပိုင်း(၁၄)
အပြန် ခရီး၌ ကားလမ်းမကြီးဆီ မရောက်ခင်အထိ ကျွန်တော်က ဘုန်းဇေယျာ၏ လက်ကို မလွှတ်တမ်း ဆွဲထားလေသည်။

ဘုန်းဇေယျာက ရှက်နေသလို ကျွန်တော်လည်း ရှက်သည်။သို့သော် ရှက်သည်ထက် သူ့လက်လေးကို မလွှတ်တမ်း ကိုင်ဆွဲထားချင်စိတ်က ပိုများနေသည်။ဖြစ်နိုင်ရင် ဟိုး ဘဝ အဆုံး အထိ ကိုင်ထားချင်မိသည်။

နောင်အခါ ချစ်သူအချင်းချင်း ရင်းနှီးမှု အဆင့်တွေ မြှင့်ရန်အတွက် အခုနေ လက်ကလေးတော့ ကိုင်ထားမှ ဖြစ်မည်ဟုလည်း ကျွန်တော်တွေးထားသည်။

ဘုန်းဇေယျာကလည်း ကျွန်တော့်လက်ထဲက သူ့လက်လေးကို ဇွတ်အတင်း မရုန်းချေ။
သူ့မျက်နှာလေးကတော့ တစ်ဖက်သို့ လှည့်ကာ ရှက်ရှက်နှင့် ရယ်ကျဲကျဲ ဖြစ်နေလေသည်။

ကျွန်တော်က လူကြီးဆိုတော့ ဦးဆောင်သင့်သည်ဟု တွေးကာ သူ့လက်လေးကို ဆွဲပြီး လမ်းမကြီးပေါ်အထိ တက်လာခဲ့သည်။

"တက္ကစီ"

တက္ကစီပေါ် ရောက်သည်အထိ ဘုန်းဇေယျာ၏ လက်ဖြူဖြူ နူနူလေးကို ကိုင်ထားချင်မိသည်။

ဘုန်းဇေယျာက အခုထိ မကုန်သေးသည့် ပန်းသီးစိပ်တွေကို ခြင်းထဲကနေ ကောက်ယူကာ တစ်ကျွတ်ကျွတ်နှင့် ဝါးစားနေပြန်သည်။

"ကောင်းလား"?

သူ့ကို တစ်စိမ့်စိမ့်ကြည့်ကာ ပြုံးစိစိဖြင့် မေးလိုက်ရာ ရှက်သွားပြီး သူ့မျက်နှာကို တဖက်လှည့်ကာ ရယ်နေလေသည်။

"ဘာတွေမေးနေတာလဲ?
ပန်းသီးက ပန်းသီးအရသာပေါ့။
သိချင်ရင် စားကြည့်လေ"

ဘုန်းဇေယျာက ရှက်နေသဖြင့် ရိုချင်သလောက် မရိုရဘူး ဖြစ်နေပြန်သည်။
ဘုန်းဇေယျာမှာ ရှက်နေသော်လည်း ကြည်နူးနေသည်မှာ သိသာသည်။

မြူးကြွနေသည်မှာ မြေကြီးနှင့် ခြေထောက်ပင် ထိလိမ့်မည် ဟု မထင်ချေ။

"ခွံ့ကျွေးလေ။"

"ဗျာ"

"စားကြည့်ဆို၊ခွံ့ကျွေးမလို့ မဟုတ်ဘူးလား"?

ကျွန်တော်နှင့် အိမ်ပိုင်ရှင်ဦးလေးကြီးDonde viven las historias. Descúbrelo ahora