လော့ဝမ်ချန်သည် လုချုံ သည်နေရာကို ကိုယ်တိုင်ကားမောင်းလာလိမ့်မည်ဟု ထင်မထားခဲ့ဖူးချေ။ ကားထဲရောက်၍ ယာဥ်မောင်းမရှိမှန်းသိလိုက်ရမှ အခြေအနေကို သဘောပေါက်သွား၏။
ခရီးသည်တင်ခုံထက်မှာ ထိုင်ချပြီးမှ သူ ရုတ်တရက် အနေရခက်သွားသည်။"လူကြီးမင်းလု ကျွန်တော်မောင်းလိုက်မယ်လေ"
လုချုံက သူ့ကို ဖျတ်ခနဲကြည့်လာသည်။
''ထိုင်ခုံခါးပတ်တပ်လိုက်ဦးလေ။ မင်းမှာ ယာဥ်မောင်းလိုင်စင်ရော ရှိလို့လား"
လော့ဝမ်ချန် : "....မရှိပါဘူး''
သူထောင်မကျခင်က အသက်မပြည့်သေးသဖြင့် ယာဥ်မောင်းလိုင်စင်မရှိသော်ငြား သူသည် ကားမောင်းကျွမ်းကျင်ပါသည်။
သို့ငြား သူဘယ်တုန်းကမှ ထင်မထားသည်က အနှီဂုဏ်သိက္ခာကြီးမားလှသော လုချုံဟာ တကယ်ကြီး ကားမောင်းလာလိမ့်မည်ဟုပင်။ ထို့အပြင် မောင်းလာသည့်ကားကလည်း လုံးဝသတိထားမိဖွယ်ရာ မရှိသော Audi ဖြစ်နေပါသတဲ့လေ။ သူ့သရုပ်မှန်သာ သိမထားပါက ဤသူသည် ပုံမှန်ကော်လံဖြူအလုပ်သမား သက်သက်သာဖြစ်သည်ဟု ထင်မိလောက်သည်။
လော့ဝမ်ချန်သည် အံ့အားမသင့်ဘဲမနေနိုင်ခဲ့ချေ။''စိတ်မပူပါနဲ့။ ကိုယ့်ရဲ့ကားမောင်းစွမ်းရည်က ကောင်းပါတယ်။ ပြီးတော့ မင်းအသက်အန္တရာယ်မရှိစေရပါဘူး။''
လုချုံသည် ဆေးရုံမှကားလမ်းအတိုင်းမောင်းထွက်လိုက်ပြီး ဂိတ်ကို ဖြတ်ရန်စောင့်နေစဥ်တွင်ခေါင်းလှည့်လာကာ လော့ဝမ်ချန်အား ပြောလိုက်သည်။
သူ့အပြုံးသည် တည်ငြိမ်လှပြီး သက်သောင့်သက်သာရှိစေသည့်ပုံလည်းပေါက်နေသည်။လော့ဝမ်ချန်မှာ ကြောင်အမ်းသွားပြီးမှ အသံတိုးတိုးလေးဖြင့် ပြောလိုက်သည်။
''ကျွန်တော်မစိုးရိမ်ပါဘူး။ထင်မထားမိရုံပါ...ခင်ဗျားလိုအဆင့်အတန်းနဲ့လူတစ်ယောက်က....."
ပါကင်ကြေးပေးပြီးနောက် လုချုံသည် လီဗာပေါ်ခြေတင်၍ စတီယာတိုင်ကို လှည့်ကာ လမ်းမထက်သို့ မောင်းလာခဲ့လိုက်သည်။ လမ်းအခြေအနေကိုကြည့်နေစဥ် သူကမေးလိုက်၏။
أنت تقرأ
ချစ်ရပါသော လူကြီးမင်းလု(ဘာသာပြန်)
العاطفيةစာရေးသူ : ရှီးသချင် Genre: Drama Fantasy Psychological Romance Shounen Ai Supernatural All are belong to original author. Also picture credits to original owner.