Chapter 12

2.2K 495 33
                                    

[Unicode]

အခန်း(၁၂) - ကျွန်တော်မကြည့်တော့ဘူး။ သွားလို့ရပြီ။

" ပန်းကန်နဲ့တူတစ်စုံ ထပ်ချပေး"

ကျန်းချိုင်ဝိမ်ဟင်းချိုခပ်နေစဉ် အော်သံကိုကြားလိုက်ရသည်။ သူမလက်တုန်သွားပြီး ပန်းကန်လုံးကို အိုးထဲပစ်ချမိလုနီးပါးပင်။ အသံပိုင်ရှင်သည် အလျင်လိုနေသော အခြေအနေဖြစ်သည်။ သူမ ပန်းကန်လုံးများကို သယ်ပြီးထွက်မလာခင်တွင် သူအလောတကြီးဝင်လာသည်။ သူမဟင်းချိုပန်းကန်ကို လက်လွှဲပေးလိုက်ပြီး မှတ်ချက်မပေးဘဲ မနေနိုင်တော့ပေ။

" ဘယ်လိုတောင်တက်ကြွတာလဲ? အလုပ်သွားဖို့ လုံးဝကိုအစောကြီးနိုးလာတာပါ့လား"

တင်းဟန်ပိုင် ပန်းကန်လုံးတစ်ဝက်ကို တစ်ခါတည်းသောက်ပစ်လိုက်သည်။

" အရမ်းကြီးထူးဆန်းမနေပါနဲ့ ၊ ကျွန်တော်အလုပ်မသွားရင် ရှောင်ရီ ကျွန်တော့်ကို ထောက်ပံ့ပေးမှာလား?"

ကျန်းချိုင်ဝိမ် သူ့ရဲ့ အနှီသုံးနှစ်ကွာ‌သောတူမှ သေလောက်အောင် ဖိနှိပ်ခြင်းခံရသည်။ သူမလက်သီးဆုပ်ပြီး သူ့ကိုနောက်ကျောဘက်မှ ထိုးပြီးမှသာ စိတ်ကျေနပ်သွားသည်။ ထို့နောက်ကျန်းရှုလျှိုက ကြားဖြတ်ပြောရန် ဝင်လာပေသည်။

" ထူးထူးဆန်းဆန်းလုပ်လို့ တခြားသူတွေကို အပြစ်တင်ရဲသေးတယ်ပေါ့ ၊ နင်က အလုပ်ကနေ အမြဲတမ်းခွင့်ယူနေတာလေ ၊ အုပ်ချုပ်ရေးခေါင်းဆောင်တောင် နင့်လောက်မအားဘူး"

တင်းဟန်ပိုင် အနှီအမေနှင့်သမီးလို ညီအမနှစ်ယောက်နှင့် ဘာမှမဟုတ်တာလေးကို ငြင်းခုန်မနေချင်ပေ။ မီးဖိုချောင်ထဲသို့ တိုးဝှေ့ဝင်သွားကာ စားသောက်ပြီးသည်နှင့် ထွက်လာခဲ့သည်။သူရက်အတော်ကြာအောင် အလုပ်မသွားခဲ့ပေ။ သူ အိမ်မှစောစောထွက်လာကာ သန့်ရှင်းရေးအလုပ်သမားအတွက် ဘက်တာကိတ် ဝယ်သွားပြီး သူမအား ရုံးကို သေသေချာချာ သန့်ရှင်းရေးလုပ်ခိုင်းသည်။

အမှန်ဆိုလျှင်ရုံးကို အသုံးပြုသူများကိုယ်တိုင် အလှည့်ကျတာဝန်ယူကာ သို့မဟုတ် အငယ်ဆုံးဖြစ်သူကတာဝန်ယူ၍ သန့်ရှင်းသင့်ပေသည်။ သို့သော် တင်းဟန်ပိုင်ကမူ မလုပ်နိုင်ပေ။ တံမြက်စည်းကိုင်ခြင်းနှင့် ဂေါ်ပြားမခြင်းသည် သူ့အသက်တိုခြင်းနှင့်သာ အဆုံးသတ်နိုင်သည်။ ဤသို့ဖြင့် သူ့အလှည့်ရောက်တိုင်း အဆောက်အဦထဲရှိ သန့်ရှင်းရေးအန်တီကြီးကို လာဘ်ထိုးလိုက်သည်။

ဆွေ့ယွီထုံကျူး [မြန်မာဘာသာပြန်]Where stories live. Discover now