အပိုင်း (၁၀)

3.1K 140 3
                                    

Unicode

မဆိုးနဲ့... မီးငယ်

အပိုင်း (၁၀)

________________________

နောက်နေ့မနက်ကစပြီး
သူတို့ရဲ့လာရင်းကိစ္စအပေါ်အကောင်အထည်ဖော်ဖို့လုပ်ရသည်။ရွာသူကြီးအိမ်မှာပဲရပ်ရွာကလူတွေကိုစုဝေးလို့ ကျန်းမာရေးနဲ့ပတ်သတ်ပြီးအသိပညာဟောပြောပွဲတွေကို အကိုကောင်းဦးဆောင်သည့်ကျန်းမာရေးဝန်ထမ်းနှစ်ယောက်ကအပြန်အလှန်ဆွေးနွေးပေးသလို၊ ဒီပါဦးဆောင်သည့်ကျန်ဆရာဝန်များအဖွဲ့ကလည်း ရွာသူကြီးပြင်ဆင်ပေးထားသည့်ယာယီဆေးပေးခန်းအတွင်းမှာနာမကျန်း၊ဖျားနာကြသည့်ရပ်နီးရပ်ဝေး၊ရွာနီးချုပ်စပ်ကသူတွေကို ကုသပေးကြ၏။

"ဆရာ၊ ဟိုနားကမမချောချောက ဆရာ့ကိုခေါ်ခိုင်းလိုက်လို့''

နှပ်တရှုံ့ရှုံ့၊လက်ထဲကကိုင်ထားသည့်မုန်ဆီကြော်တစ်ခုကိုကိုက်ဝါးကာဖြင့် ဆီပေနေသည့်လက်ကလေးကိုလည်းခပ်ညစ်ညစ်အကျီလေးမှာပွတ်သုတ်ရင်း သူ့ဘောင်းဘီစကိုဆွဲကာပြောလာသည့်ကလေးငယ်ကြောင့် မီးငယ်ဆိုတာသိနေသည်မို့ခန့်ဖြိုးကိုပြောကာသူအပြင်ခဏထွက်လာခဲ့သည်။

မီးငယ်ကကျွတ်ကျွတ်အိပ်နဲ့အထုပ်ကလေးတစ်ခုကိုဆွဲရင်း မလှမ်းမကမ်းကကုက္ကိုလ်ပင်ကြီးအောက် သူ့ကိုရပ်စောင့်နေလေသည်။သူထွက်လာတာကိုမြင်တော့ ဝမ်းသာအားရလက်လှမ်းပြကာအဝေးကနေအော်ခေါ်နေသေးသည်။

"ဦး..''

အထဲမှာလူနာတွေရှိလို့စကားကျယ်ကျယ်မပြောဖို့တားချင်ပေမဲ့ ပျော်ရွှင်စွာပြုံးရယ်ပြလာသည့်မီးငယ်ကိုကြည့်ရင်းက သူမပြောဖြစ်တော့။

"မီးငယ်ဘာလို့ကိုယ့်ဆီလာတာလဲ၊ ကိစ္စမရှိရင်အိမ်မှာပဲနေဖို့ပြောထားတယ်လေ''

တွေ့တွေ့ချင်းအဆူခံလိုက်ရတာမို့ မီးငယ်မျက်နှာစူပုပ်ပုပ်လေးပင်ဖြစ်သွားရသည်။

"မီးငယ်ကိစ္စရှိလို့လာတာ၊ မီးငယ်လက်အပူလောင်သွားတယ်...ဦး ကုပေး''

သူပြောတုန်းကခေါင်းလေးငုံ့သွားသည့်မီးငယ်က ချက်ချင်းခေါင်းပြန်မော့လာတော့ အနီစက်ကလေးတွေရှိနေသည့်ဖြူတုပ်တုပ်လက်လေးတစ်ဖက်ကို သူ့မျက်စိရှေ့ထိုးပြလာသည်။
ဒီပါစိုးရိမ်သွားကာ မီးငယ်လက်လေးကိုဂရုတစိုက်ကိုင်ကာကြည့်မိရရင်း စိတ်မအေးစွာမေးမိရသည်။

မဆိုးနဲ့..မီးငယ် (မဆိုးနဲ့... မီးငယ်) [Completed]Where stories live. Discover now