Waiting For You
Part-2
"မားးဘာပြောတာလဲ...သားကဘာလို့ကောနှလုံးသားကိုသံမှိုရိုက်ရမှာလဲ"
"သားမျက်လုံးဖွင့်ကြည့်ပါ။အထူးသဖြင့်သားအတွက်အမြဲရှိနေခဲ့တဲ့သူကိုမြင်အောင်ကြည့်ပါ။သားရွေးချယ်မှုမှန်ကန်ပါစေလို့ဘဲမားဆုတောင်းနေမယ်"
၀မ်မားတစ်ယောက်ကတော့ပြောပြီးထွက်သွားလေသည်။Yiboကတော့သူ့မားပြောတာခုထိနားမလည်သေး။
"ပါးးးမားဘာပြောသွားတာလဲ"
"ပါးရဲ့သားကိုအဲ့လောက်တုံးအလိမ့်မယ်လို့ထင်မထားဘူး....ပါးလုပ်စရာရှိလို့သွားတော့မယ်"
နောက်ဆုံးတော့ဧည့်ခန်းထဲတွင်Yiboတစ်ယောက်သာကျန်ခဲ့လေသည်။
စောစောကကောကလည်းဘာဖြစ်သွားတာလည်းမသိဘူး။ခုပါးနဲ့မားကပါ။ရှီးးးမသိတော့ဘူးကွာ။ခုမှရောက်တယ်။ဘာတွေမှန်းကိုမသိတော့ဘူး။
Yiboတစ်ယောက်တည်းစကားတွေပြောပြီးသူ့အခန်းရှိရာသို့တက်သွားပါတော့တယ်။
Xiao Comany၏ရုံးခန်းထဲတွင်ရှောင်းကျန့်တစ်ယောက်စာရင်းဇယားတွေစစ်နေရင်းသူ့အတွင်းရေးမှူးမလေးအားးးး
"လင်းအာ..."
"ဟုတ်boss...လင်းအာဘာလုပ်ပေးရမလဲ"
"ဘာမှမဟုတ်ဘူးးးခဏနေမင်းအပါအ၀င်၀န်ထမ်းတွေအားလုံးဒီနေ့ရုံးစောစောဆင်းလိုက်.."
"ရှင်....ဘာလို့လဲboss"
"ငါကိစ္စလေးရှိလို့"
"ဟုတ်ကဲ့ပါboss"
လင်းအာတစ်ယောက်ရှောင်းကျန့်အားအရိုအသေပေးကာရုံးခန်းထဲမှထွက်သွားလေသည်။၀န်ထမ်းအားလုံးကိုဒီနေ့ရုံးစောစောဆင်းဖို့ပြောတော့အားလုံးအံသြကာပျော်နေကြသည်။သူတို့bossကသဘောကောင်းသလောက်စည်းစနစ်ကျလှသည်။ကြင်နာနွေးထွေးမှုရှိသည်။၀န်ထမ်းတွေကိုသူ့မိသားစုတစ်ယောက်လိုသဘောထားသည်။အခက်ခဲရှိလာလျှင်လည်းကူညီပေးဖို့၀န်မေလးတတ်သူဖြစ်သည်။စည်းကမ်းကြီးသူပီပီအလုပ်တက်ချိန်အလုပ်ဆင်းချိန်တိကျမှကြိုက်သည်။သူကိုယ်တိုင်လည်းးယနေ့ချိန်ထိအလုပ်ချိန်နောက်ကျဖူးသည်မရှိ။အပြစ်ရှိသူကိုအပြစ်ပေးပြီးကြိုးစားသူကိုလည်းဆုပေးတတ်သည်။ထို့ကြောင့်၀န်ထမ်းအားလုံးကရှောင်းကျန့်အားရိုသေလေးစားသလိုချစ်လည်းချစ်ကြသည်။အချိန်တိကျပြီးအလုပ်အပေါ်တန်ဖိုးထားတတ်တဲ့သူတို့bossကဒီနေ့ရုံးစောဆင်းခိုင်းတော့အံ့သြကြတာအထူးအဆန်းတော့မဟုတ်လောက်ပါဘူးး။