Part-6 (Z&U)

595 41 1
                                    

( Zawgyi)

ဖိနပ်ကြိုးလေးတွေရှုပ်နေရင်
ပြန်ဖြည်ရလွယ်ပေမယ့်
သံယောဇဉ်ကြိုးလေးတွေကိုဖြည်ရတာတော့
သိပ်ကိုခက်ခဲလှတယ်......
တခါတလေလည်း ထိုကြိုးထုံးလေးတွေကို
ဖြတ်တောက်ချင်မိတဲ့စိတ်အစဉ်ကဖြစ်ပေါ်လာတတ်သေးတာ
လွတ်လွတ်လပ်လပ်ပျံသန်းချင်တယ်
အထီးကျန်နေရမှာလည်းကြောက်နေမိတယ်
အရူးတစ်ယောက်လိုပါပဲ....

°°°°°°

Jနိုင်ငံရဲ့နာမည်ကြီး Hotelတစ်ခုဖြစ်တဲ့XQX.
Hotel နဲ့ လက်တွဲပြီးတဲ့နောက်မှာတော့
ကောင်းကောင်းကဘုမသိဘမသိဖြင့် CEO
ဟန်မင်းဆက်နွေ ရဲ့လက်ထောက်အတွင်းရေး
မှူးဖြစ်လာခဲ့တော့တယ်။
mediaကချပြခဲ့တဲ့ ပရောဂျက်ရဲ့အဓိက
ဇာတ်ဆောင်ဟာ အသက်အငယ်ဆုံးCEO ရဲ့
အသက်အငယ်ဆုံး အတွင်းရေးမှူးဆိုတဲ့စကား
လုံးလေးက လူတိုင်းရဲ့ပါးစပ်ဖျားမှာပြောစမှတ်
ဖြစ်သွားသေးသည်။

" CEO ဟန်မင်းဆက်နွေနဲ့တွေ့ချင်လို့ပါ ''

အသားညိုညိုအရပ်ရှည်ရှည်နဲ့လူကြီးတစ်ယောက် ဝတ်စားထားတဲ့ပုံစံအရဒီကဝန်ထမ်းတော့
ဟုတ်ပုံမရပေ

" အာ....CEOနဲ့ကြိုတင်ချိန်းဆိုထားပါသလား
ခင်ဗျ...''

" ဟက်...သေချာကြည့်မှ မင်းကိုး ကောင်လေး
ရဲ့...''

" ဗျာ...ကျွန်တော့ကိုသိလို့လား ''

" မသိပါဘူး....​ရှေ့နေလင်းခကို လို့ပြောလိုက်
ပါ.....ကိုယ့်ကိုသူအခန်းထဲဝင်ခွင့်ပြုမှာပါ ''

" ဟုတ်ကဲ့....ဒါဆို ခဏစောင့်ပေးပါ ''

Marco အနားမှာနေချင်မိလို့ ဒီအလုပ်ကိုဆက်
လုပ်နေပေမယ့် ဒီလိုနေထိုင်မှုပုံစံကြီးကို
ကောင်းကောင်းလုံးဝသဘောမကျ ဒါပေမယ့်
လည်းသည်းခံရမှာပေါ့လေ....

ခဏအကြာ

" ဝင်သွားလိုက်ပါ...''

" ကိုယ်ပြောတယ်မလား...ဝင်ခွင့်ပြုမှာပါလို့''

အခန်းမဝင်ခင် ကောင်းကောင်းကိုမျက်စိတဖက်
မှိတ်ပြသွားတဲ့ ဒီလူကြီးက ဥက္ကဋ္ဌရဲ့အသိလား မသိပေမယ့်ရဲတင်းလွန်းတဲ့လူကြီးဟုတော့
ထင်မိသည်

နွေမင်းရဲ့ဆောင်း ☃( Cozy in Wintry) [Completed ]Where stories live. Discover now