💚Extra 2💚 (Zawgyi) Final

110 8 6
                                    

Offတစ်ယောက်သူနဲ့အတူတူစာအုပ်ကိုကိုင်ထားတဲ့ကောင်လေးက သူ့ကိုကြည့်ကာ မျက်ရည်များကျလာသည်ကိုကြည့်ကာ သူ့ရင်ထဲအရမ်းကိုဝမ်းနည်းလာလေသည်။

နောက်တော့ကိုင်ထားတဲ့ စာအုပ်ကိုလွှတ်လိုက်ကာ ထိုကောင်လေးရဲ့ မျက်ရည်များကို သူ့ကိုယ်တိုင်တောင်မသိလိုက်ဘဲ သုတ်ပေးနေမိလေသည်။ထိုကောင်လေးကလဲသူ့ကိုမျက်ရည်များဖြင့်ကြည့်နေတော့တာပေါ့။

🎶🎶🎶🎶

ရုတ်တရပ်မြည်လာတဲ့ဖုန်းသံကြောင့် Off အသိပြန်ဝင်လာကာ Gunရဲ့မျက်ရည်တွေကိုသုတ်ပေးနေတဲ့လက်ကိုပြန်ရုတ်သိမ်းလိုက်ကာ ဖုန်းကိုင်လိုက်လေသည်။

"Hello Mae......အော် ဟုတ် ဟုတ်ကဲ့ ဒါဆိုသားကားဆီကိုဘဲတစ်ခါထဲတန်းလာလိုက်တော့မယ်နော် ဟုတ် ဟုတ်Mae"

Offလဲဖုန်းပြောပီးတော့ ခုနငိုနေတဲ့ကောင်လေးကိုကြည့်လိုက်တော့ မရှိတော့ပေ။

"ဟင် ဘယ်ရောက်သွားတာလဲဟ"

Off တစ်ယောက်ဟိုကြည့်ဒီကြည့်လုပ်နေရင်းနဲ့ မတွေ့တော့တဲ့အဆုံး ကားဆီကိုဘဲပြန်လာလိုက်လေတော့သည်။

Gunအိမ်ပြန်ရောက်တော့ Maeကသူ့ငယ်သူငယ်ချင်းမိသားစုနဲ့ပြန်ဆုံလို့ ညကျရင်Partyပွဲလေးလုပ်မယ်တဲ့လေ။

ဘာကြောင့်မှန်းတော့မသိပေ။Gunရင်တွေကတော့အရမ်းကိုခုန်နေလေသည်။ပီးတော့ခုနShopping Mallမှာတွေ့တဲ့လူကိုသူ့အာရုံထဲကဖျောက်လို့မရပေ။

သူကိုယ်သူလဲထိုလူကိုမြင်တာကိုဘာလို့မျက်ရည်တွေကကျလာတာလဲဆိုတာကိုနားမလည်နိုင်ပေ။ထိုလူကမျက်ရည်လာသုတ်ပေးတော့ပိုလို့ပင်ဝမ်းနည်းလာလေရဲ့။

ဒါကြောင့်ဘဲ ထိုလူဖုန်းပြောနေတုန်းသူအသာလေးလစ်ထွက်လာခဲ့တာလေ။

ညရောက်တော့ Gunတို့မိသားစုခြံထဲမှာ စားစရာများကိုပြင်ဆင်ပီး Maeရဲ့သူငယ်ချင်းမိသားစုလာမှာကိုမျှော်နေလေသည်။

မကြာခင်မှာဘဲ Mikeတို့‌အတွဲရော Gunsmileတို့မိသားစုပါရှေ့ဆင့်နောက်ဆင့်ရောက်လာကြလေသည်။

ကားပေါ်ကဆင်းလာပီး သူတို့ဆီကိုလျှောက်လာတဲ့လူ‌တွေထဲကOffကိုမြင်ကာ Gunအရမ်းကိုအံ့ဩသွားလေရဲ့။

You've reached the end of published parts.

⏰ Last updated: Jan 13, 2021 ⏰

Add this story to your Library to get notified about new parts!

ရာဇဝင်ထဲကချစ်ရသူWhere stories live. Discover now