Part 193 💚❤ (First date after falling in love 💕)

3.7K 605 153
                                    

💓

First date after falling in love 💕

💚❤

နွေဦးမနက်​ခင်း၏အလင်း​ရောင်​​ဖျော့​ဖျော့သည်​ သူအမြဲတ​စေဖွင့်​ထားသည့်​ ပြတင်းတံခါး​မှတဆင့်​ သူ့မျက်​နှာဆီကို ခပ်​​စောင်း​စောင်း​လေးကျ​ရောက်​လာသည်​ ။ နိုးနိုးချင်းပဲ သူမျက်​မှန်​ကို​ကောက်​တတ်​ပြီး ​ခြုံ​စောင်​ကိုသူ့ကိုယ်​​ပေါ်မှဖယ်​ရှားကာ ကုတင်​​ပေါ်မှဆင်းလိုက်​သည်​ ။

မျက်​နှာသစ်​ပြီးသည့်​အခါ ...
ညတာကို​ကောင်းစွာအိပ်​စက်​ခွင့်ေ​ပးသည့်​တမန်​​တော်​အား ​ကျေးဇူးတင်​စကား​ပြောရန်​ ပြတင်းတံခါးဆီကိုထွက်​လာခဲ့ပြီး ကြည်​လင်​​နေသည့်​​ကောင်းကင်​ယံကို ​သူ​မော်​ကြည့်​လိုက်​သည်​ ။

သူ့လက်​​တွေ တဖက်​နှင့်​တဖက်​ မဆုတ်​ကိုင်​မိခင်​မှာပဲ သူကြံရွယ်​ထားသည့်​အရာကို မလုပ်​​ဆောင်​ရန်​ စိတ်​ပိုင်းဖြတ်​လိုက်​သည်​ ။ ဘာ​ကြောင့်​များလဲ ... ။

အိပ်​ခန်းမှ သူထွက်​လိုက်​တယ်​ ၊ စားပွဲ​ပေါ်ရှိအပြင်​အဆင်​​ကြောင့်​ သူ့မိခင်​အလုပ်​သွားနှင့်​ပြီဆိုတာ သူရိပ်​စားမိလိုက်​သည်​ ။ အပ်​ကျသံ​တောင်​မကြားရသည့်​ ဒီအိမ်​ခန်းထဲရှိ စားပွဲ​ပေါ်ကမနက်​စာကို သူ မတို့ထိမိပဲ သတင်းစာကိုသာ သူပထမဆုံးကိုင်​တွယ်​လိုက်​သည်​ ။ ​ကျောင်းပိတ်​ရက်​မှာ သူအလုပ်​ရှာရဦးမည်​ ။ သတင်းစာထဲပါသည့်​ တချို့​သော အလုပ်​​ခေါ်စာ​တွေထဲမှ သူနဲ့ကိုက်​ညီသည့်​အလုပ်​​ခေါ်စာအပိုင်း​လေး​တွေအား မှင်​နီဖြင့်​ လိုက်​ဝိုင်းလိုက်​သည်​ ။ မှင်​နီဝိုင်း​လေး​တွေကို ​ရေတွက်​ကြည့်​လျှင်​ လက်​ငါး​ချောင်း​တောင်​မပြည့်​ ။ အလုပ်​​ခေါ်စာတွင်​ပါသည့်​ ဖုန်းနံပါတ်​​တွေကို စာရွက်​ပိုင်း​လေးတွင်​ ချ​ရေးလိုက်​သည်​ ။ ​သေသပ်​လွန်းသည့်​လက်​​ရေး​တွေသည်​ မိန်းက​လေး​ရေးထားသည်​လားလို့​တောင်​ ထင်​မှတ်​ရသည်​ ။

ခေါင်းကိုက်​​​လောက်​တဲ့အထိ သတင်းစာကိုဟိုလှန်​ဒီလှန်​လုပ်​လိုက်​တယ်​ ။ ကြမ်းခင်း​ပေါ်တွင်​ ပိရိစွာထိုင်​ပြီး သတင်းစာတ​စောင်​၊​ ​ဘောပင်​တ​ချောင်းဖြင့်​ အလုပ်​ရှုပ်​​နေရင်းမှ ခါး​ညောင်းလာတာ​ကြောင့်​ ပျင်း​ကြောကိုဆန့်​လိုက်​ရင်း မျက်​​စေ့ကအလိုလိုပင်​ တိုင်​ကပ်​နာရီကို​ရောက်​သွားခဲ့သည်​ ။

Family with lots of love 💚❤ (Part 191 to ...) || UYFIL Season 2 ||Where stories live. Discover now