တစ်နေ့က မောင်နဲ့မောင်တို့ သူငယ်ချင်းတစ်စု Final examကို passဖြစ်ခဲ့လို့ မိဘတွေဆီက ခွင့်ပြုချက်တောင်းပြီး သူငယ်ချင်းချယ်ရီက သူမတို့ ဇာတိဖြစ်တဲ့ ရှမ်းပြည်နယ် အောင်ပန်းမြို့လေးကို အလည်လာဖို့ ဖိတ်ခေါ်ခဲ့သည် ။ ကိုယ့်စရိတ်နဲ့ကိုယ်သွားမယ်ဆိုတာကို ချယ်ရီက ဧည့်ဝတ်ကျေချင်တယ်လို့ပြောတာကြောင့် ရှမ်းပြည်နယ်ကနေတစ်ဆင့် ရန်ကုန်ကို သူမတို့အိမ်ကကားနဲ့ သူမရဲ့ယုံကြည်စိတ်ချရတဲ့driverအတူတူလာခဲ့သည် ။
သူမတို့ မနက်ပိုင်းရောက်လာကြပြီး ခေတ္တာတို့အိမ်မှာနားနေကြကာ ညနေမှ ခရီးထွက်ဖို့ စီစဉ်ခဲ့ကြသည် ။ တစ်ခါမှသူငယ်ချင်းတွေနဲ့ မသွားဖူးတဲ့ခရီးကို သွားရတော့လည်း တစ်လကျော်ကျော်ကြာမြင့်သည့်ခရီး ၊ ခရီးနေရာဟာလည်း ချစ်ရတဲ့သူငယ်ချင်းလေးရဲ့ ရှမ်းဇာတိလေး ၊ သွားမည့်လလေးဟာလည်း နိုဝင်ဘာလလယ်ပိုင်းကျော် ဒီဇင်ဘာဝင်ခါနီးအချိန်လေး ဖြစ်တာကြောင့် ဘယ်လောက်တောင်များ အေးလိုက်မလဲ ။
ဒါကြောင့် သူမဟာ Travel Luggage Bag အမည်းရောင်ထဲကို သူမဝတ်နေကျ shirtလက်ရှည်ရောင်စုံလေးတွေနဲ့ Hoddieထူထူလေးတွေထည့်ပြီး ဂျင်းအပွ အကျပ် sizeမျိုးစုံကိုပါ တစ်ခါထဲထည့်ထားလိုက်သည် makeupပစ္စည်းသိပ်မလိုတဲ့သူမအတွက် creamတစ်ဗူး lip stickအစိုရဲရဲလေးနဲ့ စွဲစွဲမြဲမြဲသုံးနေကျ perfumeတစ်ဗူးကိုထည့်သွားသည် ။ ဒါတောင် မာမီက make up တစ်ဗူးနဲ့ အသားအရည်ပက်မှာဆိုးလို့ lotionတစ်ဗူးပါ ထည့်ပေးလိုက်သည် ။
အိမ်ရှေ့ထွက်ပြီး Lagguge Bagကြီးဆွဲလာပြီး လွယ်အိတ်လေးတစ်လုံးပါ လွယ်ထားပြီး ချယ်ရီနဲ့ခေတ္တာတို့အလာကို စောင့်နေမိချိန် ...
"မောင် သမီးလေး ။ ဟိုမှာအသွားအလာဂရုစိုက်နော် ။ သမီးသွားချင်တယ်ဆိုလို့ ပြီးတော့လည်း မာမီ့သမီးက final passဖြစ်သွားလို့ မာမီကခွင့်ပြုလိုက်တာနော် ။ မျက်မှန်ကိုလည်းသေချာတက် မကျိုးစေနဲ့ ။ ဒါမှမဟုတ်မျက်မှန်အပိုတွေယူသွားမလား ။ မာမီ သွားယူပေးမယ် ။ "
"ရပါပြီ မာမီရယ် ။ မောင့်မှာ အကုန်ပါပါတယ် ။ မောင့် ကိုယုံကြည်ပေးပြီး ဒီခရီးကိုခွင့်ပြုပေးလို့ မာမီ့ကိုကျေးဇူးအရမ်းတင်တယ် ။ အရမ်းလည်းချစ်တယ် မာမီ ။ "
YOU ARE READING
ရိုးမသက်သေ (Complete)
Romance(Zawgyi & Unicode) Season - 1 ခြူးမြတ်မောင် + နန်းရွှန်းအိမ် Started date - 14.2.2021 Ended date - 11.8.2021 Written by ~MORANYEIN~