Ever (NoHyuck)

419 37 2
                                    

ဒီအပိုင်းက Never ရဲ့ အဆက်လို့လည်း ပြောလို့ရပါတယ်။ တချို့အကြောင်းအရာတွေကို ပြန်ရှင်းပြထားတဲ့ အပိုင်းလေးပါ။

Uni ver.

Accident တစ်ခုဖြစ်ပြီး မေ့မျောနေတဲ့ ဝိညာဥ်ငယ် ..

သူ accident ဖြစ်တဲ့ ကမ္ဘာမှာ ၇ ရက်တာ ကာလက ဒီနေရာမှာတော့ တစ်နှစ်တာ ကြာရှည်သလို ..

ဟုတ်တယ် ရှုပ်ထွေးလွန်းတဲ့ ဒီဝိညာဥ်လောကကို သူရောက်လာခဲ့တယ် ... ထိုသူ့နာမည်က Lee Jeno။

.............................. Ever ..................................

မြင်မြင်ချင်း သဘောကျမိခဲ့တာမို့ ဒီကောင်လေးရဲ့ ဝိညာဥ်ကို ချဥ်းကပ်ချင်ခဲ့မိသည်။ မေ့မျောနေတဲ့ ကောင်လေးရဲ့ စိတ်ထဲ အထက်တန်း ကျောင်းသားဘဝကိုပဲ ထပ်တလဲလဲ သတိရနေတာမို့ သူသည် ကျောင်းသားသစ်ယောင် ဆောင်ကာ ကောင်လေးရဲ့ စိတ်ထဲက ဇာတ်လမ်းမှာ ပါဝင် သရုပ်ဆောင် မည်။ ထိုသူကား Lee Haechan။

စမြင်တည်းက သဘောကျတာမို့ မင်းနဲ့ နီးခွင့်ရဖို့အတွက် အမျိုးမျိုးသော နည်းလမ်းတွေနဲ့ ကြိုးစားမိတယ်။ မင်းဘေးနား ထိုင်တာက အစ၊ မင်းကို ရင်းနှီးအောင် ကြိုးစားခဲ့တာအဆုံးပေါ့။ အရာရာ ငါကိုယ်တိုင် ဖန်တီးခဲ့တယ်။

တကယ်တော့ မင်းက ငါထင်သလို တစ်ဖက်ကမ္ဘာကို လုံးလုံး စွန့်ခွာပြီး ဒီနေရာကို ရောက်လာခဲ့တာ မဟုတ်ပဲ ခဏတာ ရောက်လာခဲ့တဲ့ ဝိညာဥ်ငယ်။

ဇာတ်လမ်းရဲ့ သုံးပုံ နှစ်ပုံရောက်မှ ဒီအဖြစ်ကို သိခဲ့ရတဲ့ငါ ... ငါစခဲ့တဲ့ ဇာတ်လမ်းက ပျော်ရွှင်စရာအဆုံးသတ်တစ်ခုလို့ သတ်မှတ်ခဲ့ပေမယ့် နာကျင်မှုတချို့နဲ့ အဆုံးသတ်ရမယ့်အခါ ...

.............................. Ever ..................................

စာမေးပွဲ ကာလ မတိုင်ခင်မှာမှ သိခဲ့ရတဲ့ မကြာခင် တစ်ဖက်လောကကို ပြန်သွားရမယ့် ဒီဝိညာဥ်ငယ်။ ဆွဲထားဖို့ အကြောင်းတချို့ ရှိပေမယ့် ငါ မဆွဲထားနိုင်ခဲ့ဘူး။

အဲ့ဒီနေ့ မင်းရဲ့ တစ်ဖက်ကမ္ဘာကို ပြန်ရမယ့်အချိန် နာရီပိုင်းအလိုမှာ ဒီဘက်ကမ္ဘာမှာ ငါတို့ ပျော်ရွှင်ခဲ့ကြတယ်။ သာမန်အတွဲတွေ ဒိတ်လုပ်သလို ငါစီစဥ်ပြီး လျှောက်သွားခဲ့ကြတာ မင်းမသိခဲ့ဘူး။

          

တူတူကြည့်ခဲ့တဲ့ ရုပ်ရှင်ထဲက ဇာတ်လမ်းကလည်း တကယ်တမ်း ငါဖန်တီးခဲ့တဲ့ မင်းနဲ့ငါရဲ့ ဇာတ်လမ်းပါပဲ ဆိုတာလည်း မင်းမသိခဲ့ဘူး။
ငါသိပ်တောင့်တခဲ့တဲ့ မင်းရဲ့ နှလုံးသားကို သိခွင့်ရခဲ့ပေမယ့် ငါမပိုင်ဆိုင်နိုင်ခဲ့ဘူး။

ဒီဝိညာဥ်ကို ဒီဘက်ကမ္ဘာတစ်ခုစီ ဆွဲခေါ်ခဲ့တာလည်း ငါပဲ။ Accident ဖြစ်တဲ့နေ့က မင်းကို ဝင်တိုက်ခဲ့တဲ့ တရားခံဟာ ငါဖြစ်နေခဲ့တယ်။ ငါ့မှာ မင်းကို ဆွဲထားဖို့အတွက် ဘယ်လို အင်အားတွေ ရှိမလဲ။

တစ်ဖက်မှာ မင်းပြန်လာဖို့ကို မျှော်နေတဲ့ မိသားစုနဲ့ သူငယ်ချင်းတွေ ရှိတယ်။ ငါ့မှာက ပြန်သွားလို့လည်း မရခဲ့သလို ပြန်သွားလို့ ရခဲ့ရင်လည်း မင်းရင်ထဲ ပြန်ပြီး နေရာယူနိုင်ဖို့ မသေချာခဲ့ဘူး။

.............................. Ever ..................................

သိပ်ချစ်ရတဲ့ Nono ငါမှာထားတဲ့ စကားလုံးတွေကို သေချာလိုက်နာပြီး ဖြတ်သန်းနေတာမို့ ပျော်ရွှင်မိတယ်။ ငါအတ္တကြီးပြီး မမှာဖြစ်လိုက်တဲ့ နှလုံးသားရေးကို မင်းကိုယ်တိုင် ဘာမှ မဖန်တီးလိုက်လို့လည်း ကျေးဇူးတင်ပါတယ်။

မင်းသေချာ မသိခဲ့ပေမယ့် မင်းနဲ့ အတူတူ ဖြတ်သန်းခဲ့တာတွေက အိမ်မက်တစ်ခု မဟုတ်ခဲ့ဘူး။ အခု မင်း ဖြတ်သန်းနေရတဲ့ ကမ္ဘာမှာ မင်း ငါ မရှိဘူး ထင်နေပေမယ့် တကယ်တော့ တစ်ချိန်လုံး ငါရှိနေခဲ့ပါတယ်။ မမြင်ရရုံလေးပါ။

မင်းထွက်မသွားခင် နှစ်ရက်အလိုက ငါ့အတွက် ရွေးချယ်မှု နှစ်ခုရခဲ့တယ်။ ပထမ တစ်ခုက ငါလည်း ရှင်သန်ခွင့် ရပြီး မင်းနဲ့အတူတူ တစ်ဖက်ကမ္ဘာ ပြန်ခွင့်ရမယ်။ ဒါပေမယ့် ငါမင်းနဲ့ မနီးစပ်နိုင်ဘူး။ ငါတို့ အတူတူ ဖြတ်သန်းခဲ့တာ အကုန် မင်းဘက်က မေ့ပျောက်သွားမယ်။ ဒုတိယတစ်ခုက ငါမင်းနဲ့အတူတူ ပြန်ခွင့်ရမယ်။ နီးစပ်ခွင့် နည်းနည်းရှိမယ်။ ငါတို့ ဖြတ်သန်းခဲ့တာတွေ မင်းရော ငါရော ထပ်တူ သတိရနေမယ်။ ပြီးတော့ ...။

ငါ ဒုတိယ တစ်ခုကို ရွေးချယ်ခဲ့တယ်။

ငါမင်းနဲ့ အတူတူ ဒီဘက်ကမ္ဘာကို ပြန်ခွင့်ရခဲ့တယ်။ သို့ပေမယ့် ငါက မင်းမမြင်ရတဲ့ သူတစ်ယောက်အဖြစ်။

NCT DREAM - One Shot CollectionsDonde viven las historias. Descúbrelo ahora