100

954 93 4
                                    

ရှောင်ယွင်ကတိတ်ဆိတ်နေပြီးနောက်

"နောင်တရလား...ကျွန်တော့်အပေါ်အဲ့လိုလုပ်ရက်တွေလုပ်ခဲ့ကြတာကို.."

"အားယွင်...ကျဲတောင်းပန်ပါတယ်...တကယ်လို့သာအချိန်တွေကိုနောက်ပြန်ဆုတ်နိုင်ခဲ့မယ်ဆိုရင်ကျဲ အဲ့အမှားတွေကိုထပ်ကျူးလွန်ခဲ့မှာမဟုတ်ပါဘူး..."

"ငါတို့လည်းတောင်းပန်ပါတယ် ရှောင်ယွင်.."

"ဟုတ်ပါတယ်...ရှောင်ယွင် ငါတို့လုပ်ရက်တွေကလူမဆန်ခဲ့ဘူးဆိုတာသိပါတယ် အဲ့ဒါကြောင့်လည်းငါတို့ကိုယ့်ကိုကိုယ်အရမ်းရှက်မိပါတယ်.."

"ငါ...ငါ မင်းတို့ကိုခွင့်လွတ်ချင်ပါတယ် ဒါပေမယ့်ကြင်ယာတော်ပိုင်...သူက..သူက သိပ်သနားဖို့ကောင်းလွန်းတယ်.."

ရှောင်ယွင်ကပြောရင်းနဲ့အသံတွေတုန်လာကာမျက်ရည်ကျချင်လာသည် သူတကယ်အဲ့ဖြစ်ရပ်တွေကိုပြန်မတွေးချင်တော့ဘူး

"ရှောင်ယွင်..."

လျိူချန်းကလည်းသူ့ကုတင်ပေါ်ကနေဆင်းလာပြီးရှောင်ယွင်ထိုင်နေတဲ့ဘေးမှာလာထိုင်ကာလက်ကိုဆုပ်ကိုင်ပေးလိုက်သည်

"..ကြင်ယာတော်ပိုင်ရဲ့ခံစားချက်တွေကိုနားလည်တဲ့သူကကျွန်တော်ပဲရှိတာ...ကျွန်တော်သာ...ကျဲတို့ကိုလွယ်လွယ်ကူကူခွင့်လွတ်ပေးလိုက်ရင်...ကြင်ယာတော်ပိုင်အတွက် မတရားရာ...ကျသွားမှာပေါ့...ဒါပေမယ့်..ဒါပေမယ့် အင့်...ကျွန်တော် ဒါတွေကိုမေ့ပစ်လိုက်ချင်ပြီ...အဲ့ဝမ်းနည်းစရာအတိတ်တွေကို...မဆုပ်..ကိုင်ထားချင်တော့ဘူး..."

ရှောင်ယွင် ကလျိူချန်းလက်ကိုပြန်ဆုပ်ကိုင်ရင်းကြည့်ကာ

"ငါအားလုံးမှတ်မိသွားပြီ လျိူချန်း..."

"ဟမ်..."

ရှောင်ယွင်ကလျိူချန်းကိုမျက်ရည်များဝဲကာကြည့်ရင်းပြန်တွေးမိသည်

ကျောင်းဂိတ်ပေါက်မှာတုန်းကလျိူချန်းသူ့ကိုဖက်လိုက်ကတည်းကသူအကုန်လုံးကိုပြန်မှတ်မိသွားခဲ့တာဖြစ်သည် အစတုန်းကသူ့ဖက်ကခံစားခဲ့ရတာတွေသူကြင်ယာတော်ပိုင်အဖြစ်သိထားခဲ့တာတွေကိုပဲမှတ်မိခဲ့တာဖြစ်သည် ဒါပေမယ့်လျိူချန်းကသူ့ကိုဖက်လိုက်ချိန်မှာတော့အချိန်ကိုပင်အကုန်လုံးကိုပြန်မှတ်မိခဲ့သည် သူသေသွားပြီးနောက်ပိုင်းဖြစ်ခဲ့တာတွေပါအပါအဝင်ဖြစ်သည်

If The Love Is True(Completed)Where stories live. Discover now