လပြည့်ညမို့ထင်သည်။ လမ်းမီးရောင်တွေထက်တောင် လမင်းကြီးရဲ့အရောင်က ပိုလင်းထိန်နေသေးသည်။
ပန်းခြံထဲက တရုတ်ဆီးသီးပွင့်အဖြူလေးတွေကလည်း လရောင်အောက်မှာ အဝါရောင်သန်းနေသည်။
ညီအစ်ကို ၃ ယောက်ကတော့ ကိုလာ ၁ ဘူးဆီကိုင်လျက်။
'မေးချင်တာတွေ များနေလို့ တစ်ခုချင်းစီအရင်မေးမယ်နော်'
ဂျွန်ခယူက အရင်ပြောလိုက်တော့ ဂျီဟွန်းကခေါင်းညိမ့်သည်။
မာရှီဟိုကတော့ နှစ်ယောက်သားရဲ့အလယ်မှာ ဟိုဘက်ကြည့်လိုက် ဒီဘက်ကြည့်လိုက်။
'နံပါတ် ၁ မေးခွန်းက အစ်ကို ဘာလို့ ပြန်လာတာလဲ'
မာရှီဟိုနဲ့ ဂျီဟွန်းက ဂျွန်ခယူ့ကို နှစ်ယောက်သားပြိုင်တူ မျက်မှောင်ကျုံ့ပြီးကြည့်လိုက်သည်။
'မဟုတ်ဘူးလေ...ငါမေးချင်တာအဲ့လိုမဟုတ်ပါဘူးကွ...အချိန်စောပြီးပြန်လာရတဲ့အကြောင်းရင်းကိုသိချင်တာပါ'
ဂျွန်ခယူက ပြာပြာသလဲနဲ့ပြန်ဖြေရှင်းချက်ပေးရတော့သည်။
'ဟုတ်ပါပြီ ဟုတ်ပါပြီ သိပါတယ်..အဲ့တော့...ငါက..'
ဂျီဟွန်းက ပြောပြမယ်ကြံတော့ မာရှီဟိုနဲ့ ဂျွန်ခယူက သူ့ဘက်ကိုလှည့်ပြီး အတူတူနားစွင့်နေကြသည်။
'မင်းတို့ အခုပုံလေးကလေ ငယ်ငယ်တုန်းက မင်းတို့နှစ်ယောက် ငါ့အခန်းထဲမှာလာအိပ်တုန်းက ငါပုံပြင်ပြောပြသလိုပဲ'
ဂျီဟွန်းကရယ်ပြီးပြောလိုက်သည်။
'တော်ပါ နောက်ကြောင်းပြန်မနေပါနဲ့ ဘာဖြစ်တာလဲသာပြောပြပါ'
ဒီတစ်ခါတော့ မာရှီဟိုကပါဝင်ပြောရပြီ။
'ဟုတ်ပါပြီ ငါ မန်နေဂျာနဲ့ ရန်ဖြစ်ခဲ့တယ်'
'အင်း...'
ညီလေးနှစ်ယောက်ကခေါင်းပြိုင်တူညိမ့်ရင်း သံယောင်လိုက်သည်။
'ဒါပေမယ့် သူအလုပ်မပြုတ်ဘူး ငါပြုတ်သွားတယ်'
'ဘာဖြစ်လို့လဲ'
YOU ARE READING
OMG! (mashikyu/mashihoon)