YOUR TITLE HERE 29

1.8K 190 44
                                    


ညက
တစ်ညလုံး အိပ်ရေးပျက်ထားကျတော့
တစ်မနက်လုံးဆက်အိပ်နေကြသည် ၊
တစ်ခါတစ်လေ တွေ့ရတုန်းလေး
အလွမ်းသယ်ကြတာ နောက်ကျသွားတယ်
ထင်ပါရဲ့

ရာသီဥတုက အ​ေတာ်​ေလးအေးစိမ့်နေသည်
ညတုန်းက ပြတင်းပေါက်တံခါးမပိတ်လိုက်
ရတော့ကြောင့် အခန်းအတွင်းကို အပြင်က
လေးတွေ တဖြူးဖြူး

အအေးဓာတ်ကြောင့် ရင်ခွင်ထဲ
တိုးဝင်လာတယ့် အကောင်ပေါက်လေးကြောင့် Jisoo နိုးလာခဲ့သည် ၊မျက်လုံး
မပွင့်တပွင့်နဲ့ ဖွင့်လိုက်တော့ အကောင်
ပေါက်လေးရဲ့ ပါးဖောင်းဖောင်း​လေးက မျက်စိရှေ့တင်သာ

စောင်ကိုလည်း သူ့တစ်ကိုယ်လုံးပတ်ထသေးတာကို
ရင်ခွင်ထဲတောင် တိုးဝင်လာသေးသည်

မသိရင် ထမင်းလိပ်လေးနဲ့တောင်
တူနေသေးသည်

" ဘာလို့ဒီလောက်ချစ်ဖို့ကောင်းနေရတာ
လဲ..အရူးမလေးရဲ့ "

ပါးလေးကို ခပ်ဖွဖွ ဆွဲဖိရင်းပြောတော့
မျက်ခုံးတွေ တွန့်ချိုးသွားတယ့်
သူ့ကလေးကြောင့် Jisoo ခပ်ဟဟ
ရယ်လိုက် မိသည် ၊ တကယ့်ကို
ချစ်စရာကောင်းတယ့် သူ့ကလေး

"ဟာ..သူများအိပ်နေတာကို  "

ပါးပေါ်က Jisooရဲ့ လက်ကို
ပုတ်ထုတ်ပြီး ရင်ခွင်ထဲ ပိုတိုးဝင်လာတယ့်
ကောင်မလေးကြောင့် သူလည်း တင်းတင်း
ကြပ်ကြပ်လေး ပြန်ဖက်ထားပေးပြီး
ပြန်အိပ်လိုက်သည်

" ဆယ့်နှစ်နာရီတောင် ထိုးပြီ
ထရအောင်..ဒီနေ့အားတော့ အပြင်မှာ
Dateရင်း Chuနေမယ့် Condoသွားကြည့်မယ်လေ "

တစ်ရေးနိုးတော့ နံရံကနာရီကြည့်ရင်း
ပြောလိုက်သည် ၊ ဘေးမှာလည်း
နိုးနေလျက်နဲ့ ဆက်လှဲနေသေးတယ့်
Jennie

Jisoo ရဲ့ အကြံကို သဘောတူရင်း
နှစ်ယောက်သား ရေမိုးချိုးပြင်ဆင်ကာ
ထွက်လာကြသည် ၊Seulgiကတော့
အခုထိ မထနိုင်သေးပေ

" လူမများမယ့်Dateစရာနေရာက... ဘယ်နေရာရှိမလဲနော် "

Jisoo ဖုန်းယူရင်း Dateရမယ့်
နေရာရှာနေတုန်း Jennieကတော့
Makeup ပြင်နေသည်

𝘠𝘰𝘶𝘳 𝘛𝘪𝘵𝘭𝘦 𝘏𝘦𝘳𝘦Where stories live. Discover now