ARC.1.PART:19

5K 625 6
                                    

" ကိုယ် company မှာ တစ်နှစ် အလုပ်လာလုပ်ပေး . လစာကောင်းကောင်းပေးမှာပါ ။ ဘယ်လိုလဲ? " ရှန်းချွန်းမင် က  ကားကူရှင်ပေါ်မှီချလိုက်ကာ ‌ပြောလိုက်သည်။ သူ လုပ်ဆောင်မှု အားလုံးက အလွန်ဆွဲဆောင်မှုရှိနေသဖြင့် ချင်းပေ ပင် ငေးကနဲ ဖြစ်သွားသည်။ ' ချီးဘဲ!!! သောက်ရမ်းဆွဲဆောင်မှုရှိတယ်။ စိတ်ထိန်းစမ်း !! စိတ်ထိန်း ဒီမကောင်းဆိုးရွားက ငါ့ကို အချိန်မရွေးသတ်နိုင်တယ်။ '

" ဟက်!! Mr. ရှန်း‌ ရှင့်ကော်ဖီ ဖိုးက တကယ်ကိုဈေးကြီးလှပါတယ်။ " ချင်းပေသည် ဟက်ဟက်ပက်ပက်ရယ်ရင်း လက်ခုပ်တီးကာ ပြောလိုက်သည်။ " မလုပ်နိုင်ဘူး !! ဆိုရင်ရော . Mr. ရှန်းက ကျမကို သတ်မှာလား "

" Oh!! တကယ်တော့ မဖြစ်နိုင်တာတော့မဟုတ်ဘူး။ " ထို့နောက်သူက ချင်းပေ၏ နား နားကပ်ကာ နှစ်ယောက်သားကြားရုံသာ ပြောလိုက်သည်။ " ကိုယ့်အတွက် မင်းတို့လို လူတွေကို သတ်ရင် အရမ်းအကျိုးရှိတယ်လေ "

ချင်းပေ သည် ထိုလူအားခက်ထန်စွာ ကြည့်လိုက်ပြီး သက်ပြင်းချလိုက်သည်။ သူမပုံစံက အလျော့မပေးချင်သော်လည်း မတတ်သာသည့် ပုံစံမျိုး ။ သို့‌သော် သူမတစ်ယောက်သာ နောက်ကျောတွင် ချွေးစေးများထွက်နေပြီး သူမနောက်တွင် ပစ်ထားသည့် လက်တုန်နေကြောင်း သိပေသည်။ ' ဒီလူက တကယ် ကြောက်ဖို့ကောင်းတယ် '

" ကောင်းပြီလေ တစ်နှစ်ဆို တစ်နှစ်ပေါ့ ။ ဒါပေမဲ့ ကျမက ကျောင်းသူဆိုတော့ အားမှ ရုံးတတ်နိုင်မယ်။ ဘယ်လိုလဲ ။" သူမ သူမရဲ့ ရှောင်နိုင်မည့် လမ်းကြောင်းကို ချန်ထားဖို့ လိုသေးသည်။ ' ဟမ့် နင်မရှိနိုင်တဲ့ အချိန် ငါလာမှာပေါ့ ။မရှောင်လို့မဖြစ်ဘူး။ အခု ဒီလူနား ခနနေတာတောင် ငါ့ဝိဉာဉ်ကတော်တော်လေး အားနည်းနေပြီ '

" ရုံးက မင်းတက်ချင်တဲ့ အချိန်တက်လို့ရတယ်။ " ရှန်းချွန်းမင်၏ စကားကြားမှ ချင်းပေ သည် စိတ်သက်သာ ရာ ရသွားတော့သည်။ ' အင်းးး သူက အဲ့လောက်လဲ မဆိုးသေးးး'
သူမအတွေးမပြီးသေးခင်ပင် ရှန်းချွန်းမင်က သူမစိတ်အား ချောက်နက်ကြီးထဲ ဆွဲချလိုက်တော့သည်။ " ဒါပေမဲ့ ‌ကိုယ်နဲ့လာနေရမယ် "

' system ဒီလူက ဘယ်လိုဖြစ်နေတာလဲ ။ ငါ့ကို ဘာလို့အလွှတ်မပေးချင်ရတာလဲဟင်။ ငါ့ကို ဖြည်းဖြည်းချင်းသတ်မလို့များလား ။'

TAKING BACK MAIN LEAD'S INFLUENCE Where stories live. Discover now