Zawgyi
××××××××××××××××××××××××××××××××
ရောင်နီဖြာတဲ့ မနက်ခင်းလေးတစ်ခုမှာ
ခုထိမနိုးထသေးတဲ့ကလေးငယ်က နှစ်ချိုက်စွာ
အိပ်ပျော်နေဟန်ပင်...။ များမကြာမီ ခပ်လှုပ်လှုပ်
ဖြစ်လာတဲ့ ခန္ဓာကိုယ်လေးနဲ့အတူ ဘေးဘီကို
တစ်စုံတစ်ယောက်ရှိလိုရှိညား လက်လေးနှင့်စမ်းနေဟန်တူသည်..။ဖြည်းဖြည်းချင်းပွင့်လာတဲ့ မျက်လုံးလေးက
အိပ်ယာအလွတ်ကိုမြင်တာနဲ့ ဝမ်းနည်းရိပ်တို့
သန်းလာသလို..။သူမေ့နေခဲ့တာပဲ..Daddy ညကပြန်သွားခဲ့တာပဲ..။
ဆက်၍လဲအိပ်မပျော်တော့တာမို့
အိပ်ယာထက်မှာထထိုင်နေလိုက်သည်...။လက်တကမ်းလောက်က စားပွဲပေါ်တင်ထားတဲ့
ဖုန်းလေးကိုလှမ်းယူလိုက်သည်...။အချိန်တောင် ၁၀ နာရီထိုးနေပြီပဲ...။
ညကပင်ပန်းပြီးအိပ်ပျော်သွားလိုက်တာ
ခုမှနိုးတယ်...။ ဒါတောင် လူကရီဝေဝေနဲ့
သမ်းဝေနေမိသေးသည်...။"ဒေါက် ဒေါက်..သားသားနိုးပြီလား..."
"ဟုတ် မမ.."
ကုတင်ထက်ကနေဆင်းပြီး မမကိုတံခါးဖွင့်ပေး
လိုက်သည်...။"မမရဲ့ ချွဲစိန်လေး အိပ်ရေးဝရဲ့လား "
"အင်း ဝပါတယ် "
"ကဲ သွားတိုက်မျက်နှာသစ်ပြီး ဆင်းလာတော့
မနက်စာပြင်ထားပြီ မမ အိပ်ယာသိမ်းလိုက်မယ်
မေမေ အောက်မှာစောင့်နေတယ်...""မေမေက မစားသေးဘူးလား..."
"ဟုတ်ပါ့ရှင် သားသားနိုးတဲ့ထိစောင့်ပြီး သားသားနဲ့မှစားမယ်ဆိုလို့.."
"အရင်စားထားတာမဟုတ်ဘူး...သား မျက်နှာမြန်မြန်သစ်လိုက်ဦးမယ် "
"အင်း အင်း ဒါနဲ့ သားသား.."
"ဗျာ.."
"အိပ်ယာခင်းရော ဘာလို့မခင်းတာလဲ.."
"အဲ့ အဲ့တာက ပြဲသွားလို့.."
"ဟုတ်လား အကောင်းကြီးရှိသေးတာကို...
နည်းနည်းပဲပြဲတာလား ဘယ်နားမှာလဲ..."မမက အိပ်ယာခင်းကိုရှာနေသည်မို့် ချွေးပါပြန်မိသည်..ဒါကြောင့် အိပ်ယာခင်းရှာနေတဲ့ မမရှေ့ကို အမြန်ပိတ်ရပ်လိုက်မိသည်..။
YOU ARE READING
CANDY is MINE🔞Z+U{COMPLETED}
Romanceကိုယ့်ကိုထားပြီးဘယ်ကိုမှ ထွက်သွားဖို့မစဉ်းစားနဲ့ Candy မင်းကကိုယ့်အပိုင်မလို့ပဲ... လျံခေတ်မင်း အတ္တကြီးလွန်းတဲ့ခင်များကို ကျွန်တော်မုန်းတယ်...... ခင်များကကျွန်တော့်အတွက်တော့နတ်ဆိုးပဲ... ခတ...