Ep (16)

1.9K 265 14
                                    

Unicode

လင်းနို့မျိုးနွယ်ရဲ့ ပုံရိပ်ယောင်ကမ္ဘာသို့မရောက်ရှိခင် ရိန်းက လင်းနို့နယ်မြေအကြောင်းသိသူဖြစ်လို့ အသိပေးပြောကြားတော့သည်။ယခုပုံရိပ်ယောင်ရဲ့ဝင်ပေါက်ဟာ ဝံပုလွေမျိုးနွယ်စုလို ရေထဲမှဖြတ်သန်းရမည်မဟုတ်ပေ။

ယခုအခါမှာတော့ ဂူတစ်ဂူထဲဖြတ်သန်းသွားရခြင်းဖြစ်ကာ မထင်မှတ်ထားသည်က ဂူရဲ့အဆုံးတွင်ကျောက်သားနံရံဟုသာထင်ရပေမဲ့ ရိန်းက နံရံရဲ့တစ်နေရာကိုလက်ဖဝါးဖြင့်တွန်းလိုက်ရာ ဘေးဘက်တစ်နေရာတွင် တံခါးတစ်ပေါက်ပေါ်လာခဲ့တော့သည်။ထိုတံခါးပေါက်အတိုင်းဆက်သွားသည့်အခါ အဆုံး၌ အလင်းရောင်စူးစူးတို့ကိုမြင်လိုက်ရပြီး တစ်ကယ်တမ်းအနီးသို့ရောက်သည့်အခါမှာတော့ သူတို့မြင်ရသည်မှာကတော့ တိမ်မျာအပြည့်ဖြင့် ကောင်းကင်ယံကြီးကိုပင်ဖြစ်သည်။

ရှင်းယောင်က အံ့သြဘနန်းဖြင့်စကားဆိုသည်။

"ငါအခု 3D ရုပ်ရှင်ထဲရောက်သွားတာလား.."

ထိုသို့ပြောပြီး သူမကလက်တစ်ကမ်းအကွာတွင် ရွေ့လျားနေသော တိမ်တွေကိုလည်း ထိကြည့်သေးသည်။

"ဘုရားရေ..ဘယ်လိုလုပ် ငါတို့က ကောင်းကင်ပေါ်ရောက်နေရတာလဲ.."

"ဒါက ဒီပုံရိပ်ယောင်ကမ္ဘာရဲ့ဝင်ပေါက်ပဲလေ..အခုနက ကျောက်နံရံဂူက သော့ခလုတ်ကိုသိလို့ပဲဖြစ်ဖြစ် မတော်တဆထိမိလို့ပဲဖြစ်ဖြစ် ဒီလမ်းကိုသိရင်တောင် ဘယ်သူမှလာနိုင်ကြမှာမဟုတ်ဘူး..ဘာလို့ဆို အခုနက လမ်းမှာရှိတဲ့ထောင်ချောက်ခလုတ်မှန်သမျှ ငါပိတ်ခဲ့လိုမသိကြရပေမဲ့ အဲ့လမ်းထဲသာမာန်လူသာဝင်လာမိလို့ကတော့ ထောင်ချောက်စာမိရင်း နေရာမှာတင်ပွဲကြီးပြီးပဲလေ.. အကယ်၍ ဒီအထိလာနိုင်ခဲ့ရင်တော့ ဒီအမြင့်ကနေ အောက်ကိုရောက်ရင် အရိုးတစ်ခြားအသားတစ်ခြားဖြစ်သွားနိုင်တယ်.."

ဝမ်ရိပေါ်ဟာ မကြာသေးမှီက ရိန်းဆိုသူပြောခဲ့သော ကိုယ့်ကိုယ့်ကို ချီးကျူးထော်ပနာတင်သည့်စကားများကို သတိရသွားမိသည်။

"မင်းပြောတော့ မင်းတို့မျိုးနွယ်က ရုပ်ချောသဘောကောင်းဆို..အခုတော့ ဝံပုလွေမျိုးနွယ်ထက်တောင်ရက်စက်နေပါလား.."

WRONG WAY [completed]Where stories live. Discover now