အခန်း ( ၃ ) Zawgyi

510 43 2
                                    


 စီနီယာအစ်မ ငါ့ကို စောင့်ရှောက်ပေးလေ..!

ရှောင်မန်နဲ့ သူငယ်ချင်းတွေက ရုပ်ရှင်ရုံအနီးနားက စားသောက်ဆိုင်တစ်ခုကို သွားစားကြသည်။စားသောက်ပြီးစီးတဲ့အခါမှာတော့ လမ်းမပေါ်လျှောက်ပတ်ရင်း ပြန်ဖို့ပြင်ကြတော့သည်။မီလင်းနဲ့ ချူးဖန်းရှီတို့ရဲ့နေရာက ဝေးတာကြောင့် ရှောင်မန်နှင့်အတူ မပြန်နိုင်ကြပေ။ထို့ကြောင့်၎င်းတို့သုံးဦးမှာ ဘူတာရုံမှာတင် အသီးသီး နှုတ်ဆက်ခဲ့ကြ၏။

မီလင်းက မေးသည် “မန်..နင် အခုထိ အပြင်မှာတစ်ယောက်တည်းခွဲနေတုန်းပဲလား?”

“အင်း နင်လည်း အဆောင်မှာနေဖူးတော့ သိမှာပဲ..ဟုတ်တယ်မှတ်လား?တစ်ယောက်တည်းနေရတာက အေးချမ်းတယ်လေ”

ရှောင်မန်က ဆက်ပြောသည် “ဒါပေမယ့် အခုတလော ငါတို့ပတ်ဝန်းကျင်မှာ ပိုင်ရှင်မဲ့ကြောင်တစ်ကောင်ရောက်နေတယ်။ဘာဖြစ်နေတာလဲတော့ သေချာမသိဘူး ဒါပေမယ့် ညဆို တညောင်​ညောင်နဲ့ အမြဲတမ်းအော်နေလို့ ငါလည်း စိတ်မချမ်းသာဘူး”

ချူးဖန်းရှီက အမူရာပိုစွာနှင့်ပြောပြသည် “အဲ့တာက ရိုင်းတော့မရိုင်းလောက်ဖူးမှတ်လား..?မန် သတိထားအုန်းနော် ကြောင်မတွေက လူတွေကိုပိုကုတ်နိုင်ခြေများတယ်တဲ့!”

“ဆောင်းတွင်းရောက်လာလို့များလားပဲ?ဒါပေမယ့် ဘာလို့လဲ?” ချူးဖန်းရှီက ဘေးတစ်ပတ်လည်ကို လိုက်ကြည့်ရင်း  “အေးလွန်းတဲ့ရာသီဥတုကြောင့်ပဲဖြစ်မယ်၊ အခုဆို အတော်ကို အေးနေပြီကိုး။မန် နင်တစ်ကယ်လို့ အဲ့လိုတစ်ကောင်လောက်လမ်းမှာတွေ့ရင် စားဖို့တစ်ခုခုဖြစ်ဖြစ်ပေးလိုက်အုန်းနော် ဒီအချိန်က ကုသိုလ်လုပ်ဖို့အချိန်ကောင်းပဲ”

“ဒီအကြောင်းပြောရရင်တော့ အဲ့ကြောင်က ညစ်ပတ်လွန်းတယ် ငါ သည်းမခံနိုင်ဘူး”သူတို့စကားပြောနေတဲ့အချိန်အတွင်းမှာပဲ ရှောင်မန်စောင့်နေတဲ့ ရထားကဆိုက်လာတဲ့အတွက် သူကလူအုပ်အတွင်းသို့ရောနှောပျောက်ကွယ်သွားတော့သည်။

“ဒါဆို ဟေ့ကောင်တွေ ငါသွားနှင့်တော့မယ်။လမ်းမှာ သတိထားကြအုန်း”

စာလုပ်ရတော့မယ် ငါ့ကိုလွှတ်! / စာလုပ်ရတော့မယ် ငါ့ကိုလွှတ်! (Myanmar  Translation) Where stories live. Discover now