💜Part (35)💜

5.5K 669 10
                                    

Unicode
System created

                       💜35💜

        လဲ့ကျီက သစ်နွယ်များကို လက်ဖြင့်ဖယ်ရှာပေးပြီး မေနန်းဟွားသွားရန် လမ်းဖွင့်ပေးသည်။

"အရှင့်သား...."
"အင်း....."

       ဂူထဲကိုရောက်တော့ ပိုလို့မှောင်သွားတာကို တွေ့ရ၏။ ဂူလမ်းသည် လမ်းကွေ့လမ်းခွဲမရှိဘဲ တည့်တည့်ကလေးသာ ဖြစ်သည့်အတွက် လမ်းဆုံးတွင်ရှိသော အပြာရောင်အလင်းစတို့ကို လှမ်းတွေ့ရသည်။

       အပြာရောင်အလင်းစများသည် ကြီးမားတုတ်ခိုင်သော မြေခွေးအမြှီးများမှ တစ်စတစ်စနဲ့ ထွက်ပေါ်လာနေသော အမှုန်လေးတွေသာ ဖြစ်ပေသည်။ မြေခွေးမိခင်ကြီး တဖြည်းဖြည်း ကြွေလွင့်နေပြီ။

       သူတို့နှစ်ယောက်လုံး သတိထားမိသည့် အချိန်တွင် မြေခွေးဖြူလေးက တအုအုနဲ့ စတင်ငိုရှိုက်နေလေပြီ။ နှစ်ယောက်လုံး ချက်ချင်းမဆိုင်း ပြေးသွားသည်။ အနားလည်းရောက်ရော အဖြူရောင်အမြှီးတစ်ချောင်းက သူတို့ကို ရိုက်ထုတ်လိုက်လေ၏။

"ဝေးဝေးနေ......."

       မြေခွေးမိခင်ကြီး၏ အသံပင်။ လဲ့ကျီက ကိုးရောင်ချုပ်အစီအရင်ဖြင့် မျက်လုံးအရောင်ကို ပြောင်းလဲလိုက်ကာ သူတို့ထံလာနေသော ထိုအမြှီးကို သိပ်မပြင်းသောအားဖြင့် ရိုက်ချလိုက်လေသည်။

"ငါကချင်းချုံးမျိုးဆက်.... မင်းကိုဒုက္ခပေးဖို့ လာတာမဟုတ်ဘူး"
"ချင်းချုံး?"

        သူမ၏အမြှီးများသည် မေနန်းဟွားတစ်ဖက်စာလောက် ကြီးမားပြီး အပြာရောင်အလင်းစလေးတွေ ထွက်နေသည်။ အမွေးတွေက အင်မတန်လှပတာကို ကြည့်ခြင်းအားဖြင့် သူမသားလေးဟာလည်း ထိုနည်း၎င်း လှပလာနိုင်သည်။

        အမြှီးတွေကြား ပျောက်နေသော သူမ၏မျက်နှာလေး ပေါ်လာပေပြီ။ လူသားတစ်ယောက်အသွင်နှင့် ရင်ခွင်ထဲတွင် သူမသားလေးကို ပွေ့ထားသည်။ သူမက ကျိုက်လဲ့ကျီနဲ့ မေနန်းဟွားကို တစ်လှည့်စီကြည့်ပြီး

"ရှင်တို့ကျွန်မသားလေးကို ကယ်ခဲ့တာလား"
"ဟုတ်တယ်"

"ကျွန်မရဲ့ကျောရိုးက ကျိုးနေပြီမလို့ အရှင့်ကိုထပြီး ဂါဝရမပြုနိုင်တာ ခွင့်လွှတ်ပေးပါ"

You'll also like

          

        ကျိုက်လဲ့ကျီက လက်တွင်တွင်ရမ်းကာ

"ရတယ် ရတယ်.... မင်းဘာသာနေပါ မင်းကိုဘယ်သူက အခုလိုလုပ်လိုက်တာလဲ"
"သူကအရမ်း အစွမ်းထက်တယ်.... ကျွန်မလှုပ်မရအောင် အစီအရင်တစ်ခုနဲ့ ချုပ်နှောင်ထားပြီးမှ တိုက်ခိုက်တာ.... အရှင် ကျွန်မမရှိတော့တဲ့ နောက်ပိုင်း ကျွန်မသားလေးကို စောင့်ရှောက်ပေးဖို့ တောင်းဆိုပါရစေ သူကအရောင်ပြောင်း ​မြေခွေးသားရဲတွေရဲ့ နောက်ဆုံးမျိုးဆက်ပါ"

"သိပါပြီ မင်းစိတ်ချပါ"

       သူမက သူမသားလေးကို ငုံ့ကြည့်ကာ ပြုံးပြလေ၏။ သူမလက်တွေ လှုပ်ရှားနိုင်စွမ်း မရှိတော့တာမို့ သားလေးရဲ့မျက်ရည်ကိုတောင် သုတ်ပေးဖို့ မစွမ်းသာတော့ချေ။ မေနန်းဟွား သူမ၏အမြှီးများကြားကနေ ဖြတ်လျှောက်သွားပြီး မြေခွေးမိခင်ကြီးဘေးတွင် ထိုင်လိုက်သည်။

"ငါတို့သူ့ကို စောင့်ရှောက်မှာပါ.... ပြီးတော့ မင်းရဲ့ဝိညာဥ်ကို ကျင်းရှန်ကျောက်စိမ်းထဲမှာ ထည့်ထားပေးမယ် ဒီလိုဆို နောက်နှစ်၁၀၀ဆို မင်းပြန်မွေးဖွားလို့ရပြီ"
"ကျေးဇူးတင်ပါတယ်"

"အင်း"

       လဲ့ကျီကသူတို့အနားကို လျှောက်လာပြီး သူသိမ်းထားတဲ့ ကျင်းရှန်ကျောက်စိမ်းကို ထုတ်ပေးလေသည်။ မေနန်းဟွားက ကျင်းရှန်ကျောက်စိမ်းကို မြေကြီးပေါ်တွင် ခဏချထားလိုက်သည်။ လက်စည်းတံဆိပ် ပုံဆောင်၍ သိဒ္ဓိစွမ်းအင်များကို မြေခွေးမိခင်ကြီး၏ ခန္ဓာကိုယ်ကို ရစ်ပတ်စေ၏။

        သိဒ္ဓိစွမ်းအင်များနှင့် မြေခွေးမိခင်ကြီး၏ ခန္ဓာကိုယ်မှထွက်လာသော အပြာရောင်အလင်းစများ ပေါင်းစည်းသွားသည်။ ထိုအလင်းစများသည် မြေခွေးလေးအား တစ်ပတ်နှစ်ပတ်လောက် ရစ်ပတ်ပြီးတဲ့နောက်တွင် ကျင်းရှန်ကျောက်စိမ်းထဲသို့ ဝင်ရောက်သွားလေသည်။

"လဲ့ကျီ.... "
"အရှင့်သားပဲ သိမ်းထားလိုက်ပါ"

"ကောင်းပါပြီ"

       မြေခွေးမိခင်ကြီး ပျောက်ကွယ်သွားပြီ။ သူတို့ရှေ့တွင် မြေခွေးဖြူလေး နဲ့ သူ့မိခင်၏ သိဒ္ဓိအမြုတေကျောက်သာ ကျန်ရစ်ခဲ့၏။ လဲ့ကျီထိုကျောက်ကို လှမ်းယူ၍

System created (Completed)Where stories live. Discover now