[Unicode]
အခန်း(၃) [ကဗျာ]
"စတွေ့ခဲ့တာပါပဲ
မင်းမှမဟုတ်တာ
မင်းကတော့ မင်းလို့ပြောတယ်
ငါ့မှာဘယ်သူအားကိုးနဲ့
မင်းကိုချစ်ရဲနေရတာလဲ"တစ်နေ့တာ တာဝန်ဝတ္တရားများပြီးဆုံးသွားသည့်အခါမှ ဖိုးသားမှာ စိတ်ချလက်ချနဲ့ ခါးဆန့်ရတော့သည်။နာရီမူကား ၁၂နာရီတိတိ။တစ်ချက်ချက် လွင့်ပျံလာသော ခွေးအူသံသဲ့သဲ့နှင့် တစ်ခါတစ်ရံကြားရသော အိမ်မြောင်စုတ်ထိုးသံတစ်ချို့မှလွဲ၍ သူ့ရဲ့ညချမ်းအချိန်အခါမှာ အလွန်ကြည်နူးဖွယ်ကောင်းနေပေသည်။
"မင်းရေးထားတာလား"
"အင်း ဟုတ်ပ။ဘယ်လိုနေလဲ"
"အင်း ကဗျာနဲ့တူတယ်"
"အာ ကဗျာရေးပါတယ်ဆိုကွာ ကဗျာနဲ့တူသလိုပဲဆိုတော့ မင်းဟာက"
ဖုန်းမျက်နှာပြင်ထက်၌ တရိပ်ရိပ်ပေါ်လာသောစာလုံးငယ်လေးများ။ညစဉ်ဝတ္တရားတစ်ခုဖြစ်ခဲ့သည်မှာ တစ်ပတ်ကျော်တောင်မကြာသေး။ထွက်ပေါက်မဲ့လွန်းနေသောသူ့ဘဝအတွက် ထိုစာလေးတွေရဲ့ ပိုင်ရှင်လေးမှာ တံခါးလေးတစ်ချပ်ဖြစ်ခဲ့သည်။
သတိ/ သူ၏တံခါးလေးမှာ လွန်စွာ အားငယ်တတ်သည်။
"ဒီလိုရှိတယ်လေ သွင်ရဲ့။အခုခေတ်က ကဗျာတကယ်ရေးတတ်တဲ့သူရှားသွားပြီ။နာမည်ကြီးအောင်ရေးထားကြတဲ့ နှစ်ကြောင်းစပ်စာစုတွေပဲရှိတော့တာလေ"
စကားကြီးစကားကျယ်တွေပြောပြန်ပြီ...
"ဟမ် လေးလုံးစပ် ကဗျာပဲကြားဖူးပါတယ် ဘယ်နှယ့် မင့်ဟာက နှစ်ကြောင်းစပ်စာစုဆိုပဲ"
"ဟား ဟား နှစ်ကြောင်းထဲနဲ့ကဗျာဖြစ်သွားတဲ့စာတွေလေ"
"မင်းကတော့ လုပ်ပြီကွာ"
တစ်ဖက်ကကောင်လေးကို ဖိုးသား သူမမြင်နိုင်ပေမဲ့ ထိုကောင်လေး သေချာပေါက်ရယ်နေသည်ဆိုတာ သူသေချာပေါက်သိနေပါသည်။
တကယ့်ကောင်ပါကွာ.."ဒါနဲ့ သွင် ကျွန်တော့်ကိုဖုန်းဆက်ရင် ညဘက်ပဲဆက်နော်။ကျွန်တော်က နေ့ခင်းဘက်တွေမအားလို့"
YOU ARE READING
𝗪𝗛𝗢?
Mystery / Thrillerကျွန်တော့်ကို မင်းမြင်နိုင်တယ်။ဒါပေမဲ့ ကျွန်တော်ရှိနေတဲ့နေရာကို မင်းမရောက်နိုင်ဘူး။ကျွန်တော်က မင်းအနားမှာအမြဲရှိပေမဲ့ မင်းသာမရှာခဲ့ရင် မင်း ကျွန်တော့်ကိုဘယ်တော့မှမတွေ့နိုင်ဘူး