PART(13)
ခုတင်ဘေးကဖယောင်တိုင်မီးလေးဟုတ်ကနဲငြိမ်းသွားသည်နှင့်တစ်ခန်းလုံးသိသိသာသာမှောင်ကျသွား၏။လေလည်းမတိုက်ပဲမီးငြိမ်းသွားတာမသင်္ကါစရာကောင်းလွန်းနေသလိုဝေ့ရင်အိပ်နေရာမှကိုယ်တစ်ပိုင်းထိုင်မိလိုက်သည်။
"ရှပ်...ရှပ်! "
တိတ်ဆိတ်မှုတွေဖုံးလွှမ်းနေသောအခန်းလေးအတွင်းခြေသံတရှပ်ရှပ်ကပြတ်သားစွာပေါ်လာပြန်သောအခါဝေ့ရင်းပို၍လန့်မိလာ၏။
လူဆိုလို့သူနဲ့ဝမ်ရိအပြင်အထိန်းတော်တစ်ဦးသာရှိသည့်အိမ်တော်...။တစ်ခုခုဆိုအားကိုးရမည့်လူမရှိသည့်အပြင်ဒဏ်ရာကပါရှိနေတာကြောင့်သူကိုယ်တိုင်လည်းဘာမှမလုပ်နိုင်ပါ။
နဖူးထက်မှစီးကျလာသောချွေးတွေကိုလက်ခုံနှင့်ဖိသုတ်ရင်းအသံခပ်အုပ်အုပ်ဖြင့်မေးလိုက်သည်။
"ဘယ်သူလဲ"
"ရှူးးးးးး"
"အ"
အမှောင်ထုတွေကြားမှာအကောင်အထည်မမြင်ရဘဲသူ့နှုတ်ခမ်းပေါ်ကန့်လန့်ဖြတ်ထိတွေ့လာတဲ့လက်ညှိုးလေးတစ်ချောင်း။
အလန့်တကြားနှင့်အော်မိတော့မယ့်ဆဲဆဲမှာမှနှာခေါင်းထဲအနံ့လေးတစ်ခုတိုးဝင်လာသည်။အမွှေးနံ့လေးတစ်ခု...။
"လန့်ကျန်"
လူမမြင်ရပေမယ့်ကိုယ်သင်းနံ့နဲ့တင်ဝေ့ရင်းမှတ်မိပါပြီ။ဒါလန့်ကျန်။သေချာပေါက်လန့်ကျန်။
"ပျော်ရဲ့လား...အဲ့ဒီ့ကောင်နဲ့အတူနေရတာ...ဟင်းဟင်း"
ခုတင်ဘေးမှဖယောင်းတိုင်ကိုကိုယ်တိုင်မီးတို့ပေးရင်းလူကိုမကြည့်ပဲမေးလာတဲ့လန့်ကျန်။
သူ့မျက်နှာမှာလည်းသရော်တဲ့အပြုံးတွေ။"လန်ကျန့်...ငါဒဏ်ရာရထားတယ်"
"ဒါဆို...သေတော့မှာပေါ့...ငါအခေါင်းဝယ်ပေးရမလား...ငိုပေးရမလား...ကျွင်းတူးပေးထားရမလား...ကြိုက်တာပြော"
"အာ! !လန့်ကျန်..."
ဝေ့ရင်းမှာချက်ချင်းငိုမဲ့မဲ့ဖြစ်သွားသည်။
"အိမ်ရှေ့စံဆိုတော့ငါ့ထက်သာတယ်မလား...ထောင်မြင်လို့ရာစွန့်တာသဘာဝကျတယ်လေ...အဟက်...ငါနားလည်ပေးရမှာပေါ့"
YOU ARE READING
PROMISE (YiZhan)(Complated)
Fanfiction2021ဆိုတဲ့ခုနှစ်ကြီးကိုပြန်သွားဖို့မကြိုးစားတော့ဘူးမင်းရဲ့အထိန်းတော်အဖြစ်နဲ့ပဲရှင်သန်တော့မယ်...ဆိုးသွမ်းနေတဲ့လန့်ကျန်ဆိုတဲ့မင်းလေးကိုပဲ့ထိန်းရင်းနဲ့...ဝေ့ရင်းဆိုတဲ့အထိန်းတော်ဘဝမှာပဲငါပျော်မွေ့တော့မယ်..သံယောဇဥ်ဆိုတဲ့နွယ်ကြိုးတွေကမင်းကိုရစ်တွယ်မိနေပြီ...